L.L.L-part-13 (Final)

707 54 4
                                    

Last Lily, Last Love & Last Heaven ( L.L.L )
********** ****************
Part-13(Final )
********** ****************
" Hyung~"
အိပ်ပျော်နေရင်း Karam အသံကြားလိုက်ရတာမို့ Jae နိုးလာပြီးကြည့်လိုက်မိတော့ ကုတင်ပေါ်မှာ လှဲနေသော Karam က မျက်လုံးပွင့်ပြီးကြည့်နေတာတွေ့လိုက်ရသည်။
" Ka .Karam လေး.. သတိရလာပြီလား !"
Karam ကခေါင်းငြိမ့်ပြီး ပြန်ဖြေပေးသည်။
" ခဏလေးနော် Hyung ဆရာဝန်သွားခေါ်လိုက်မယ်"
Karam က Jae လက်ကိုဆွဲထားတာမို့
Jae လှည့်ကြည့်လိုက်မိသည်။
" ဟင် ?...Karam ဘာဖြစ်လို့လဲ ဘယ်နားကနာနေလို့လဲ"
" hyung တောင်းပန်ပါတယ်နော် hyung စကားနားမထောင်ခဲ့လို့"
" အဲ့ဒါတွေအရေးမကြီးပါဘူး Karam ရယ် hyung အခုပြန်လာခဲ့မယ်နော်"
ဆရာဝန်တွေလိုအပ်တာစမ်းသပ်ပြီးချိန်မှာတော့
"Karam အခြေအနေ ဘယ်လိုလဲ ဆရာ"
" နှလုံးကအသေးစားခွဲစိတ်မှု လုပ်လိုက်ရင်အခြေနေကောင်းနိုင်ပေမယ့်အသည်းတစ်ခြမ်းကတော့ အစားထိုးရလိမ့်မယ် ထင်တယ်"
" ဗျာ......... အရင်တစ်ခါက နှလုံးပဲ ထိခိုက်တာဆို..."
" သတိရလာပြီးသေချာပြန်စစ်ထားတဲ့ရလဒ်ပါ အချက်လက်ကိုက်ညီတဲ့အသည်းတစ်ခြမ်း အလှူရှင် ရမှဖြစ်ပါမယ် အချိန်မဆွဲစေချင်ဘူး"
ဆရာဝန်ထွက်သွားတာနှင့် Junsu ပြောလိုက်သည်။
" Jae ငါလည်းစစ်မယ် "
" ငါလည်းစစ်မယ် လူများတော့ပိုမျှော်လင့်နိုင်တာပေါ့"
Yoochun ပါဝင်ပြောလိုက်သည်။
" ကျွန်တော်လည်းစစ်မယ်"
အသံလာရာကိုအားလုံးကြည့်လိုက်မိတော့ Changmin
" Jaejoong hyung ကျွန်တော် အားလုံးသိပြီးပါပြီ ဘယ်လိုပြောပြီးတောင်းပန်ရမှန်းမသိတော့ဘူး"
" ပြီးပြီးသားတွေပါ Karam တွေ့ချင်နေမှာ ဝင်တွေ့လိုက်လေ"
အမှန်တော့ Jae Mrs.Jung နဲ့ ပတ်သတ်တဲ့သူ ဘယ်သူ့ကိုမဆို Karam နဲ့မပတ်သတ်စေချင်ပါ။
သူ ကျေးဇူးမတင်ချင်ဘူး။
----------။-----------
ဆေးစစ်ချက်ထွက်လာချိန်မှာတော့ Jae ဘာ လုပ်ရမှန်းမသိတော့။
Jae အပါအဝင် စစ်တဲ့ 4 ယောက်လုံးကိုက်ညီမှုမရှိ။
သူဘာလုပ်ပေးရမလဲ ။ Karam လေးကို ကြည့်လိုက်တော့ Changmin နဲ့စကားနေလေသည်။
Karam လေးရယ် ဒီတစ်ခေါက် အခက်ခဲကျော်လွှားနိုင်ခဲ့ရင် Changmin နဲ့ပျော်နေရစေမယ် ။
Hyung ကတိပေးတယ်။
ထိုစဉ်......
