L.L.L-part-2

523 46 0
                                    

Last Lily,Last Love & Last Heaven (L.L.L)
******************** *************************
Part-2
******************* ***************************
" Karam "
Jaejoong အိမ်ပြန်ရောက်တာနဲ့ သူ့ညီလေး Karam နာမည်ကို အရင်အော်ခေါ်လိုက်သည်။
"hyung!"
Karam တစ်ယောက် Jaejoong အသံကြားတာနဲ့ အိမ်ထဲကနေပြေးထွက်လာသည်။
" နေကောင်းရဲ့လား Karam "
"Hyung ကလည်းခရီးထွက်တာနှစ်ရက် တည်းကို ကျွန်တော်ကဘာဖြစ်၇မှာလဲ"
" နှစ်ရက်ဆိုတဲ့အချိန်မှာ လည်း တစ်ခုခုပြောင်းလဲနိုင်တာပဲ"
Jaejoong ရဲ့စကားကို Karam တစ်ယောက်နားမလည်နိုင်ပေမယ့် Junsu ကတော့နားလည်လိုက်သည်၊ Jaejoong ကလောကကြီးရဲ့ ဘယ်အရာကိုမှယုံကြည်တာမဟုတ်။
"hyung ကျွန်တော့မွေးနေ့ရောက်တော့မယ်နော်"
Jaejoong ထက် ၅ နှစ်ငယ်သော သူ့ညီလေး Karam က လာမယ့် Monday ဆို ၁၈နှစ် ပြည့်တော့မည်။
" အင်း..အဲ့ဒီတော့.."
" Hyung မွေးနေ့လက်ဆောင်ပေးရမယ်လေ"
" ပေးရမှာပေါ့ Karam ကဘာလိုချင်လို့လဲ"
Karam မဖြေပဲတစ်စုံတစ်ခုကိုအသေအချာစဉ်းစားနေသည်။Jaejoong ကလည်းအဲ့လိုတွေဝေနေတာမကြိုက်။
" Karam ဘာလိုချင်တာလဲ!!"
Jaejoong အသံအနည်းငယ်မာသွားတာမို့ Karam တုန်သွားသည်။ တုံ့ဆိုင်းတွေဝေနေတာက်ုJaejoong အရမ်းမုန်းသည်။
Junsu က အခြေအနေ ကိုသိတာမို့
" Karam လေးက ဘာလိုချင်လဲပြောမှ Hyung တို့က သိမှာပေါ့ "
Junsu ချော့မေးနေတာတောင် Karam ပြန်မဖြေတာမို့ Jaejoong ဒေါသထွက်သွားသည်။
" Kim KARAM!!!!!"
" Jae ကလေးကိုမအော်နဲ့လေ!"
Junsu ၀င်ဟန့်လိုက်တော့ Jaejoong ဆက်မပြောတော့ပေမယ့် Karam ကမျက်ရည်တွေကျလာသည်။ လာပြန်ပြီ မျက်ရည်တွေ။
" Junsu သူ့ကိုငါ့ရှေ့ကနေ ခေါ်သွားတော့"
Junsu အတင်းဆွဲခေါ်သွားတာမို့ Karam ငိုလျက်ပါသွားသည်။
အဖေ့လိုမျိုးနာကျင်လွယ် ၊ခံစားလွယ်သော Karam ကိုမြင်တိုင်း အဖေ့ကိုသတိရနေမိတာမို့ Karam ငိုရင် ပိုဒေါသထွက်မိသည်။ အဖေကတော့ အားလုံးခွင့်လွှတ်နိုင်ပေမယ့် ကျွန်တော်ကတော့ ခွင့်မလွှတ်နိုင်ဘူး ။ကျွန်တော်တို့ကိုထားခဲ့တဲ့အမေ့ကို အရမ်းမုန်းတယ်။
----------------------။----------------
" သားငယ်လေးအလုပ်မှာအဆင်ပြေရဲ့လား "
ညဘက်မိသားစုစကားဝိုင်းမှာMrs.Jung မေးလိုက်တာမို့ Changmin ပြန်ဖြေလိုက်သည်။
