Last Lily, Last Love & Last Heaven (L.L.L)
******************** **************************
Part-3
******************** **************************
" မင်းသူ့ကိုတော်တော်စိတ်ဝင်စားနေတာပဲ"
Yunho တစ်ယောက် ဖြစ်ကြောင်းကုန်စင်ပြောပြပြီးချိန်မှာတော့ Yoochun မှတ်ချတ်ချလိုက်သည်။
Yoochun က Yunho ထက်စာလျှင် အတွေ့ အကြုံ ရှိပြီး idol တစ်ယောက်လည်းဖြစ်တာမို့ သူ့ စကားကို Yunho သေချာနားထောင်နေလိုက်သည်။
" ပြီးတော့ မင်းချမ်းသာမှန်းသိလို့ တမင်ကပ်တာလည်းမဖြစ်နိုင်ဘူး"
" ဘာဖြစ်လို့လဲ Yoochun hyung?"
Changmin သိချင်စိတ်နှင့်မေးလိုက်မိသည်။
" သူစီးသွားတဲ့ ကားက ငါတို့စီးတဲ့ ကားမျိုးဆိုတော့ သူလည်း ပိုက်ဆံရှိ
အသိုင်းအ၀ိုင်းကပဲနေမှာ "
" အဲ့ ဒါ ဌားစီးတာဆိုဘယ်လိုလုပ်မလဲ"
" အမ်!"
Changmin ပြောလိုက်တာကြောင့် Yoochun ပါးစပ်ပိတ်သွားသည်။
" ငါဆိုလိုတာက------"
" Shim Changmin နဲ့ စကားပြောလို့ ရမလား"
Yoochun စကားမဆုံးခင်ကြားလိုက်ရသော အသံပိုင်ရှင်ကြောင့် ၃ ယောက်လုံးကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။ ချစ်ဖို့ကောင်းသောကောင်လေးတစ်ယောက်ဆိုပိုမှန်မည်ဟု Yoochun ထင်သည်။
" ကျွန်တော် နဲ့ဘာပြောချင်တာလဲ မသိပေမယ့် အခု ကျွန်တော် personal case
ပြောနေတာမို့ပါ"
" ကျွန်တော် ပြောချင်တာကလည်း personal case ပါပဲ
ကျွန်တော်က Kim Jaejoong ရဲ့ manager Kim Junsu ပါ
Jaejoong က Shim Changmin နဲ့ တွေ့ချင်လို့ပါ"
" ကျွန်တော့်ကို သူကဘာလို့တွေ့ချင်တာလဲ?"
Changmin မပြောနှင့် Yoochun ပါအံ့သြသွားသည်။ Yunho ကတော့ Kim Jaejoong ဆိုတာလည်းဘာမှန်းမသိ။ Kpop လောကမှာ နာမည်ကြီး အရှုပ်အရှင်းကင်း မာနကြီး Kim jaejoong က စတွေ့ဖို့ပြောတယ်ဆိုတာ အနောက်ဘက်ကနေထွက်နေသလိုပင်။
" သူနဲ့တွေ့လိုက်ရင်သိမှာပါ ဒါ ဆက်သွယ်ရမယ့် No. ပါ
အချိန်နဲ့နေရာကို ပြောပေးပါနော် မျှော်နေပါ့မယ် သွားခွင့်ပြုပါဦး"
ပြောချင်ရာပြောပြီးထထွက်သွားသော Junsu ကို Yunho နဲ့ Changmin ကြည့်ပြီးကြောင်သွားသည်။ ဘယ်လိုပါလိမ့်။ Yoochun ကတော့ Junsu နောက်ပြေးလိုက်သွားသည်။
" ဒီမှာ ခဏနေဦး"
ခေါ်သံကြောင့် Junsu လှည့်ကြည့်လိုက်မိသည်။
" မင်းငါ့ကိုသိလား "
မေးပုံ ကလူလိုပဲထောင့်မကျိုး ။
" မသိဘူး "
Junsu အဖြေကြောင့် Yoochun ရင်ခံသွားသည်။သူ့လို idol star တစ်ယောက်ကို မသိဘူးဟု အပြောခံရမည်ဟု မထင်မှတ်ထား။
" မင်းငါ့ ကိုတကယ်မသိတာလား"
Yoochun နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
" ခင်ဗျားဒါမကောင်းဘူးလား"
ခေါင်းကိုလက်ညှိုးနဲ့ ထိုးပြရင်းမေးလိုက်သော Junsu ကြောင့် Yoochunတင်းသွားသည်။
" ဘာ!!!!!!!"