" Jae ......"
ဒီအသံ။ Jae မမေ့နိုင်ပါ။
လှည့်ကြည့်လိုက်တော့ Mrs.Jung နဲ့ Jung Yunho
" Karam လေးအတွက်ဆေးလာစစ်တာပါ "
Mrs.Jung ပြောလိုက်သောစကားကြောင့် Jae အံ့အားသင့်သွားသည်။
" ဘယ်သူကစစ်ခိုင်းလို့လဲ"
" Jae..."
Junsu တားပေမယ့်မရ။
" ဘယ်သူကကူညီပါလို့ပြောနေလို့လဲ"
Yunho ဘာမှဝင်မပြော ။
Mrs.Jung ကမျက်ရည်တွေကျလာပြီး
" Jae ရယ် တစ်ခါလောက်ပဲဖြစ်ဖြစ်အခွင့်ရေးပေးပါ သားရယ်"
သား!!! တကယ်ထူးဆန်းတဲ့ စကားလုံးပဲ ။
" ဘာမှမသိချင်ဘူး Karam ကို ကျွန်တော် ရအောင်ကယ်နိုင်တယ် "
" ဆေးစစ်ချက်အဖြေထွက်ပါပြီ"
Nurse စကားကြောင့် အားလုံး ငြိမ်သွားကြသည်။
" Jung Yunho နဲ့ကိုက်ညီပါတယ်"
Yunho ဝမ်းသာသွားသည်။
သူတစ်ခုခု လုပ်ပေးနိုင်ပြီလေ။
" နေ့လည်မှာခွဲစိတ်မှုလုပ်မှာမို့ အခုလိုအပ်တာတွေပြင်ဆင်ရပါမယ် လိုက်ခဲ့ပါ"
" ဟုတ်ကဲ့"
Jung Yunho ထွက်သွားတာကို မြင်မှ
" Ya! Jung Yunho နင့်အကူညီမလိုဘူး !"
Jae ပြေးလိုက်သွားတာကို Junsu နဲ့ Yoochun တားလိုက်ကြသည်။
" Jae အဲ့လိုမလုပ်ပါနဲ့"
" ငါ့ကိုဘာလို့ကျေးဇူးတင်ရအောင်လုပ်တာလဲ ငါ မပတ်သတ်ချင်ဘူး ငါမုန်းချင်တာ
Jung Yunho ငါ့ နင့်ကို မုန်းချင်တာ
Jung Yunho!!!!"
-----------။----------
4 years ago .........
