ရှက်ရမ်းရမ်းကာ စားပွဲခုံကိုပါဝင်တိုက်ပြီး အိမ်ပေါ်တပ်ပြေးသွားသော ပိစိအား ရယ်မော၍ငေးကြည့်နေမိလိုက်သည်......
သူလေးရင်ခုန်သွားတဲ့ပုံပင်....
ကျွန်တော်အပေါ်ထပ်ပြေးတက်ကာ အခန်းတံခါးပိတ်ပြီး
တစ်ယောက်တည်း ကြိတ်ပျော်နေသည်....သူ့ဘက်ကသာဘာရယ်မဟုတ်ရိုးရိုးသားသားစနောက်လိုက်ခြင်းဖြစ်ပေမယ့်...
ကျွန်တော့်ဘက်က သူ့ကို ရိုးသားတာမှမဟုတ်ပဲလေ...သူအမှတ်တမဲ့ပြောလိုက်တဲ့စကားက
ကျွန်တော့်ရင်ကို တကယ်လှုပ်ခတ်စေနိုင်စွမ်း လွန်းပါတယ်....ခုတင်ပေါ်အချိန်အတော်ကြာလူးလှိမ့်နေသောလဲ
ပြုံးနေသောမျက်နှာကြီးကတည်မသွား..သူပြောတဲ့အတိုင်းသာ တကယ်ဖြစ်လာရင်ဆိုသော
အတွေးကြီးက စိတ်ထဲဝင်လာတိုင်း ရင်ထဲ ဘိုးသိုးဘတ်သက်....နည်းနည်းစိတ်ငြိမ်သွားအောင်ဆိုပြီး
လေကောင်းလေသန့်ရှူရန် ၀ရန်တာဘက်ထွက်လာလိုက်သည်......လက်နှစ်ဖက်ကိုဆန့်၍ရင်ကိုဖွင့်ကာ
လေအေးအေးလေးကို အားပါတရရှူချလိုက်သော
ထိုကောင်လေးအား ကျွန်တော်ငေးကြည့်နေမိသည်...ကျွန်တော်ရှိနေတာကိုတောင် သတိမထားမိတဲ့ပုံပင်....
လေတစ်ချက်အဝှေ့တွင် လှိုင်းထသွားသော
နဖူးပေါ်ကဆံပင်ဖြူဖြူလေးတွေနှင့် ညရဲ့လရောင်က
အပ်စပ်စွာ....လေကောင်းလေသန့်ကို လန်းဆန်းစွာအားရပါးရရှူရိုက်နေသော သူ့အသွင်က ကျွန်တော့်စိတ်ကို အေးချမ်းစေသည်.....
အချိန်တိုလေးအတွင်းမှာပင်
ကျွန်တော့်ရင်ထဲ လိုအပ်တာထက်ပို၍နေရာယူလာသော
Byun Baekhyun.....Wu Baekhyunကိုပင် မေ့နိုင်သွားလောက်အောင်
ကျွန်တော့်အာရုံတွေကိုဖမ်းစားထားနိုင်သော
Byun Baekhyun....
ESTÁS LEYENDO
Hey Doctor ♡ ♡ [Completed]
De Todoအစားထိုးချစ်ခဲ့တာမဟုတ်သလို မင်းကို ''သူ''လို့ သဘောထားပြီးချစ်ခဲ့တာလဲမဟုတ်ဘူး.. Wu Baekhyunမဟုတ်တဲ့ Byun Baekhyunကို ချစ်တာမို့ မင်းကို Wu Baekhyunလို့ဘယ်တော့မှမြင်မှာမဟုတ်ဘူး.. မင်းကအမြဲByun Baekhyunပဲ... //2nd creation//