L.L.L-part-12

350 37 0
                                    

Last Lily,Last Love & Last Heaven ( L.L.L )
********** **************
Part-12
********** ***************
" Karam လေးရယ် သတိရပါတော့နော်
ငါ တစ်ယောက်တည်း အရမ်းပင်ပန်းနေပြီ"
Karam လက်လေးကို ကိုင်ပြီး Jae
တစ်ယောက်တည်း ပြောနေမိသည်။
တကယ်လည်း သူအရမ်းပင်ပန်းနေပါပြီ။
" Jae "
အလောတကြီးဝင်လာသောJunsu ကို Jae လှည့်ကြည့်လိုက်သည်။
" Yunho အခုဆေးရုံတင်ထားရတယ် ဒီဆေးရုံမှာပဲ"
Jae စိတ်ပူသွားသည်။
"အပူကြီးပြီး သတိလစ်သွားတာတဲ့"
" ဘာမှမဖြစ်နိုင်ပါဘူး"
Jae တစ်ခွန်းပဲပြောပြီး Karam ဘက်ပြန်လှည့်သွားသည်။
" သူ့ကို သွားမတွေ့ဘူးလား"
" ငါတို့က လမ်းခွဲပြီးသွားပြီလေ ဘာမှမသက်ဆိုင်တော့ဘူး"
------------ ။-------------
" စိတ်ပူစရာမရှိပါဘူး တစ်ရက်နှစ်ရက်လောက်နားလိုက်ရင် ကောင်းသွားမှာပါ"
ဆရာဝန်ထွက်သွားတာနှင့် Mrs.Jung ပြောလိုက်သည်။
" Yoochun ရယ် ကျေးဇူးတင်ပါတယ် သားရယ်"
" ကျွန်တော် အိမ် ခဏပြန်ပြီးလာစောင့်ပေးပါ့မယ်"
" ရပါတယ် သားရယ်"
" ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးရှိတယ်မလား"
တကယ်လည်း အရေးကြီးနေတာမို့Yoochun အစီစဉ်ကို လက်ခံလိုက်ရသည်။
အကုန်လုံးထွက်သွားချိန်မှာတော့အိပ်ပျော်နေသော Yunho တစ်ယောက်ပဲကျန်ခဲ့လေသည်။
သိပ်မကြာခင် အခန်းတံခါးပွင့်လာပြီး Jae ဝင်လာသည်။
ကုတင်နှင့်ဝေးကွာသော ထောင့်ချိုးကနေ Yun ကို လှည့်ကြည့်နေလိုက်သည်။Jae မလှုပ်မယှက် စိုက်ကြည့်နေပြီး စိတ်ထဲကနေပြောလိုက်မိသည်။
" ငါတောင်းပန်ပါတယ် Yunho
ငါ ကြောင့် ဖြစ်ခဲ့ရတာပါ နင့်လက်ကို ကိုင်ပြီး အားပေးချင်ပေမယ့် ငါက အဲ့လိုအရည်အချင်းမရှိတဲ့သူပါ ငါ့ကြောင့်မခံစားပါနဲ့တော့ Yunho "
Jae ကြည့်နေရင်းYun မျက်လုံးတွေပွင့်လာတာမို့ Jae ထောင့်ချိုးကို ဝင်ပုန်းလိုက်ပြီး Yun မမြင်ခင် အခန်းထဲက ထွက်ဖို့ပြင်လိုက်သည်။
" Jaejoong ..."
Yun ခေါ်သံကြောင့် Jae ခြေလှမ်းတွေရပ်တန့်သွားရသည်။
Yun နဲ့ Jae ရဲ့ကြားမှာ နံရံတစ်ခုပဲခြားနေတာပင် ။ Jae ပြန်မဖြေပါ။
" Jae မင်းရောက်နေတာ ကိုယ်သိတယ်"
Jae မကြားချင်ယောင်ဆောင်ပြီးအခန်းထဲ ကထွက်ဖို့ပြင်လိုက်စဉ် ...
" တောင်းပန်ပါတယ် Jae"
