(Zawgyi)
စည်ကားသိုက်မြိုက်တဲ့ မင်္ဂလာပွဲကြီးတခု...
စင်ပေါ်မှာရပ်နေတဲ့သတို့သား Dr.Choi ဆီသို့ ဖခင်ရဲ့လက်ကိုဆွဲကိုင်ကာ ရှက်ပြုံးလေးပြုံးရင်း လှမ်းလျှောက်လာသူက ပြည်သူ့အချစ်တော် Kim Jaejoong ရယ်ပါ...နောက်ဆုံးတော့လဲ Jaejoong တယောက် သူ့ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားပြီပေါ့... စတွေ့ကာစက အရယ်အပြုံးမရှိ မျက်နှာထားတည်တင်းလှတဲ့ Jaejoong အခုတော့လဲ အမြဲတမ်းလိုလို အပြုံးပန်းတွေပွင့်လန်းနေခဲ့ပြီပဲ...
ဖာသာရဲ့ရှေ့မှာတဦးနဲ့တဦး သစ္စာတိုင်တည်နေကြတဲ့ သူတို့နှစ်ယောက်ကို ကျွန်တော်ငေးကြည့်နေရာမှ ကျွန်တော့်ရဲ့ဘေးမှာထိုင်နေတဲ့ Minnie ကို ငဲ့စောင်းကြည့်မိတော့ အားကျသောမျက်ဝန်းများနဲ့ စင်မြင့်ထက်ကိုငေးနေတာတွေ့ရတယ်...
ဟုတ်သားပဲ သူနဲ့ကျွန်တော်လက်ထပ်စဉ်က ဒီတိုင်းတရားရုံးမှာ လက်မှတ်သွားထိုးရုံသာ... ထိုအချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လဲ လက်မခံခဲ့တဲ့မင်္ဂလာပွဲမို့ ပြီးပြီးရောခပ်လွယ်လွယ်ပဲ လုပ်ဖြစ်ခဲ့ကြတာ.. သူ့စိတ်ကူးထဲမှာတော့ ချစ်သူနဲ့အတူတူ အခုလိုမျိုးလက်ထပ်ချင်ရှာမှာပဲလေ...
"Minnie ahh အားကျနေတာလား...?? ကိုယ်တို့ရောအဲလိုပြန်လက်ထပ်မလား..??"
သူ့လက်လေးကိုဆုပ်ကိုင်ကာ ကျွန်တော်ခပ်တိုးတိုးမေးတော့ သူငဲ့စောင်းကြည့်ရင်း အပြုံးလေးနဲ့ခေါင်းခါပြတယ်...
"Hyung အခုလို Minnie ဘေးမှာရှိနေတာကပဲ Minnie အတွက် အကြီးမားဆုံးလက်ဆောင်ပါ မင်္ဂလာပွဲကို တခမ်းတနားကျင်းပနေစရာ မလိုပါဘူး Hyung ရယ်"
နေရာတကာရောင့်ရဲနိုင်လွန်းတဲ့ Minnie ပါပဲ... သူ့ရဲ့အခုလိုဖြူစင်လွန်းတဲ့ စိတ်ထားလေးနဲ့ပဲ ကျွန်တော့်နှလုံးသားကို အပိုင်သိမ်းသွားနိုင်ခဲ့တာလေ... ကျွန်တော်တို့တယောက်ကိုတယောက် အချိန်အတန်ကြာတဲ့အထိ ပြုံးကာစိုက်ကြည့်နေမိသေးတယ်... ကျွန်တော်ကတော့သူ့ကို တဖြည်းဖြည်းနဲ့ ပိုပိုချစ်မိနေတာ သေချာနေပါပြီ...
Jaejoong သူကိုင်ထားတဲ့ပန်းစည်းကို နောက်ပြန်လှမ်းပစ်လိုက်တော့ ကောင်မလေးတွေ ကောင်လေးတွေ အသဲအသန်ဝိုင်းလုကြပေမယ့် ပန်းစည်းကသူတို့လက်တွေကြားကနေ လွင့်ထွက်ကာ လူမတိုးနိုင်လို့ ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်ငေးနေတဲ့ Junsu ရဲ့ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားရှာတယ်...
YOU ARE READING
AFFECTION [Completed]
FanfictionHomin (Slightly Rated) (Uni + Zawgyi) ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ ကျွန်တော်ရင်အနာခံပြီး ချစ်တဲ့သူကိုရွေးခဲ့တာပဲ ဒါပေမယ့်လဲ.... နာကျင်မှုတွေများလာတဲ့အခါ နားခိုရာကိုရှာချင်လာမိတယ် ကျွန်တော်မှားသလား...??? ○○○Jung Yunho○○○ အချစ်ရဲ့နောက်မှာ အတ္တ...