......အိမ်............
တစ်နည်းအားဖြင့် သူနဲ့ကျွန်တော့်အတွက်
သီးသန့် အချစ်ကမ္ဘာလေးတစ်ခု.......ထိုကမ္ဘာငယ်လေးထဲ က အစိတ်အပိုင်းတစ်ခုဖြစ်သည့်
ကျွန်တော်တို့ အနားယူအိပ်စက်၇ာနေရာ....
တစ်နည်း အားဖြင့် အိပ်ခန်း......တိတိကျကျပြောရသော် .....ကျွန်တော့အခန်းမဟုတ်သော သူ့အခန်း......
ဖြူဖွေးအိစက်နေသော မွေ့ယာထက်ဝယ်
ကျွန်တော် ငုတ်တုတ်လေးထိုင်နေကာ ဦးခေါင်းထကိဆီမှ အထိအတွေ့လေးတွေကိုခံစားနေလိုက်သည်....ဆံပင်များအား သဘက်ဖြင့် နူးညံ့စွာ ပွတ်သပ်စုတ်ပေးနေသော သူ့လက်ခေါင်းလေးများ၏ အထိအတွေ့တွေထဲ ကျွန်တော်စီးမျောနေလိုက်သည်....
ကျွန်တော့်ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ကျယ်ထဲဝင်လုနီးနီးအခြေအနေ......
အခန်းထဲက ခပ်တိုးတိုးထွက်နေသောHeater၏ အသံနှင့် ကျွန်တော့ဆံပင်နှင့် သဘက်ပွတ်တိုက်မှုမှ
ထွက်လာသော အသံမှတစ်ပါး ပကတိတိတ်ဆိတ်လျက်.......''သဘောကျလား ကလေး...''
ခပ်အုပ်အုပ်ထွက်လာသော အသံက အခန်းထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သလို ငြိမ်သက်စပြုနေသော
ကျွန်တော့်ရင်ကိုလဲ လှိုင်းအနည်းငယ်ထစေသည်.......''ဘာကိုလဲ yeol..''
ခေါင်းလေးနောက်ဘက်အသာစောင်းကာ
သူ့ကိုပြန်မေးလိုက်သည်....ကျွန်တော့်ခေါင်းကို ထိတွေ့နေသော သူလက်များ
ကျွန်တော့်ခါးထက်နေရာယူလာသည်..ကျွန်တော့်တစ်ကိုယ်လုံးကို ရင်ခွင်ထဲမြုပ်နေအောင်
သူဆွဲသွင်းလိုက်ရင်း...''ကိုယ် ကလေးကို ခေါင်းသုတ်ပေးတာကိုလေ....
နောက်ပြီး .....ခုလိုလေးဖက်ထားပေးတာ...''မကျယ်ပေမယ့် ကျွန်တော်တို့၂ယောက်ကြား
ကောင်းကောင်းကြားနိုင်လောက်သော အသံဖြင့်
ကျွန်တော့် ပုခုံးပေါ်မေးတင်ရင်း ပြောလာသည်.....
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//