L.L.L- part-1

851 62 0
                                    

Last Lily,Last Love & Last Heaven (L.L.L)
************************ *********************
Part-1
************************ **********************
" ဒါကျွန်မ သားအကြီးဆုံးလေ"
"သူဌေးကတော်တို့များ သားတွေကို အခုမှပဲထုတ်ပြတော့တယ်"
Yunho တစ်ယောက် သူ့အမေနဲ့ဧည့်သည်တွေပြောတာကို ငြိမ်ငြိမ်လေးနားထောင်နေလိုက်သည်။
တွေ့တဲ့လူမှန်သမျှပြုံးပြ၊ အလိုက်သင့်စကားတွေပြောရင်းစိတ်ရင်းမှန်တွေမပါတဲ့ ပါတီပွဲတွေကို အမှန်တကယ်တော့ သူမနှစ်သက်ပါ။
သူမနှစ်သက်ပေမယ့် သူ့အမေနှစ်သက်တာမို့ Yunho မငြင်းဆန်ပါ။ သူက အမြဲမိဘစကားနားထောင်နေခဲ့သူပင်။
" သားလေးတွေကအရွယ်ရောက်နေပြီပဲ အိမ်ထောင်မပြုပေးသေးဘူးလား"
"စဉ်းစားနေဆဲပါပဲ အစ်မကြီးရယ်သင့်တော်တဲ့သူတွေ့ရင်ပြောပါဦး"
"စိတ်ချပါ သူဌေးကတော်ရယ်....."
Tri-Angle လုပ်ငန်းစုရဲ့ CEO နေရာဆက်ခံရမည့်သူမို့ သူ့ကိုလိုချင်သူကတော့ရှားမှာမဟုတ်။
ဒါပေမယ့် သူလိုချင်တာက တကယ့်အချစ်စစ်တစ်ခု။ သူကိုယ်တိုင်ချစ်ချင်တဲ့ အချစ်စစ်တစ်ခုပင်။
Yunho သက်ပြင်းချလိုက်တာကို Mrs. Jung မြင်သွားပြီး..
" သားဘာဖြစ်လို့လဲ နေမကောင်းဘူးလား "
"နေကောင်းပါတယ် မေမေ "
"ဟုတ်ရဲ့လားသား အိမ်ပြန်နှင့်မလား "
"ရပါတယ် ကျွန်တော် သန့်စင်ခန်းသွားလိုက်ဦးမယ်"
Yunho ပြောပြီးထထွက်လာခဲ့သည်။ မေမေ ကသူ့ကိုအရမ်းဂရုစိုက်တာမို့အားလုံးပြည့်စုံနေပေမယ့် တစ်ခါတစ်လေ အဲ့သည့်ပြည့်စုံမှုတွေကနေရုန်းထွက်ချင်နေမိသည်။
သန့်စစင်ခန်းထဲရောက်တော့ Yunho လက်ဆေးနေစဉ် ဘေးကတစ်ယောက်ကိုသတိထားမိသွားသည်။ စပ်စုတက်တဲ့အကျင့်သူ့မှာမရှိပေမယ့် သူတို့နဲ့မတူတဲ့ ၀တ်စားဆင်ယင်မှုကြောင့် သတိထားပြီးကြည့်လိုက်မိသည်။ အင်္ကျီလက်ရှည် ကိုယ်ကျပ်ကလည်ပင်းပေါ်ရုံမဟုတ်ပဲ ရင်ဘတ်ထိဟိုက်ကျနေသည်။ ရင်ဘတ်တစ်ခုလုံးလည်းဆွဲကြိုးတွေအပြည့် ။လက်မှာလည်းလက်စွပ်တွေအပြည့် ။ဘေးတိုက်အနေထားမို့မျက်နှာတော့သေချာမတွေ့ရပေမယ့် celebrity ဖြစ်လိမ့်မယ်ဟု Yunho တွေးလိုက်မိသည်။ ထိုစဉ်မှာပင် ကောင်လေးက သူ့တည့်တည့်လျှောက်လာပြီး တစ်ချက်စောင်းကြည့်ကာအပြင်ထွက်သွားလေသည်။ Yunho တစ်ယောက်ကြောင်ပြီးကျန်ခဲ့သည်။ ထိုကောင်လေးရဲ့မျက်လုံးတွေမှာတစ်ခုခုရှိနေပုံပင်။ ဒေါသတွေပဲလား။ နာကျဉ်းမှုတွေလားတော့မသိ ။သူ့မျက်လုံးတွေနဲ့ဆုံလိုက်ရတဲ့ Yunho ပင် ၀မ်းနည်းသလိုဖြစ်သွားရသည်။ ထိုစဉ် ph မြည်လာတာမို့ အတွေးစပြတ်သွားရသည်။
" ဟုတ် မေ မေ"
"................................"
"ဟုတ် ကျွန်တော်အခုထွက်လာခဲ့ပါ့မယ် "
ph ပိတ်လိုက်ပြီး Yunho အပြင်ထွက်လာလိုက်သည်။ မေမေ က သူ့ကိုပြန်ပို့ပေးဖို့ကားေါ်ထားပြီးဖြစ်သည်။
လှေကားထိပ်ရောက်တော့ သူ့ကိုစောင့်နေသော မေမေ့ကိုတွေ့လိုက်ရတာမို့...
