''ငါလေ....ငါဆုံးဖြတ်လိုက်ပြီ Chanyeollie....''တုန်ရီစွာ မြောက်တက်လာသော လက်သွယ်သွယ်....
ကျွန်တော့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသော လက်ဖ၀ါးနုနု.....သူ့အထိအတွေ့ကို ကျွန်တော်ခံစားလို့ရနေတယ်....
လူတစ်ယောက်လောက် မနွေးထွေးပေမယ့် ထိတွေ့နေတယ်ဆိုတဲ့အသိကို ကျွန်တော်ခံစားမိနေတယ်......''၀ိဥာဉ်ရဲ့ စိတ်အားထက်သန်မှုအလိုက်
အာရုံငါးပါးကို လိုသလို ဖြစ်စေနိုင်တယ်.....''ခေါင်းငိုက်စိုက်ချကာ ပြောပြလာတဲ့ Yifan....
စိတ်အားထက်သန်မှုအလိုက်.......
ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားဆဲ သူ့အထိအတွေ့လေးကို ကျွန်တော်ခံစားမိနေဆဲ......
တဆက်တည်း ရင်ထဲလဲထိတ်သွားရသည်.....
*သူဘာလုပ်ဖို့ စဉ်းစားနေတာလဲ......''
မျက်စိရှေ့က ပုံရိပ်လွှာလေးက ကျွန်တော့်ကို စူးစိုက်ကြည့်နေရာမှ မျက်လွှာချသွားသည်......
သူ့ရဲ့ ကျန်ရှိနေသေးတဲ့ လက်တစ်ဖက်ရဲ့ ဦးတည်ရာက ကျွန်တော့်ချစ်သူဆီ..........
ထို့နောက် ဆုပ်ကိုင်ထားသော လက်နှစ်ဖက်အား ထပ်တူကျစေလိုက်သောသူ...........
မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားသော အခြေအနေများကြား ကျွန်တော်မင်သက်မိနေဆဲ.......
##sigh##
သက်ပြင်းချသံသဲ့သဲ့.....
''Baekhyun ..shi....''
ကလေးဘက်လှည့်ကာ ခေါ်လိုက်သောသူ......
''ကျေးဇူးပြုပြီး...ရှေ့လျှောက်..ငါ့အစားသူ့ကိုစောင့်ရှောက်ပေးနိုင်မလား......သူက....အင့်....''
ရင်ထဲမှ နင့်တက်လာသော ခံစားမှုကြောင့် စကားမဆက်နိုင်ဘဲ တစ်ချက်ရှိုက်မိသည်......
ဝိဥာဉ်ဆိုပေမယ့်လည်း ဒီဖြစ်တည်မှုက သူတစ်ယောက်တည်းကို အရင်းခံထားပြီး သူ့ကြောင့်သာ ဒီဘ၀ကို ကျေကျေနပ်နပ်လက်ခံထားတာမဟုတ်လား.........
VOCÊ ESTÁ LENDO
Hey Doctor ♡ ♡ [Completed]
Diversosအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//