" အဆင်ပြေပါတယ် မေမေ အခုတောင် ဂျိုဆွန်းခေတ်
drama တစ်ကားရိုက်ဖို့ စီစဉ်ထားတယ်"
" အင်း Director Jang Min Woo ရိုက်မှာမလား
မနေ့ကမှ ဇာတ်ညွှန်းညှိလို့ပြီးတာဆို "
Yunho တစ်ချက်ပြုံးလိုက်မိသည်။ မေမေမသိပဲ သူတို့ဘာမှလုပ်လို့မရ၊
" မေမေ ကသိပြီးပြီလား ၊ သတင်းတွေကမြန်လိုက်တာ"
" မြန်ရမှပေါ့ မေမေကသားရဲ့မေမေလေ မနက်ဖြန် costume designer နဲ့တွေ့ပြီးညှိပေး
ဦးမှာ"
" မေမေ ကတော့တကယ်မနိုင်ဘူး မေမေ့သဘောပဲ"
" ကျွန်တော် မနက် meeting ရှိလို့ အိပ်တော့မယ်နော် "
" အင်း သား အိပ်တော့ လေ"
အဖေ နဲ့ အမေ ကို နှုတ်ဆက်ပြီး Yunho အပေါ်တက်လာတော့ အနောက်ကနေ Changmin လိုက်လာသည်။
" Hyung မနက်ကျရင် Yoochun hyung နဲ့ ချိန်းထားတယ်မလား ကျွန်တော်လိုက်မယ်"
အမှတ်တမဲ့ ဆုံခဲ့ရသော ကောင်လေးအကြောင်း ပြောပြဖို့ Yoochun နဲ့ ချိန်းထားခြင်းဖြစ်ပေမယ့် Changmin ကိုလည်းဖုံးကွယ်ထားစရာ အကြာင်းမရှိ။
" လိုက်ခဲ့လေ သုံးယောက်ဆုံတော့ ပိုကောင်းတာပေါ့"
----------------------။------------------
" မေမေ ဘယ်သွားမလို့လဲ"
အ၀တ်အစားတွေကို အိတ်ထဲအတင်းထိုးထည့်နေသောမေမေ့ကို ၈နှစ်အရွယ် Jaejoong ၃ နှစ်အရွယ် karam ကိုချီပိုးရင်းမေးလိုက်သည်။
" မေမေဘယ်သွားမှာလဲလို့"
မေမေ့ပုံစံကြည့်ရတာပုံမှန်မဟုတ်တာမို့ Jaejoong ကြောက်လန့်တကြားမေးလိုက်မိသည်။
" ငါ့ဘာသာ ငါဘယ်သွားသွား နင်နဲ့မဆိုင်ဘူး ဖယ်"
မေမေ့လက်ကိုဆွဲထားသော Jaejoong လက်ကိုအတင်းဖယ်ချပြီး အခန်းအပြင်ထွက်ရန်ပြင်လိုက်သည်။
" ငါ တောင်းပန်ပါတယ် ငါ့ရောဂါကဘယ်လောက်မှ မနေရတော့ဘူး ငါ့ကိုမသနား၇င်နေပါ
ကလေးတွေကိုတော့သနားပါကွာ"
" ရှင့်ဘာသာရှင်ရှင်သေသေ ကျွန်မစိတ်မ၀င်စားဘူး ရှင်နဲ့ ရတဲ့ ကလေးတွေကလည်းကျွန်မ
ကလေးတွေမဟုတ်ဘူး "
မေမေ ကရက်ရက်စက်စက် စကားတွေဆိုပြီး အပြင်ထွက်ဖို့ကြိုးစားပေမယ့်
" မသွားပါနဲ့ ကွာ ငါ တောင်းပန်ပါတယ်"
" ရှင်ဖယ် ကျွန်မ ဘ၀တိုးတက်အောင်မြင်မယ့်လမ်းကိုသွားမှာ ရှင်လာမတားနဲ့"
ဖေဖေ့ကိုအတင်းတိုးပြီးမေမေ့နောက်ကို Jaejoong Karam လေးကိုချပြီးပြေးလိုက်သွားလိုက်သည်။
" မေမေရယ် သားတို့ကိုမထားသွားပါနဲ့ "
Jaejoong မေမေ့လက်ကိုအတင်းဆွဲထားရင်း
" ဖေဖေ ရေ ၊ မေမေ့ကိုလာကူခေါ်ပါဦး ဖေဖေ!!!!"
