L.L.L-part-11

340 36 4
                                    

Last Lily, Last Love & Last Heaven (L.L.L)
******************    ********************************
Part-11
******************     *******************************
" သား မေမေ့ကိုပြောစရာရှိတယ်ဆို"
" ကျွန်တော် Jae နဲ့ လက်ထပ်တော့မယ်"
"ဘာ!!!"
" ကျွန်တော်အသိပေးတာပါ"
"မေမေ သဘောမတူဘူး သား"
" ကျွန်တော် အသိပေးတာလို့ပြောပြီးပါပြီ"
"သား က -မေမေ မကြိုက်တာတွေဘယ်တုန်းကလုပ်ဖူးလို့လဲ သားရယ်"
Yunho ပြန်မဖြေပါ။ ph မြည်လာတာမို့ ကိုင်လိုက်သည်။
"---------"
" ကိုယ်အခုလာခဲ့ပါ့မယ်"
Yunho ph ချပြီးတာနှင့် စိုးရိမ်စွာကြည့်နေသော အမေ့ကို ပြောလိုက်သည်။
" ကျွန်တော်သွားတော့မယ်"
တံခါးရှေ့ကို Mrs.Jung ပြေးပြီး ပိတ်တားလိုက်သည်။
" ဘယ်သွားမှာလဲ ခုန ph ဆက်တာ ဘယ်သူလဲ"
" Jaejoong ! ကျွန်တော် အခု သူ့ဆီသွားမှာ"
Yunho ထွက်ဖို့ပြင်လိုက်ပေမယ့် Mrs.Jung က ပိုပြီးတားဆီးလိုက်သည်။
" မသွားရဘူး သားနဲ့ သူက လက်ထပ်လို့မရဘူး !!!!!"
" ဘာဖြစ်လို့လဲ သားဘ၀တစ်ခုလုံး မေမေ့စိတ်တိုင်းကျနေပေးပြီးပြီပဲ ဒီတစ်ခါလောက်တော့
ကျွန်တော့် စိတ်တိုင်းကျလုပ်ခွင့်ပေးပါဗျာ"
" သားရယ်မေမေ့ကိုမချစ်ဘူးလား သားရယ်"
" ကျွန်တော် မေမေ့ကိုအရမ်းချစ်ပါတယ် ဒါပေမယ့် ကျွန်တော့်ကိုလည်းပြန်သနားပါဦးမေမေရယ်"
Yunho Mrs.Jung ရဲ့ လက်တွေကို ဖယ်ချပြီး အခန်းထဲကနေ ပြေးထွက်သွားလိုက်သည်။
" သား မသွားရဘူး သား! သား!!!!"
Mrs.Jung အသည်းအသန်တားနေပေမယ့် Yunho ကတော့ ပြေးထွက်သွားလေပြီ။
ထိုစဉ် Mrs.Jung ph မြည်လာသည်။
" hello"
" Kim Jaejoong ပါ"
" မင်း---မင်းအခုဘယ်မှာလဲ ငါ့သားနဲ့မတွေ့ခင် ငါ့ကို အရင်တွေ့"
" အိမ်ကိုလာခဲ့လေ စောင့်နေပါ့မယ်"
Jae ph ချလိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။ ငါ့သား ဆိုပါလား---။
--------------------------။-------------------------
သိပ်မကြာခင် Yunho ရောက်လာသည်။ Junsu ကဆေးရုံမှာမို့ အိမ်မှာ Jae တစ်ယောက်တည်း။
" Jae"
