ကျွန်တော်သူ့ကို အတန်ကြာ ပြုံးကြည့်နေမိပြီးမှ
တစ်ဖက်လှည့်ကာ အိပ်လိုက်သည်...စောင်ပုံထဲက ကောင်လေးရဲ့ ၀ုန်းဒိုင်းကြဲနေသောရင်ခုန်သံတွေကိုသာ ခုတင်တစ်ဖက်စွန်းက ကောင်လေး ကြားနိုင်ခဲ့ရင်......
°•°•°•°•°•°•°•°•Hey Doctor °•°•°•°•°•°•°•°•°
''၀ါး............''
ပျင်းရိစွာဖြင့် သန်း ရင် ကျွန်တော်အိပ်ရာမှ ထ ထိုင်လိုက်သည်.....
ဘေးကိုတစ်ချက်လှည့်ကြည့်လိုက်တော့
ဟိုပိစိ ရှိမနေ..စမ်းကြည့်တော့လဲ အေးစက်နေတဲ့
အိပ်ရာခင်းရဲ့အထိအတွေ့ကြောင့် သူထသွားတာကြာပြီဖြစ်ကြောင်းသိလိုက်သည်...စောစောစီးစီး ဘာထလုပ်ပါလိမ့်.....
ဘာမှလဲအလုပ်မရှိ..ရှိ...OMG...ဒီနေ့သူ့ကို ကျောင်းလိုက်ပို့ရမှာပဲ...
သေစမ်း..မေ့နေတာ....ပြာပြာသလဲဘေးကနာရီကို ကြည့်တော့
၇နာရီ...
ဟူး...တော်ပါသေးရဲ့..အချိန်မှီသေးလို့.....ကမန်းကတန်းထကာ ရေချိုးခန်းဝင်လိုက်ရသည်.....
ကျွန်တော်အားလုံးပြင်ဆင်ပြီး၍ အောက်ဆင်းသွားတော့
မီးဖိုခန်းထဲမှာ မနက်စာပြင်နေသော ပိစိအားတွေ့ရသည်....ဖင်လေး တလှုပ်လှုပ်နဲ့ သီချင်းညည်းရင်း
ပေါင်မုန့်ကို ယိုသုတ်နေပုံက အသည်းယားစရာ....ဒီကလေးစုတ် တော်တော်ချစ်ဖို့ကောင်းတာပဲ.....
တဖြည်းဖြည်းနဲ့ စိတ်ထဲထင်လာတာက
Byun Baekhyunနဲ့ Wu Baekhyunဟာ ရုပ်မတူပါဘူးလို့.....အမှန်တကယ်တန်းကျတော့ တော်တော့်ကို ဆင်တာပါ..
ဒါပေမယ့် ကျွန်တော့်စိတ်က တူတယ်လို့ တဖြည်းဖြည်းနဲ့ မသတ်မှတ်ချင်တော့ဘူး...
ဒီပိစိByun baek..ကျွန်တော့်ရင်ထဲတဖြည်းဖြည်းနေရာယူလာလို့လဲပါတာပေါ့... သူတို့၂ယောက်ကို သတ်သတ်စီ ခွဲမြင်လာသလိုလို....
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//