ဒုတိယအကြိမ် Jae ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
" ငါလုယူခဲ့မိတဲ့ ပျော်ရွှင်မှုတွေအတွက်ငါ တောင်းပန်ပါတယိ Jae "
အချစ်စစ်ဆိုတာ ငါ နင့်ကြောင့် နားလည်ခဲ့ရတာပါ။Yun ရယ်
" ငါစိတ်မကောင်းပါဘူး Jae ငါဘာမှ မလုပ်ပေးနိုင်ခဲ့လို့ ငါတောင်းပန်ပါတယ်"
Jae ရင်ထဲနာကျင်သွားရသည် ။ နင့်အမှားမှာမဟုတ်တာ Yunho ရာ။
ပြောရင်းနဲ့ Yun မျက်ရည်ကျလာတာပါ ခံစားလာရတာမို့ Jae စိတ်တင်းပြီး
ကျောခိုင်းလျက်ပြောလိုက်သည်။
" နင့်အမှားမဟုတ်ပါဘူး Yunho ကိုယ့်ကို ကိုယ်အပြစ်တင်မနေပါနဲ့ နေကောင်းအောင်နေပါ "
Jae ပြောပြီးတာနှင့် အခန်းထဲကပြေးထွက်လာလိုက်သည်။
Jae အခန်းတံခါးပိတ်ပြီးချိန်မှာတော့ မခံမရပ်နိုင်တော့ပဲ တံခါးဝကိုမှီလျက် ထိုင်ချလိုက်မိသည်။ ငါ့ရင်တွေကွဲထွက်တော့မယ် ထင်တယ် Yunho ရယ်။
----------။------------
ဆေးရုံ ကော်ရစ်တာမှာ Jae နဲ့ Junsu coffee ခွက် ကိုယ်စီနှင့်ထိုင်နေမိသည်။
Yunho ဆေးရုံက ဆင်းသွားတာတစ်ပတ်လောက်ရှိနေပြီ။
Karam ကတော့ အိပ်ပျော်နေဆဲ။
TV မှာ လာနေသော သတင်းအရ Mrs.Jung က Tri-Angle လုပ်ငန်းစုရဲ့ အမြင့်မားဆုံးရာထူးနဲ့အများဆုံးရှယ်ယာရှင်ဖြစ်သွားပြီတဲ့ Jae ကို Junsu လှည့်ကြည့်လိုက်ပြီး
" Mrs.Jung အခုဘာဖြစ်နေမလဲသိလား Jae?"
" ဘာဖြစ်မှာလဲ "
" သူငွေပုံပေါ်ထိုင်ပြီးငိုနေမှာ"
" ဘာဖြစ်လို့လဲ သူလိုချင်တာတွေ အခုမှရတာ သူပျော်နေမှာပေါ့"
" ငါ့အဖေဆီကနေ ငါ့အမေ ကွာရှင်းခွငိ့ရတုန်းကလည်း ငါ့အမေက ပိုက်ဆံပဲတောင်းခဲ့တာ နောက်ဆုံးငါ့အဖေက ပိုက်ဆံမက်တဲ့မိန်းမဆိုပြီး ပိုက်ဆံတွေပုံပေးသွားတော့ ငါ့အမေ လိုချင်ရလို့ ပျော်နေမယ် ထင်တာ တကယ်တမ်းကျတော့ ငါ့အမေ အဲ့ငွေတွေကိုင်ပြီးငိုနေခဲ့တာလေ နောက်နေ့မိုးလင်းတော့ suside လုပ်သွားတယ်လေ"
" ကိုယ်မျှော်လင့် တာဖြစ်လာရင်ပျော်ရမှာ မဟုတ်ဘူးလား"
" အဲ့မျှော်လင့်ချက်အတွက်ပေးဆပ်ရတာ
များလာတော့ တကယ် ဖြစ်လာခဲ့ရင်တောင် ပေးဆပ်ခဲ့ရတာတွေအတွက် နောင်တရသွား တက်ကြတယ်လေ"
Junsu ပြောသလို Mrs.Jung ရော နောင်တရနိုင်တာလား။ မဖြစ်နိုင်ပါ ဘူး။
---------- ။----------
********** *************
to be continued.........

Last Lily, Last Love & Last Heaven (L.L.L)Donde viven las historias. Descúbrelo ahora