Part 16

6.8K 386 45
                                        

(Zawgyi)

တကယ်တော့
ကိုယ့်အပေါ်နားလည်မပေးတတ်
အနိုင်ယူရက်စက်တတ်တဲ့သူကိုမှ
အမြဲနားလည်ခွင့်လွှတ်ပေးနေတတ်တာက
ကိုယ့်ကိုသတ်မယ့် လက်နက်ကို
သူ့လက်ထဲအရောက် ထည့်ပေးလိုက်တာပါပဲ
○○○Shim Changmin○○○

မငိုပါနဲ့ Shim Changmin
ဒါကမင်းကိုယ်တိုင်ရွေးချယ်လိုက်တဲ့လမ်းပဲလေ
သူ့ကိုမှမရရင်သေမလိုဖြစ်နေခဲ့တာမလား...??
ဒါက အကင်းပဲရှိပါသေးတယ်
အရင်ကမင်းကိုသူနှိပ်စက်ခဲ့တာ ဒီ့ထက်ပိုဆိုးတာပဲလေ....။

"Shim Changmin ငါ့အ၀တ်အစားတွေကို ဘာလို့မီးပူပြန့်အောင်မတိုက်ထားတာလဲ ငါလို CEO တယောက်က ခုလိုအ၀တ်အစားအတွန့်အကြေကြီးနဲ့ အလုပ်သွားရမှာလား...??"

"Hyung ရယ် တိုးတိုးပြောပါ Omma ကြားသွားပါ့မယ်"

ကျွန်တော့်ရဲ့တောင်းပန်စကားကို Hyung က ပျက်ရယ်ပြုခဲ့တယ်...။ ကျွန်တော်ပြောသမျှကို Hyung က ဂရုစိုက်မတဲ့လား...?? ကျွန်တော်ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ...။ ဗီဒိုထဲကများပြားလှတဲ့ အ၀တ်အစားတွေထဲကနေ တထည်ထုတ်ဝတ်ရင်ရရဲ့သားနဲ့လဲ Hyung ကျွန်တော့်ကိုသပ်သပ်ရစ်နေတာပါ...။

"မင်းအလုပ်လုပ်တာ ထောင့်စေ့နေရင် ငါကပြောနေစရာတောင် မလိုဘူး ငါကလဲလေ မင်းနဲ့စကားတောင်ပြောချင်စိတ်မရှိတာ မင်းကိုမုန်းလွန်းလို့"

သိပါတယ် Hyung ကျွန်တော့်ကိုမုန်းနေမှန်း...။ ဒါပေမယ့်လဲ ခဏခဏတော့ ကျွန်တော်သိအောင် မရေရွတ်ပေးရင်ကောင်းမှာပဲ...။ Hyung ဆီက မုန်းတယ်ဆိုတဲ့စကားတခွန်းက ကျွန်တော့်နှလုံးသားကို အပ်နဲ့တဆစ်ဆစ်ထိုးနေသလိုပါပဲ...။

အခုဆိုရင် ကိုယ်ဝန်နေ့စေ့လစေ့နဲ့အပြင် စိတ်အားငယ်နေရှာတဲ့ Omma ကို ပြုစုစောင့်ရှောက်ဖို့နဲ့ တအိမ်လုံးရဲ့အလုပ်တွေကိုလုပ်ဖို့က ကျွန်တော်တယောက်တည်းရဲ့တာဝန် ဖြစ်နေပြီ...။ ယောင်္ကျားလေးမို့လစ်ဟာတာတွေ ရှိနေတော့လဲ Hyung ရဲ့ ဆူပူခြင်းကိုကျွန်တော်နေ့တိုင်း ခံနေရတယ်...။

ဒါပေမယ့်ကျွန်တော် Hyung ကို နည်းနည်းလေးတောင် စိတ်မကွက်ခဲ့ပါ...။ အခုဆိုရင် ကျွန်တော်က Hyung ရဲ့ တရားဝင်သက်ဆိုင်သူဖြစ်သွားခဲ့ပြီ....။ Jaejoong ကို အားနာမိပေမယ့်လဲ ကျွန်တော်တခါတလေတော့ ကိုယ့်ကိုကိုယ်ပိုပြီးကြည့်ချင်တယ်...။ အထူးသဖြင့် Hyung နဲ့ ပတ်သတ်ရင်ပေါ့...။

AFFECTION [Completed]Where stories live. Discover now