" မြန်လိုက်တာ ကားကို အရမ်းမောင်းလာတာနဲ့တူတယ် ဂရုစိုက်ပါ Yunho "
Jae သူကကို စိတ်ပူပေးနေတာပဲ။
" ရုတ်တရက်ကြီး ဘာလို့ ချိန်းတာလဲ Jae"
" ငါတို့သေချာပေါက်လမ်းခွဲရတော့မယ်"
" ဘာလို့လဲ"
" ဘာကြောင့်လဲ ဆိုတာကိုတော့ ကိုယ်တိုင်နားထောင်တာပိုကောင်းမယ်ထင်တယ်
ဟိုအခန်းထဲမှာစောင့်နေပေးပါလား ဧည့်သည်လာစရာရှိလို့"
Jae ညွှန်ပြရာ အခန်းထဲ Yunho အတွေးများစွာနှင့်ဝင်လိုက်သည်။
မေမေ့အသံကြားလိုက်ရတာမို့ Yunho နားစွင့်နေလိုက်သည်။
" မင်းဘာဖြစ်ချင်တာလဲ"
" ထိုင်ပြီးမှပြောလည်း နောက်မကျပါဘူး"
" လိုချင်တာ ငွေတော့မဟုတ်လောက်ဘူး "
" ငွေလိုချင်တယ်ဆိုရင်ရော ဘယ်လောက်ပေးမှာလဲ"
Jae ၇ွဲ့ပြီးမေးလိုက်သည်။
" မင်းလိုချင်သလောက်ပြောလို့ရတယ်"
" ငွေ ! အဲ့ငွေတွေနဲ့ Karam ကိုသတိ၇အောင်လုပ်ပေးပါလား"
" ငါ မ၇ည်ရွယ်ခဲ့ဘူး မတော်တဆဖြစ်ခဲ့တာ မင်းလက်စားချေစိတ်ကြောင့် ငါ့သား Yunho
ကို အသုံးမချပါနဲ့ ငါ့သားက အရမ်းရိုးသားတဲ့သူ"
" သားအရင်းလား Jung  Yunho က???"
Mrs.Jung လန်ကသွားသည်။ သူသိနေပြီလား။ သူ့ကို မှတ်မိနေပြီလား။
" မင်း - ဘာပြောလိုက်တာလဲ??"
"Kim Jaejoong ဒီနာမည်ကိုမေ့သွားတာလား"
Mrs.Jung ပြန်မဖြေ။
" မေ့နေတာလား ၊ မသိချင်ယောင်ဆောင်နေခဲ့တာလား!!!!!!"
Jae ဒေါသနဲ့အော်ပြောလိုက်သည်။
" ငါမသိခဲ့ဘူး ငါက နင်တို့ကိုသေပြီထင်နေခဲ့တာ နင်တို့ကရော အခုမှ လာပြီး ငါ့ ဘ၀ကို ဖျက်စီးနေရတာလဲ"
" အဲ့မေးခွန်းကို ဘယ်သူမေးသင့်တာလဲ ခင်ဗျားသာ ကျွန်တော်တို့ ကို မထားခဲ့ရင် ဒီလိုတွေ
ဖြစ်လာမှာမဟုတ်ဘူး"
" ငါ့ကို အပြစ်တင်ဖို့ပဲ နင်တို့သိမှာပေါ့ ငါခံစားခဲ့ရတာတွေကိုနင်တို့မှမသိတာ 
ထမ်းတစ်လုပ်စားရဖို့အတွက် နင်တို့ရဲ့ အသုံးမကျတဲ့ အဖေက ဘာများလုပ်ပေးခဲ့လို့လဲ
ကလေးနှစ်ယောက်ရတဲ့အထိ အသိတရားမရှိတဲ့သူနဲ့နေ၇တဲ့ ဘ၀ကို နင်တို့နားလည်ပေးနိုင်လို့လား"
" နားလည်းမလည်ပေးနိုင်ပါဘူး ၊ ဘယ်သူက ခံစားခိုင်းခဲ့လို့လဲ၊
ကိုယ်ကြိုက်တဲ့လမ်း ကိုယ့်ဘာသာကိုရွေးခဲ့ကြတာလေ ဘာလို့နားလည်ပေး၇မှာလဲ"
" ငါ့ကိုမနှောင့်ယှက်ကြပါနဲ့ ငါ့ဘ၀ကအခုမှအေးချမ်းမှာ ငါလိုချင်တဲ့ စည်းစိမ်တွေ အခုမှရမှာ