Karam Yunho အသည်းတစ်ခြမ်းနဲ့သေချာပေါက်အသက်ရှင်နိုင်ပြီဆို တာ သိပြီးကတည်းက Jae အားလုံးနဲ့အဆက်သွယ်ဖြတ်ပြီး စိတ်ကူးတည့်ရာလျှောက်သွားနေခဲ့ရင်း Seoul ကိုပြန်ရောက်လာချိန်မှာတော့ ၄ နှစ်တောင် ကြာနေခဲ့ပြီ။သူ ဘာမှမခံစားချင်တော့လို့ထွက်သွားခဲ့တာပါ။ အခုတော့ အများကြီးရင့်ကျက်လာပါပြီ။
Jae air portမှာ ထိုင်နေရင်း ဘယ်သွားရမလဲ စဉ်းစားနေစဉ်
" နာမည်ကြီး သရုပ်ဆောင် Shim Changmin က သူ့ရဲ့ချစ်သူ Kim Karam နဲ့လက်ထပ်တော့မယ် ဆိုတဲ့အကြောင်း မီဒီယာတွေကို အသိပေးလိုက်ပါပြီ ဒါဟာ Tri- Angle လုပ်ငန်းစုအတွက်တော့ Mrs.Jung ကွာရှင်းပြတ်ဆဲမှုအပြီး ၂ နှစ်အကြာ ပထမဆုံးထွက်လာခဲ့တဲ့ အိမ်တွင်းရေးပဲဖြစ်ပါတယ် Kim Karam နဲ့တွေ့ဆုံပြီးမေးမြန်းခဲ့ပါတယ်
". ကျွနိတော် အစ်ကိုနဲ့အရမ်းတွေ့ချင်ပါတယ် ကျွန်တော့် မင်္ဂလာပွဲမှာ hyung ကိုရှိစေချင်တယ် Jaejoong hyung
မြန်မြန်ပြန်လာပါတော့နော်"
Jae သတင်းကြည့်ပြီးပြုံးလိုက်မိသည်။
အခုထိကလေးလေးလိုလုပ်နေတုန်းပါလား Karam ရယ်။
Jae ခြေလှမ်းတွေ တစ်နေရာကို ဦးတည်လိုက်သည်။
----------။-----------
" Ya ! Ji Hwan ချော်လဲဦးမယ် ဖြည်းဖြည်း လုပ်ပါ"
ခြံအဝမှာတင် Junsu အသံ စီစီ လေးကို Jae ကြားလိုက်ရတာမို့ ပြုံးပြီးကြညိ့လိုက်တော့ Yoochun နဲ့Junsu က Lap-top တစ်လုံးနဲ့အလုပ်ရှုပ်နေသလို
5 နှစ်အရွယ်ကလေးလေးက ဘောလုံး ကန်နေလေသည်။
" Junsu ဖြည်းဖြည်းအော်ပါ ဟာ မင်းအသံက ဆူညံနေတာပဲ"
" ငါ့ကိုမအော်စေချင်ရင် ကလေးကို ကြည့်လေ ကလေးကျတော့ပစ်ထားပြီး
အသံကောင်းဟစ်မနေနဲ့"
Jae ရယ်လိုက်မိသည်။
ထိုစဉ် ဘောလုံးလေးရှေ့ရောက်လာတာမို့
Jae ကြည့်လိုက်တော့ ကလေးလေး Jae ပြုံးပြီးနှုတ်ဆက်လိုက်သည်။
" annyeong~"
ကလေးလေးက အရိုသေပြုနှုတ်ဆတ်ပြီး ပြန်မေးလေသည်။
" Appa တို့သူငယ်ချင်းလားဟင်"
" အင်း"
" Appa သူငယ်ချင်းလာတယ်!"
"ဘယ်သူလဲ Ji Hwan ...... Jae...Jaejoong !!!!"
Junsu ဝမ်းသာအားရပြေးဖတ်လိုက်သည်။Yoochun လည်းရောက်လာပြီး
" ဝမ်းသာလိုက်တာ Jaejoong ရာ"
" Ya ! Kim Junsu ကလေးလည်းမဟုတ်ပဲ ငိုရလားကွ"
" မင်းတကယ်ရက်စက်တယ် ph တစ်ချက်မဆက်ဘူး"
" miaanae ဒါနဲ့ ကလေးလေးက နင်တို့ကို appa လို့ခေါ်လိုက်တယ်နော်"
" အင်း ငါတို့ရဲ့သားလေ မွေးစားထားတာ
Ji Hwan တဲ့"
" ချစ်စရာလေး"
" မင်း ဒီမှာပဲနေရမယ် Jae ဒီတစ်ခါတော့အလွတ်မပေးတော့ဘူး Karam သာသိရင် အရမ်းပျော်မှာ"
Jae ဘာမှမပြောပဲပြုံးနေမိသည်။
------------။-------------
Shim Changmin & Kim Karam
Weeding Day~
" မငိုပါနဲ့ Karam ရယ် "
" hyung ကိုတွေ့ချင်တယ်"
Changmin ဘယ်လိုဖြေသိမ့်ပေးရမှန်းမသိ။
".Karam လေး ဒီလိုနေ့မျိုးမှာ ဘာလို့ငိုနေတာလဲ"
" လုပ်ပါဦး Junsu hyung ရာ"
" မငိုပါနဲ့တော့ Karam လေးအတွက် လက်ဆောင်ပါတယ် "
".လက်ဆောင်!!??"
