''မတွေ့တာကြာပြီနော် Chanyeollie....
ကျွန်တော် Wu Baekhyunပါ....မင်းငါ့ကိုမှတ်မိမယ်ထင်ပါတယ်....''''ဘာရယ်....''
ဆုပ်ကိုယ်ထားသော လက်လေးအား အလန့်တကြားလွှတ်ချပြီး ခြေတစ်လှမ်းဆုတ်မိတော့
ကုတင်ပေါ်က ကောင်လေးက ခပ်ဟဟရယ်သည်.....''သိပ်များလန့်သွားသလား Chanyeollie..
မမျှော်လင့်ထားခဲ့ဘူးမဟုတ်လား....''မျက်ဝန်းတည့်တည့်ကို စူးစူးစိုက်စိုက်ကြည့်ပြီးပြောလာသောသူ.......
ကျွန်တော်ချစ်ရသော Byun Baekhyunဆိုသည့်ကလေးငယ်သည် ဘယ်သောအခါမှ လူတစ်ယောက်၏မျက်ဝန်းကို တည့်တည့်ကြည့်ကာစကားမပြော.....
နှုတ်ခမ်းကိုသာ ကြည့်ကာ ပြောတတ်သူ.....
သို့သော်.....
အတိတ်တစ်ချိန်က ချစ်ဖူးခဲ့သူ...Wu Baekhyun....
ထိုသူမှာ မည့်သူ့ကိုမဆို မျက်ဝန်းတည့်တည့်စိုက်ကြည့်ကာ ရဲဝံ့စွာပြောဆိုတတ်သူ.......
Chanyeollie.......
ထိုအသုံးအနှုန်းသည်လည်း Wu Baekhyunတစ်ယောက်တည်းကသာ ခေါ်ဝေါ်သော အသုံးအနှုန်း.....
သေချာသည်.....
မျက်စိရှေ့ရှိနေသူမှာ....
Byun Baekhyunမဖြစ်နိုင်.........''ဘယ်..ဘယ်လိုလုပ်ပြီး....''
''အရမ်းကိုစိတ်အားငယ်နေပြီး စိတ်တွေဂယောက်ဂယက်ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ခဏငှါးဖို့ဆိုတော့ ခက်တဲ့ကိစ္စမှမဟုတ်ပဲ Chanyeollieရယ်.....ဟက်..''
ဆံနွယ်ဖြူဖြူများလှုပ်ခတ်သွားသည်အထိ....
နှုတ်ခမ်းပါးပေါ်ကမှဲ့နက်ကလေး နေရာရွေ့သွားသည်အထိ....သူရယ်သည်......
''ဘာအတွက်လဲ.......
သူ့ကိုယ်ထဲ ၀င်နေရတဲ့ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ...
သူ..သူရော..ဘာဖြစ်သွားပြီလဲ.....''''သိပ်မစိုးရိမ်ပါနဲ့ Doctorရယ်....သူ့စိတ်ဝိဥာဉ်လေးက ခဏလောက်အိပ်ပျော်နေယုံလေးပါ....အင်း...မင်းနဲ့ငါ စကားနည်းနည်းပြောစရာရှိလို့လေ....''
YOU ARE READING
Hey Doctor ♡ ♡ [Completed]
Randomအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//