''Yeolအခုကျွန်တော့်ကို ရူးနေတယ်လို့ပြောချင်တာလား.....''အံ့သြရိပ်များလွှမ်းသော မျက်ဝန်းတို့ဖြင့် Baekhyun
Chanyeolကိုကြည့်ကာမေးသည်....''ကလေး...ကိုယ်ရှင်းပြ.....''
''ဘာကိုရှင်းပြမလို့လဲ....ခင်ဗျားအခုလုပ်လိုက်တဲ့လုပ်ရပ်က ကျွန်တော့်ကိုရူးနေတယ်လို့သွယ်ဝိုက်သောနည်းနဲ့ပြောလိုက်တာပဲလေ.....ခင်ဗျားဗျာ......''
နှုတ်ခမ်းဖျားလေးများတဆတ်ဆတ်တုန်လာမတတ်....
မျက်ဝန်းအိမ်မှ ပုလဲဥတို့ ကြွေလုမတတ်.....Baekhyun Chanyeolအား မယုံကြည်နိုင်သောအကြည့်တို့ဖြင့် စူးစိုက်ကြည့်နေသည်......
''ကိုယ် တိကျတဲ့အဖြေတစ်ခုရမှဖြစ်မယ်လေ.....
နေ့စဉ်ရက်ဆက် ကလေးခုလိုဖြစ်နေတာတွေမြင်နေရတာ
ကိုယ်ဘာမှမခံစားရဘူးထင်လို့လား......
နာကျင်ရတယ်သိလား.....ကိုယ်တစ်ယောက်လုံးအနားမှာရှိနေလျက်နဲ့ မစောင့်ရှောက်ပေးနိုင်တဲ့ခံစားချက်ကလေ....နှလုံးသားတွေပွင့်ထွက်မတတ် နာကျင်ရတယ်ဆိုတာ ကလေးသိလား....!!.''Chanyeolပြောနေရင်းပင် မျက်လုံးများနီလာကာ
မျက်ရည်များကျလာသည်......အခြေအနေမဟန်တော့သည်မို့ Krisဘေးကနေချောင်းဟန့်လိုက်ရသည်...
''အဟမ်း...Chanyeol shi...အပြင်ထွက်ပေးပါ..ကျွန်တော် လူနာနဲ့စကားပြောရမှာမို့....''
''ကျွန်တော် ခင်ဗျားလူနာမဟုတ်ဘူး....''
ခပ်စူးစူးကြည့်ကာ တုန့်ပြန်လိုက်သော Baekhyunကြောင့် Krisခေါင်းတဆတ်ဆတ်ငြိမ့်သည်....
''ဟုတ်ပါပြီ...Baekhyun shi...Baekhyun shiမှာ စိတ်ရောဂါမရှိဘူးဆိုတာကို ကျွန်တော်တို့ အတည်ပြုဖို့လိုတာမို့ ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူဆွေးနွေးပေးပါ.....ဒါမှသာ နောက်ဆက်တွဲကျွန်တော့်တို့ဘာလုပ်ရမလဲ သိရမှာလေ....''
Baekhyun မျက်ဝန်းတည့်တည့်ကြည့်ကာ ခပ်အေးအေးပြောလာသောKris....
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//