" မေမေ သားနေကောင်းပါတယ်"
"သားမျက်နှာမှမကောင်းတာ အိမ်ပြန်ပြီးနားလိုက်ပါတော့"
ပြောရင်းနဲ့လှေကားအတူဆင်းလာကြသည်။
"ကျွန်တော် ကိုယ်ုဘာသာပြန်ပါ့မယ် အောက်မှာကားစောင့်နေတာပဲ"
"ကားအထိမေမေလိုက်ပို့ပေးပါ့မယ်"
တားလည်းမထူးတာမို့Yunho ဆက်မပြောတော့ပါ ။
" သားအိမ်ရောက်ရင်အဒေါ်ကြီးကို သားစားချင်တာတစ်ခုခုလုပ်ခိုင်း
တစ်ခုခုစားပြီးမှနားနော် သား "
Yunho ခေါင်းငြိမ့်လိုက်သည်။
" သားတကယ်နေကောင်းတာသေချာတယ်နော်"
"ကောင်းပါတယ်...."
Jaejoong တစ်ယောက်လှေကားပေါ်ကဆင်းလာရင်းေ၇ှ့ကသားအမိကြောင့်စိတ်ညစ်သွားသည်။
တော်တော်ချမ်းသာမည့်ပုံတွေနှင့်ပင်။ ရှေ့မှာလည်းဝတိစုံပြည့်နှင့် Body Guard လိုနှစ်ယောက်ကပါသေးသည်။ ရှေ့က အမေလုပ်သူပြောနေသောစကားတွေကြောင့်ပိုရယ်ချင်သွားသည်။ သူနဲ့အသက်သိပ်ကွာပုံမရတဲံသားလုပ်သူကောင်လေးကိုစိတ်ပူပြနေသော အဒေါ်ကြီးရဲ့ ပုံစံတွေက over ဖြစ်နေသလိုပင်။ ရှေ့ကသားအမိကို ကြည်ံ့ရင်းအမြင်ကတ်လာတာမို့ တံခါးဝရောက်ချိန်တွင် Jaejoong တစ်ယောက် အမေလုပ်သူနဲ့ကောင်လေးနှစ်ယောက်ကြားအတင်းတိုးဝင်လိုက်သည်။
"အရေးကြီးနေလို့ sorry ပါ"
နှစ်ယောက်ကြားထဲ အတင်းတိုးဝင်ရုံသာမက သားလုပ်သူ ကောင်လေးကို တမင်လဲကျသွားအောင်လုပ်လိုက်သည်။ရုတ်တရက်မို့ Yunho တို့သားအမိလဲကျသွားသည်။
"ရိုင်းလိုက်တာ ဘယ်လိုကလေးတုန်း!!"
"ဘာမှမဖြစ်ပါဘူး သားရယ် သားရော?"
"သားလည်းဘာမှမဖြစ်ပါဘူး အရေးကြီးနေလို့ထင်ပါတယ်"
"အဲ့ဒါရိုင်းတာသား အသိတရားမရှိတဲ့လူငယ်တွေ......"
မေမေ့စကားကိုနားထောင်ရင်းတိုက်သွားသောလူကိုကြည့်လိုက်တော့ Yunho တို့ကားရှေ့မှာရပ်ထားသော သူ့ကားပေါ်ပြေးတက်သွားပြီး ကားလေးကမောင်းထွက်သွားသည်။
သန့်စင်ခန်းမှာဆုံခြ့သောကောင်လေးဆိုတာတော့ Yunho အသေအချာသိလိုက်သည်။ သူဘာလို့ဒီလိုလုပ်သွားတာလဲ။
"Jaejoong မင်းနဲ့သိလို့လား"
"သိတယ်လို့ထင်ရလို့လား"
ကားပေါ်ရောက်တော့ အဖြစ်အပျက်အစအဆုံးအကုန်မြင်လိုက်၇သော သူကသူငယ်ချင်း Junsu ရဲ့အမေးကို Jaejoong ကန့်လန့်ပြန်ဖြေလိုက်သည်။
"မသိပဲနဲ့ ဘာလိုကသွားလုပ်ရတာလဲ"
"မသိလို့အဲ့လောက်ပဲလုပ်လိုက်တာ ငါ့ရှေ့မှာ over လုပ်ပြနေတာ ကြည့်မရလို့"
Junsu သက်ပြင်းအသာချလိုက်သည်။
"Jae ရာ သူ့ဘာသာသူနေကြတာပဲ"
"ငါ့ရှေ့မှာလာမနေနဲ့လေ မိဘတိုင်းကသားသမီးတိုင်းကိုမချစ်ပါဘူး အလကား"
Jaejoong ရဲ့စကားအဆုံးမှာ Junsu ဘာမှထပ်မပြောတော့ ။ Jaejoong နာမယ်ဆိုလည်းနာလောက်ခဲ့ပါတယ်လေ...............................။
*********************** ***************************
Part-1 END
*********************** ***************************
မကောင်းပေမယ့် ဖတ်ပေးကြတာ ကျေးဇူးပါလို့

Last Lily, Last Love & Last Heaven (L.L.L)Nơi câu chuyện tồn tại. Hãy khám phá bây giờ