Kyung sooကိုသွား၃၂ချောင်းလုံးပေါ်အောင်
ဖြီးပြကာ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး
ဆေးရုံထဲကပြေးထွက်လာလိုက်သည်.....သွက်လက်သောခြေလှမ်းများဖြင့် သူ့ပိစိဆီသို့.....
ဟူး...ကလေးတော့ ဗိုက်ဆာနေတော့မယ်........
ခပ်သွက်သွက်ခြေလှမ်းများဖြင့်ဆေးရုံအပြင်ကိုထွက်လာမိတော့ ဆီးကြိုနေတာက မှိုင်းညှို့ညှို့မိုးသားပြင်....
မိုးရွာမယ်ထင်တယ်...
ကလေးဘယ်မှာလဲမသိဘူး..
မိုးမရွာခင်သူ့ကိုရှာမှဖြစ်မယ်....ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီး
Message ဆိုသောနေရာလေးအားထောက်လိုက်သည်....''Baekဘယ်မှာလဲ...ကိုယ်အပြင်ရောက်နေပြီ..''
အပိုအလိုမပါသော စာတိုလေးအားသူ့ဆီပို့လိုက်ပြီးနောက်မိနစ်ဝပ်လောက်အကြာ ဖုန်းမီးလေးလင်းလာသည်...
''ဆေးရုံနားက ကစားကွင်းမှာ...
ကျွန်တော်ဗိုက်ဆာနေပြီမို့မြန်မြန်လာခဲ့ပါ..''ဖုန်းလေးကြည့်ကာ ပြုံးမိရင်း သူပြောသောနေရာသို့သွားလိုက်သည်...
ကောင်းကင်ကတစ်ဖြည်းဖြည်းပိုအုံ့မှိုင်းလာကာ
မိုးစက်လေးတွေပင်တစ်စတစ်စ ကျလာလေပြီ...
ကလေးကိုကား ရှာမတွေ့သေး.....အတန်ကြာရှာပြီးနောက် ဒန်းလေးတစ်ခုပေါ်တွင်ထိုင်နေသော သူ့အားတွေ့လိုက်ရသည်...
မပြေးရုံတမယ်ခြေလှမ်းကြဲများဖြင့်သူ့ဆီသွားလိုက်ပြီး
သူ့အားခါးထောက်ကာ ငုံကြည့်လိုက်ပြီး အလှဆုံးပြုံးပြလိုက်သည်....''ကဲ... သခင်လေး..ကျွန်တော်မျိုးရောက်ပါပြီ...
မိုးတွေရွာနေတာကို ဒီတိုင်းထိုင်နေရသလား..
ထ..ဗိုက်ဆာနေတယ်ဆို...''''ကျွန်တော့်ကိုဆွဲထပါ...''
လက်လေးနှစ်ဖက်အား ကျွန်တော်ရှိရာဆီ ကမ်းပေးပြီး
ချစ်စဖွယ်ပြုံးပြကာ ပြောလာသော သူ့စကားကို
ကျွန်တော်မလွန်ဆန်နိုင်....
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//