''ချောက် ''
တံခါးပွင့်သွားပြီ.......
စိတ်ကို အတတ်နိုင်ဆုံးတင်းကာ
တံခါးအား ဖြည်းဖြည်းချင်းစီ တွန်းဖွင့်ပြီိးနောက်...မြင်လိုက်ရသော မြင်ကွင်းကား......
ဘေစင်မှ နည်းနည်းချင်းစီကျနေသောရေစက်များ....
ရေကျရာ အပေါက်အား ပိတ်ထားသောကြောင့်
ဘေစင်ထဲရေပြည့်ကာ အပြင်ကို လျှံထွက်လာခြင်းပင်.....''ဟူး.....ငါအကြောက်လွန်နေတာပဲ....''
Baekhyunသက်ပြင်းချကာ ရေသွားပိတ်လိုက်သည်....
ရုတ်တရက် မှန်ထဲမှ မြင်လိုက်ရသော အရိပ်တစ်ခု...
''ဘယ်သူလဲ.!!...''
ရေချိုးခန်း အနှံ့လိုက်ကြည့်သော်လည်း သက်ရှိဟူ၍ သူမှလွဲ၍ ပိုးဟပ်တစ်ကောင်တောင်မရှိ.....
ထိုစဉ် စိမ့်အေးအေးလေတစ်ချက် ဝေ့လာကာ...
ပုခုံးမှာ လာထိသော အေးစက်စက်အထိအတွေ့....''မင်းငါ့ကိုရှာနေတာလား......''
တစ်ကိုယ်လုံးရှိအားအင်များ ဆွဲထုတ်ခံလိုက်ရသလို
လူက ခွေယိုင်လဲမတတ်ပင်ဖြစ်သွားရသည်......သို့သော်..Baekhyunလှည့်မကြည့်ဖြစ်......
အော်ဖို့ရန်လည်း သတိမရ......
ပုခုံးပေါ်က အေးစက်စက်လက်က သူ့ပုခုံးကို ပိုမို ဖြစ်ညှစ်လာသောအခါမှသာ
အစွမ်းကုန် စိတ်ကိုတင်း၍ သူနောက်လှည့်ကြည့်မိသည်........
ဖြူဆုတ်နေသော မျက်နှာနှင့် ပြာနှမ်းနေသော နှုတ်ခမ်းများ.......
ဦးခေါင်းထက်စီမှ တတောက်တောက်ကျနေသော ရေစက်များ........မျက်ဆံမရှိသော မျက်ဝန်းဖြူဖြူများကသွေးပျက်ဖွယ်.....
''အား..!!!!!!!!!!!!....''
''ကလေး...ကလေး...သတိထားလေ...ကိုယ်လေ...
သတိထားပါဦး...''
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//