စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော ခြေတို့ကို ခွေမကျအောင် အနိုင်နိုင် ထိန်းကာ
သူရှိရာ အခန်းဘက် အမြန်ဆုံးပြေးလာခဲ့သည်.......''သွား....ထွက်သွားပါ...ကျေးဇူးပြုပြီး...
မင်းထင်သလိုမဟုတ်ပါဘူး....ငါ..မင်းထင်သလိုလုပ်ခဲ့တာမဟုတ်ပါဘူး.....ကျေးဇူးပြုပြီး ထွက်သွားပါ...!!! ''အခန်းဝက ကြားလိုက်ရသော အသံစူးစူးကြောင့်
ဝင်အံ့ဆဲဆဲခြေလှမ်းတို့အလိုလို ရပ်သွားရသလို
ဒေါသကလည်း ထောင်းခနဲ.....ကျွန်တော့်ချစ်သူကို ဘယ်သူကများ ဒေါသထွက်အောင်လုပ်နေတာလဲ....
နေမကောင်းသေးတဲ့ ကလေးကို
ဘယ်အကုသိုလ်ကောင်ကများ ဒီလောက်ထိ ဒေါသထွက်အောင် လုပ်ရတာလဲ.....အခန်းတံခါးအား ဆတ်ခနဲ ဆွဲဖွင့်ကာ
ဘယ်သူမှန်းမသိသေးသော ထိုလူအား
ရန်တွေ့မည်ပြုလိုက်သော်လည်း...မြင်လိုက်ရသော မြင်ကွင်းက
ကျွန်တော့်ကို အံ့သြမင်သက်စေသည်........Baekhyunရယ်လေ.....
ဘယ်သူမှရှိမနေသော အခန်းထောင့်တစ်နေရာကို
အခန်းထဲက ပစ္စည်းတွေနဲ့ကောက်ပေါက်နေတာ.....မျက်ရည်တွေနှင့် သူ့မျက်နှာလေးသည်...
နီရဲနေသည်မှာ မြင်မကောင်း.....အခုမှ သတိရခါစ လူတစ်ယောက်က
ဘာမှမရှိသော နံရံကို အနားမှရှိသမျှပစ္စည်းတွေနဲ့
ကြောက်လန့်တကြားကောက်ပေါက်ကာ..
ပါးစပ်ကလည်း ထွက်သွားပေးရန်.....တောင်းဆိုနေသည်....ဒီမြင်ကွင်းက ကျွန်တော့်ကို အနည်းငယ်တော့သွေးပျက်စေသည်........
''ကလေး.......''
ငြင်သာစွာဖြင့်ခေါ်လိုက်သော ကျွန်တော့်အသံကို
ကြားတော့ မျက်ရည်များဖြင့် သူလှည့်ကြည့်သည်....အားကိုးရသွားသော ကလေးတစ်ယောက်သဖွယ်...
ကုတင်ပေါ်မှပြေးဆင်းကာ ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ငိုရှိုက်သည်......
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//