" အင်း! ဟိုမှာ... "
Junsu ညွှန်ပြရာကြည့်လိုက်တော့ Jaejoong hyung
" Hyung!!!!"
" ငါတို့ Karam.လေးနေကောင်းတယ်မလား"
" hyung ရက်စက်တယ် အကြာကြီးထားခဲ့တယ်"
" အခုပြန်လာပြီလေ"
" hyung ပြန်လာတာဝမ်းသာလိုက်တာ"
Changmin စကားကို Jae ပြုံးပြီးပြန်ပြောလိုက်သည်။
" Karam လေးကို စောငိ့ရှောက်ပေးထားလို့ကျေးဇူးတင်တယ် နော်"
" Yunho hyung လည်းတွေ့ချင်နေတာ"
Jae တွေးလိုက်မိသည်။
" သူဘယ်မှာလဲ Changmin"
---------- ။------------
ကမ်းခြေမှာထိုင်နေရင်း လှိုင်းလုံးတွေကို ငေးရင်း Yunho ထိုင်နေမိသည်။
ဒီကမ်းခြေလေးပိုင်ရှင်မဲ့နေခဲ့တာ ကြာနေပြီ။ လွမ်းလိုက်တာ Jae ရယ်။
ဘာနဲ့နှိုင်းရမှန်းတောင်မသိတော့ဘူး။
" စောင့်နေရတာကြာပြီလား"
ကြားလိုက်ရသောအသံကို မယုံနိုင် သေချာကြည့်မိတော့ ဘေးမှာလာထိုင်နေတာ Jaejoong ပါလား။
". စကားမပြောတက်တော့ဘူးလား"
Jae ထပ်ပြောမှသတိဝင်လာသည်။
".အင်း - ဘာပြောရမှန်းမသိလို့"
" ဒီမှာဘာလုပ်နေတာလဲ"
" သတိရလို့ "
Jae ဝမ်းသာသွားသည်။ငါလညိးသတိရနေတာ Yunho။
" ဘာလို့သတိရတာလဲ ဘာလို့ငါ့ကို
ဆက်ချစ်နေတာလဲ"
Yun ချက်ချင်းမဖြေပဲ အတော်ကြာမှ
"လွမ်းလွန်းလို့ သတိရနေတာ မုန်းလို့မရလို့ ဆက်ချစ်နေတာ "
Yun စကားကြောင့် Jae ငို လိုက်မိသည်။
" တောင်းပန်ပါတယ် Yunho အကြာကြီးစောင့်နေခိုင်းမိလို့ ......
ပြီးတော့ နင့်ကိုငါ အရမ်းချစ်တယ်"
Yun အကြားချင်ဆုံးစကား ပထမဆုံးအကြိမ် ပြောတာပင်။
" ငါလည်းအရမ်းချစ်ပါတယ်"
Yun စကားအဆုံးမှာ နှစ်ယောက်ကြားဘာစကားသံမှထပ်မထွက်လာတော့။
ကမ်းခြေရဲ့ညနေခင်းအလှက အချစ်ကြောင့် ပြည့်စုံသွားသလိုပင်။
-----------။-------------
************* ************
The End.........
************* ************
happy ending ဖြစ်အောင်ကြိုးစားထားပါတယ်နော်
ဖတ်ရတာအဆင်မပြေရင် တောင်းပန်ပါတယ်နော်

Last Lily, Last Love & Last Heaven (L.L.L)Where stories live. Discover now