" မသိဘူးလေ မသိပါဘူးဆိုတာကို ခဏခဏမေးနေတော့ ဒါများ
မကောင်းဘူးလားလို့"
" ဘာ!!!!!"
" သေချာနေပါပြီ ပြောပြီးသားစကားတွေကို နှစ်ခါနှစ်ခါပြောနေတာ အဲ့ဒါ ပုံမှန် မဟုတ်---"
" ဒီမှာ ငါက Kpop star Micky Yoochun ကွ!!!!!"
Yoochun အော်လိုက်တာမို့ Junsu လန့်သွားသည်။
" ဖြည်းဖြည်းပြောပါဗျ အဲ့ဒါဘာဖြစ်လဲ"
ပြောလေပိုဆိုးလေဖြစ်နေတာမို့Yoochun ဘာဆက်ပြော၇မှန်းမသိတော့။
" နောက်တစ်ခါတွေ့ရင်မှတ်မိအောင် လုပ်ထား ပါ့မယ် အခုတော့ခွင့်ပြုပါဦး"
ပြောပြီးပြေးထွက်သွားသော Junsu ကြောင့် Yoochun ဒေါသဖြစ်၇မလို ၊ ရယ်ရမလို ဖြစ်သွားရသည်။
စားပွဲခုံမှာ ပြန်ထိုင်ရင်း
" Kim Jaejoong ပဲ Physco လို့ထင်တာ သူ့ manager ကပိုဆိုးနေတယ်"
Yoochun ပြောလိုက်သည်။
" ကျွန်တော်ဘာလုပ်ရမှာလဲ သွား၇ မှာလား "
" သွားရမှာပေါ့ Kim Jaejoong ကအဲ့လိုတစ်ခါမှမလုပ်ဖူးတော့ ဒါ
ထူးခြားဖြစ်စဉ်ပဲ"
" Kim Jaejoong ဆိုတာဘယ်သူလဲ"
Yunho မသိတာမို့မေးလိုက်မိသည်။
" ငါနောက်မှ အေးဆေးရှင်းပြမယ် ဒါနဲ့ သွားတွေ့တဲ့နေ့ကျ၇င်ငါလိုက်မယ်"
" hyung ကဘာလိုက်လုပ်မှာလဲ ဘာလဲ Kim Jaejoong နဲ့တွေ့ချင်လို့လား "
" Kim Jaejoong ကိုတွေ့ချင်တာမဟုတ်ဘူး Kim Junsu သူ့ကိုတွေ့ချင်တာ !!!!!
" ငါလည်းလိုက်မယ်လေ"
" မင်းကဘာလို့လဲ!!!!!"
" hyung ကဘာလို့လဲ!!!!"
ရုတ်တရက်ပြောလိုက်သော Yunho စကားကြောင့် Changmin နဲ့ Yoochun ပြိုင်တူမေးလိုက်မိသည်။ Yunho ကဘယ်တုန်းကမှ ဒါမျိုးတွေစိတ်ဝင်စားတာမဟုတ်။
" မင်းတို့ေ ပြာနေတဲ့ Kim Jaejoong ကိုစိတ်ဝင်စားလို့ မင်းတို့ကလည်းအလန့်တကြား
နဲ့ဘာထဖြစ်ကြတာလဲ"
" Changmin ရေ အနောက်၇ပ်ကနေထွက်တယ်ဆိုတာမှန်နေပြီနဲ့တူပါတယ်ကွာ"
----------------------------။---------------------------
Star idol Program ရိုက်ကွင်းရှိရာ Studio သို့ Junsu အပြေးအလွှားရောက်လာသည်။
Jaejoong က ဒီနေ့ Guest ဖြစ်နေတာမို့Junsu စိတ်ပူနေရသည်။
ဒီ program က MC တွေက တကယ့် ကိုနာမည်ကြီးတွေ ၊ မေးခွန်းတွေကလည်း အမြဲ ထူးဆန်းတာတွေမေးတက်တာမို့ Jaejoong နဲ့ အဆင်ပြေမည်မထင်။
Junsu ထင်ထားသည့်အတိုင်းပင် ။ Jaejoong မျက်နှာကမာတင်းနေသည်။
" Jae!"