ငါ့ ကိုခံစားခွင့်တော့ပေးပါ ငါ့ကို မနှောင့်ယှက်ကြပါနဲ့"
တောင်းပန်နေသော Mrs.Jung ကို ကြည့်ပြီး Jae နားလည်သွားသည်။
" အခုမှပဲ နားလည်သွားတော့တယ် ခင်ဗျားတိုက ဘယ်သူမှမမှားဘူး ကျွန်တော်တို့ကသာ မှားယွင်းပြီးမွေးလာတာပဲ ထားလိုက်ပါတော့ Yunho ကိုလည်းသေချာရှင်းပြပြီး လမ်းခွဲပေးပါ့မယ်
အဲ့ဒါဆိုရပြီမလား ပြန်ပါတော့"
" တောင်းပန်ပါတယ် Jaejoong ငါ့လိုလူမျိုးကို အမေမတော်ချင်ပါနဲ့"
အပြင်မှာ အားလုံးတိတ်ဆိတ်သွားတော့မှ Yunho အခန်းထဲက ထွက်လာလိုက်သည်။ သူကြားလိုက်ရတာ ဘာတွေလဲ။ Jae ကတော့ ပြတင်းပေါက်ကိုငေးရင်းသူ့ကိုကျောခိုင်းထားသည်။ အမှန်တော့ Jae မျက်ရည်တွေ Yun ကို မမြင်စေချင်တာပါ။
" စိတ်မကောင်းပါဘူး Yunho ငါတို့ ပြီးပြီ"
Jae ရဲ့ အေးစက်စက် စကားသံ က သူ့ရင်ကို စူးတွေစိုက်နေစေသလိုပင်။့
Yunho ထွက်လာပေမယ့် ဘယ်သွားရမှန်းမသိ။ ဘယ်မှလည်းမသွားချင်။
ခေါင်းထဲမှာလည်းအတွေးတွေနဲ့ချာချာလည်နေသည်။
မြစ်ကမ်းနံဘေးမှာ အချိန်ကုန်ခံလိုက်တာ ဘယ်လောက်တောင်ကြာသွားမှန်းမသိ ။တစ်ကိုယ်လု့းအေးစက်လာတော့မျပြန်လာမိသည်။
ကားကို Yoochun ဆီ ဦးတည်ပြီးမောင်းလာလိုက်သည်။
Yoochun အိမ်ရှေ့အရောက်မှာတော့.........................။
မနက် ၅နာရီ။ Yoochun လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်လာစဉ် အိမ်ရှေ့မှာ ရပ်ထားသော Yunho ကားကိုတွေ့လိုက်ရတာမို့ အံ့သြသွားသည်။Yunho ဘယ်တုန်းကရောက်နေတာလဲ။
Yoochun လျှောက်လာရင်းနဲ့ မြင်လိုက်ရတာက ကားထဲမှာ အိပ်ပျော်နေသော Yunho ၊
Yoochun ကားတ့ခါးဆွဲဖွင့်ရင်း.....
" Yunho အိပ်ပျော်နေတာလား"
Yunho က တုပ်တုပ်မှမလှုပ်။Yoochun စိတ်ပူပြီး နဖူးကိုစမ်းမိတော့ ပူခြစ်နေသည်။
" Ya!!! Yunho!!! သတိထားပါဦးကွ"
Yoochun အသည်းအသန်အော်နေပေမယ့် Yunho ကတော့ သတိလစ်နေဆဲ။
-------------------------။----------------------
******************   ******************
to be continued .....
******************   *******************

Last Lily, Last Love & Last Heaven (L.L.L)Onde histórias criam vida. Descubra agora