Part 24

6.4K 374 64
                                        

(Zawgyi)

ဒီနေ့ကျွန်တော် Yun အပြင်တနေရာရာသွားဖို့ ချိန်းထားတယ်... အဲဒါကြောင့်အရင်ကထက် ပိုကြည့်ကောင်းအောင် အထူးတလည်ပြင်ဆင်နေမိတယ်...

Yun က မတွေ့ရတာကြာလို့ အရင်ကထက်ပိုပြီး ချောမောခန့်ညားလာတယ်... အလုပ်တဖက်နဲ့မို့ လူကြီးဆန်ဆန်နေတတ်လာတော့ တမျိုးဆွဲဆောင်မှု ရှိလာတယ်လေ... သူ့ကိုမြင်တာနဲ့ အားကိုးချင်စိတ်တွေ တဖွားဖွားပေါ်လာတဲ့အထိပါပဲ... Shim Changmin အရမ်းကံကောင်းလွန်းတယ်... သူရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားတာပဲ... အခုဆိုရင် ကလေးရှိနေတော့ပိုပြီးတော့ Yun ကို ဆွဲထားလို့ရသွားတာပေါ့...

အာာာ တော်ပါပြီ သူ့အကြောင်းတွေးရတာ အကုသိုလ်များတယ်... သူ့ဘာသာကလေးအကြောင်းပြလဲ ဘာဖြစ်လဲ ကျွန်တော့်မှာလဲ Yun ကိုချစ်တဲ့အချစ်တွေ ရှိနေတာပဲလေ... ပြီးတော့ Yun က ကျွန်တော့်ကို အရမ်းချစ်ခဲ့တာ... အဲဒီ့အချက်တွေနဲ့ပဲ သူ့ကိုပြန်ပြီး ကျွန်တော့်ဘက်ပါအောင် ပြန်ဆွဲဆောင်ရမှာပဲလေ...

ခုလောလောဆယ်တော့ ကျွန်တော်အရမ်းကို ချောမောနေဖို့လိုတယ်... အ၀တ်အစားကိုလဲ သူကြိုက်တဲ့ အစိမ်းရောင်ပေါ်မှာ အဖြူစင်းသေးသေးလေးတွေပါတဲ့ တီရှပ်ခပ်ကြပ်ကြပ်တထည်နဲ့ ဒူးတ၀က်လောက်ရှည်တဲ့ အစိမ်းရင့်ရင့်ဘောင်းဘီကို တွဲဝတ်လိုက်တယ်... အရင်တည်းက သူ့ရဲ့ Crazy colour က အစိမ်းရောင်ဆိုတာ သိနေပေမယ့် ကျွန်တော်ကကျွန်တော်ကြိုက်တဲ့ အနီရောင်ကိုသာ များသောအားဖြင့် ရွေးချယ်ဝတ်ဖြစ်ခဲ့တာပါ...

အားလုံးပြီးစီးသွားတော့ အညိုရောင်ခပ်ဖျော့ဖျော့ဆိုးထားတဲ့ ကျွန်တော့်ဆံပင်ပျော့ပျော့တွေကို လက်နဲ့သပ်တင်ရင်း မှန်ထဲမှာမြင်လိုက်ရတဲ့ ကျွန်တော့်ကိုယ်ကိုကြည့်ကာ အကျေနပ်ကြီးကျေနပ်မိသွားတယ်... Yun လဲ ကျွန်တော့်ပုံစံကိုမြင်ရင် သဘောကျသွားမယ်ဆိုတာ ပြောရဲပါတယ်...

နေပါဦး...တခုလိုနေသေးတာ... ရေမွှေးလေ... Yun နားကပ်ရင် မွှေးပျံ့နေဖို့လိုတာပဲ... ဒါကလဲဆွဲဆောင်မှုတမျိုးပဲဟာ... များပြားလှတဲ့ကျွန်တော့်ရဲ့ ရေမွှေးပုလင်းတွေထဲကနေ ကောင်းနိုးရာရာတခုကို ရွေးချယ်နေမိတယ်... ရေမွှေးအားလုံးက နာမည်ကြီး Brand တွေဆိုပေမယ့် ကျွန်တော့်အကြိုက်ခပ်စူးစူးအနံ့တွေချည်းပါ... ကျွန်တော်အမှတ်ရလိုက်တာက Yun က အနံ့ယဉ်ယဉ်လေးတွေကိုပဲ သဘောကျတာလေ.... ကျွန်တော့်မှာမှမရှိတာ... သွားဝယ်ဖို့ကလဲ အချိန်မရတော့ဘူးလေ...

AFFECTION [Completed]Tahanan ng mga kuwento. Tumuklas ngayon