"Junsu "
Junsu ကိုတွေ့လိုက်တော့မှ Jaejoong နည်းနည်းစိတ်ပြေသွားသည်။
မိဘမဲ့ လို့ တရားဝင်ကြေငြာထားကာမှ မေးတာက ငယ်ဘ၀ အမှတ်တ၇တဲ့။ Karam လေး လူကြောက်တဲ့ ရောဂါရှိတာကိုလည်း ဘာကြောင့်လဲတဲ့ ။သိချင်ရင်ဆရာဝန်သွားမေးပါလား။
အမှားယွင်းမရှိအောင်နေတာတောင်မှ တိုက်ခိုက်ချင်နေကြသည်။ တော်တော် မကောင်းတဲ့လူတွေ။
" Junsu ဒီ program cancel ပြီး ကုန်ကျစရိတ်အားလုံးလျော်ပေးလိုက်"
ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်တဲ့ Jaejoong ကို Program PD က တားလိုက်သည်။
" Jaejoong အစ်ကိုတောင်းပန်ပါတယ် program cancel တာလေးကို ပြန်စဉ်းစားပေးပါဦး
MC တွေလွန်တာ အစ်ကိုလည်းသိပါတယ်"
" အစ်ကို့ကို ကျွန်တော်အားနာပါတယ် ကျွန်တော် အကုန်ဖြေပြီးပြီလေ
မိဘမဲ့ဂေဟာကနေ ၁၁ နှစ်အရွယ်မှာ အိမ်အကူလုပ်ဖို့ မွေးစားခံခဲ့ရတယ်
အလုပ်မပြီးရင် အရိုက်ခံရတယ် ထမင်းမစား၇ဘူး ကျောင်းထားပေးခဲ့လို့
အထက်တန်းတက်နေချိန် SK Entertainment ရဲ့ Rookie မှာ audition အောင်လို့ အဆိုတော်ဖြစ်ခဲ့ရတယ် အဆိုတော်ဖြစ်မှ Karam ကိုမိဘမဲ့ ဂေဟာကနေ ပြန်ခေါ်နိုင်ခဲ့တယ်
ဒါအကုန်ပဲ မေးတိုင်းဒါပဲဖြေနေရလို့ ကျွန်တော်ကတော့ ဖြေ၇မှာတောင်ပျင်းလာပြီ
မသိတာလည်းမဟုတ်ပဲနဲ့ အမေးခံနေ၇တာ ကျွန်တော် နားလည်မပေးနိုင်ဘူး အစ်ကို
Program cancel လုပ်လိုက်ရုံနဲ့ ကျွန်တော့်ဒေါသတွေ ဖြေလိုက်တယ်လို့သဘောထားလိုက်ပါ
နောက်မှတွေ့ကြတာပေါ့ "
ပြောပြီးတာနှင့်ထွက်သွားသော Jaejoong ကို အားလုံးအံ့အားသင့်စွာငေးနေမိသည်။
ဘယ့်သူ့ကိုမှ မထိ ၊ ကိုယ့်ကိုထိလာ၇င်လည်း မခံနေတက်သော Jaejoong ဖြစ်နေလို့လည်း ဒီလောကမှာ နာမည်ပျက်မရှိ ပဲ ၇နှစ်နီးပါးရပ်တည်နေနိုင်တာပင်။
ကားပေါ်ရောက်တာနှင့်
" Junsu Changmin နဲ့တွေ့ခဲ့လား "
" အင်းတွေ့ခဲ့တယ် သူ ph ဆက်ရင်ရပြီ"
"မြန်မြန်တွေ့မှပဲ Karam မွေးနေ့ကနီးနေပြီ လိုချင်တာမရရင် စိတ်ကောက်ဦးမယ်"
ခုန ကတုန်းဒေါသတွေထွက်နေပေမယ့် အခုကျတော့ လည်း ဘာမှမဖြစ်သလို နေနိုင်တဲ့ Jaejoong ရဲ့ စိတ်ကို Junsu တစ်ခါတစ်လေ နားမလည်နိုင်။ ဒေါသတွေကို ရင်ထဲမှာပဲမျိုသိပ်ထားရင်း နဲ့ တစ်နေ့ပေါက်ကွဲ ချိန်ကျရင် ပို နာကျင် ခံစားရမှာပေါ့ Jaejoong ရယ်။။။။
----------------။-------------------
***************** ********************
to be continued.....
*************** *****************************************************
YOU ARE READING
Last Lily, Last Love & Last Heaven (L.L.L)
RomanceMY ANOTHER YUNJAE FIC^^ That's my first story^^