~~Final~~

10.9K 517 17
                                    


ရက်​မှလသို့​ တဖြည်းဖြည်း​ပြောင်းလာပြီး​နောက်​...
အရာအားလုံးသည်​ သူ့​နေရာနှင့်​သူ ​နေသားတကျဖြစ်​၍သွား​ပေပြိ​.....

ကျွန်​​တော်​သည်​လည်း စာ​မေးပွဲ​ဖြေပြီး၍ အားလပ်​​နေချိန်​...Yeolအလုပ်​လုပ်​​နေ​သော ​ဆေးရုံကလဲ အ​ကြောင်းတစ်​ခု​ကြောင့်​ယာယီပိတ်​ထားချိန်​ ဖြစ်​​နေ၍
ကျွန်​​တော်​တို့နှစ်​​ယောက်​၏ကမ္ဘာ​​လေးအတွက်​ ​နေ့ရက်​တိုင်းသည်​ လှပလျက်​ရှိသည်​.....

Yifan Hyungသည်​လည်း ကျွန်​​တော်​တို့နှင့်​အ​တော်​​လေးပင်​ရင်းနှီး​နေ​ပေပြီ......
Dutyချိန်​ပြီးလျှင်​ အား​နေ​သော​ကြောင့်​ ပျင်းလို့ဟုဆိုကာ ကျွန်​​တော်​တို့လမ်းထိပ်​တွင်​ ​အလှ​မွေးငါး​​လေး​တွေ​ရောင်းသည့်​ဆိုင်​အ​သေးစား​လေးဖွင့်​ထား​သေးသည်​......

တစ်​ခါကYifan Hyungနှင့်​ ဟိုလူကြီး ​ပေါင်းကာ ကျွန်​​တော်​စိတ်​ဆိုး​အောင်​ လိုက်​စ​သော​နေ့...

ကျွန်​​တော်​​ဒေါသထွက်​စွာ ထိုငါးကန်​​လေး​တွေထဲမှ ငါးများကို ဟင်းခပ်​ဇွန်းကြီးဖြင့်​ အားရပါးရ သွား​မွှေလိုက်​​သော​ကြောင့်​ ငါးက​လေး​တွေခမျာ ၄ပုံ ၃ပုံ​လောက်​​သေ သွားရှာသည်​.....

ထို့​နေ့ ထိုအချိန်​မှစ၍ Yifan Hyungသည်
ကျွန်​​တော်​စိတ်​ဆိုး​အောင်​စဖို့မ​ပြောနှင့်​...
ပြောင်​​တောင်​မပြရဲ​တော့......

ဟင်းခပ်​ဇွန်းပါဝါ is not joke..😊😊

ဒါ​ပေမယ့်​ ဟိုကြည့်​မ​ကောင်းရှုမ​ကောင်း ကလန်​ကလားနဲ့လူကြီးက​တော့ စမြဲ စဆဲ စလတ္တံ့.......

ဒီ​နေ့လဲအိမ်​​ဘေးနားက ကွက်​လပ်​​လေး​တွင်​ ​ခေါင်း​လေးငုံ့ကာ ငိုမဲ့မဲဖြင့်​ထိုင်​​နေ၍ ဘာဖြစ်​တာလဲ ဟု​မေးမိရာ.....

Linerဘူး​လေး​တွေ ဆုံးသွားလို့ ​မြေမြုပ်​သဂြိုဟ်​ပွဲ ကျင်းပ​ပေး​နေသည်​ တဲ့​လေ.....

ကျွန်​​တော်​ ​ခေါင်း​တွေပင်​ကြီးသွားကာ အခန်းထဲဝင်​ကြည့်​​တော့ တကယ်​တကယ်​...ကျွန်​​တော့်​Liner​လေး​တွေသည်​ စားပွဲ​ပေါ်နှင့်​ မှန်​​ပေါ်တွင်​ မွစာကျဲကာ မြင်​ရက်​စရာပင်​မရှိ.......

Hey Doctor ♡ ♡ [Completed]Donde viven las historias. Descúbrelo ahora