ဖေဖေကတံခါးဝမှာ မျက်ရည်စက်လက်နှင့် ။ဖေဖေဘာလို့ငိုနေရတာလဲ။အခုချိန်မေမေ့ကိုပြေးခေါ်ရင်ရတာကို ဖေဖေဘာလို့ငိုနေတာလဲ ။
ဖေဖေကပါ မေမေ့ကိုသွားခွင့်ပေးလိုက်တာလား ။။။
Jaejoong အတွေးမဆုံး ခင်--
" နင်ဖယ်စမ်း နင်ရော Karam ရော ငါနဲ့ဘာမှမဆိုင်ဘူး ငါ့သားမဟုတ်ဘူး"
ပြောပြီး Jaejoong ကိုဆောင့်တွန်းလိုက်တာမို့ Jaejoong လဲကျသွားသည်။ Jae အတင်းကုန်းရုန်း ထပြီး ပြေးလိုက်ပေမယ့် မမှီတော့ ။Jaejoong ငိုနေသော Karam လေးကို ပြေးချီလိုက်ပြီး ကျောခိုင်းပြီးအိမ်ထဲဝင်သွားသော ဖေဖေ့ကိုတစ်လှည့် ၊ ထွက်ပြေးသွားသော မေမေ့ကိုတစ်လှည့်ကြည့်လိုက်ပြီး အသက်မဲ့စွာရပ်နေမိသည်။
သူမငိုပါ၊ ဘယ်တော့မှလည်းမငိုတော့ ။အဲ့ အချိန်ကတည်းက Jaejoong ရင်ထဲမှာ ငိုရမှာ ၊၀မ်းနည်းရမှာတွေကို မုန်းတီးပြီး နားကျဉ်းစရာတွေအဖြစ်ပြောင်းလဲတက်သွားခဲ့တာပါ။
"Jae...."
Junsu အသံကြောင့် Jaejoong အတွေးစပြတ်သွားသည်။
"Karam အိပ်သွားပြီလား"
" အင်း.. Jae Karam ကိုသိပ်မဆူပါနဲ့ကွာ သူ့အခြေအနေကိုလည်းသိရဲ့သားနဲ့"
" ငါ့ရှေ့မှာ အဲ့လိုတွေလုပ်နေတာ ငါမကြိုက်ဘူး "
" မင်းမကြိုက်တာက်ုသူရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ ပြီးတော့ မင်းလောက် သူ့ကိုချစ်တာရှိ
လို့လား နောက်တစ်ခါစိတ်လျှော့ပါကွာ"
Jaejoong ကို အမှားအမှန်ခွဲခြားတက်ဖို့ ဘယ်မိကမှမသင်ပေးခဲ့ပေမယ့် Junsu ကတော့ အမြဲလမ်းပြပေးခဲ့သူမို့ Junsu စကားတော့ နားထောင် သူနားထောင်ပါသည်။
" အင်းပါ ဒါနဲ့ သူလိုချင်တာဘာလဲ"
" Shim Changmin နဲ့တွေ့ချင်တာ "
" Shim Changmin???? ဘယ်သူလဲ???"
"နာမည်ကြီး Hally star သူကသရုပ်ဆောင်ဆိုတော့မင်းဘယ်သိမလဲ
မင်းက မင်း Music show တွေတက်ရင်ဘေးကလူလောက်ပဲမှတ်ထားတက်တာကိုး"
"ဟုတ်ပါတယ် ငါကမင်းလောက်မစုံဘူးပြောပါဦး အဲ့တစ်ယောက်အကြောင်း"
" Tri- Angle လုပ်ငန်းစုရဲ့ သားအငယ်ဆုံးလေ white star ဆိုပြီး သူ့လောကမှာနာမည်ကြီးတယ်"
" ဟုတ်လား မင်းကဘယ်လိုသိလဲ"
" သိရတာပေါ့ မင်းမေးရင်ချက်ချင်းဖြေနိုင်အောင် Karam က Shim Changmin လို့ပြောတာနဲ့
ငါရှာထားရတာ မင်းတို့ညီအစ်ကို နှစ်ယောက်နဲ့တော့ ငါမောတယ်"
Jaejoong ရယ်လိုက်မိသည်။ Junsu နဲ့ Karam ပဲသူ့အတွက်လိုအပ်တာပင်။
" အေးပါကွာ မောရင်ရေတိုက်ပါ့မယ် အရင်ဆုံး ငါနဲ့တွေ့ဖို့စီစဉ်ပေး"
"OK"
********************** **********&*&**&
to be continued.........

Last Lily, Last Love & Last Heaven (L.L.L)Donde viven las historias. Descúbrelo ahora