L.L.L-part-5

381 47 0
                                    

Last Lily, Last Love & Last Heaven (L.L.L)
************************ ***********************
Part-5
************************ ***********************
" Park Yoochun နင်ငါ့ကို ဘယ်ခေါ်လာတာလဲ "
ခေါ်လို့သာ လိုက်လာရပေမယ့် အခုထိ ဘာမှန်း Junsu ရေရေ ရာရာ မသိရသေး။
" ငြိမ်ငြိမ်နေပါ ငါ့အိမ်ကိုခေါ်လာတာပါဟ"
" နင့်အိမ် !!!ငါကဘာလို့ လိုက်၇မှာလဲ..."
Junsu စကားမဆုံးခင် Yoochun အိမ်တံခါးဖွင့်ပြီး အထဲဝင်သွားတာမို့ Junsu နောက်ကပြေးလိုက်သွားရသည်။
" Yoochun သား!!!"
အိမ်ထဲရောက်တာနှင့်အဒေါ်ကြီးတစ်ယောက်က Yoochun ကိုပြေးဖတ်လိုက်သည်။
" မေမေ့ကိုသတိရလို့ပြန်လာတာ"
" အဲ့ဒါကြောင့်မေမေပြောတာပေါ့ အိမ်မှာပဲပြန်နေပါတော့ဆို "
Yoochun စကားပြောနေတာနားထောင်နေရင်း Junsu သတိထားကြည့်မိတော့ Yoochun အမေ က သဘောကောင်းမည့်ပုံပင်။
" ဒါနဲ့ သူကဘယ်သူလဲ သား "
" တွေ့ ရတာဝမ်းသာပါတယ် Kim Junsu ပါ"
" ကျွန်တော်လက်ထပ်မယ့်သူလေ "
နောက်ဆက်တွဲပြောလိုက်သော Yoochun စကားကြောင့် Junsu နှုတ်ဆက်နေတာတောင်တန့်သွားသည်။
" ဟယ် ငါ့သားကတော့ရွေးတက်ပါ့ ချစ်စရာလေး
လာသား Junsu အိမ်ထဲဝင်.."
ပြောပြီးတာနှင့် Mrs.Park က ဆွဲခေါ်သွားတာမို့ Junsu ပါသွားရသည်။ Yoochun ကတော့ မင်းသားရှုံးလောက်သော အိုင်တင်နှင့်......။
" မေမေ့အကြိုက်ဖြစ်မယ့်သူကိုရွေးလာတာလေ "
" ငါ့သားက တကယ်ကို အားကိုးရတာပဲ Junsu သားကိုယ့်အိမ်လို သဘောထားပြီး
ခဏ ခဏ လာလည် သိလား "
ပြောချင်၇ာပြောနေသော သားမိနှစ်ယောက်ကြား Junsu ပြုံးတောင်မပြုံးနိုင်တော့။
တွေ့မယ် Park Yoochun နင့်ကိုငါ သတ်ပစ်မယ်!!!!!!
-----------------------။-------------------------------------
" Karam မနက်ဖြန်ရိုက်ကွင်းရှိတယ် လာခဲ့ပါလား "
ညဘက် ထုံးစံအတိုင်း ph ပြောနေရင်း Changmin ပြောလိုက်တာကြောင့် Karam ငြင်းလိုက်သည်။
" ဟင့်အင်း မလာတော့ဘူး hyung"
" ဘာဖြစ်လို့လဲ ငါရှိတာပဲ "
" hyung က ရိုက်ကူးရေး လုပ်နေရင် တစ်ယောက်တည်းလူတွေအများကြီးကြား
မှာနေခဲ့ရမှာ မနေရဲဘူး"
" ဟား ဟား ဟား "
Karam စကားကြောင့် Changmin ရယ်လိုက်မိသည်။
" ဘာလို့ရယ်တာလဲ ?"
" ချစ်ဖို့ကောင်းလို့ .."
" nae???"
Changmin ဆိုလိုရင်းကို Karam နားမလည်။
" လာခဲ့ပါ ဟိုရောက်ရင် တခြားသူတွေကိုမကြည့်နဲ့ ငါ့ကိုပဲ ကြည့်နေ
အဲ့ဒါဆိုဘာမှကြောက်စရာမလိုတော့ဘူး ဒါရိုက်တာ က cut ဆိုတာနဲ့
Karam ဆီပဲတန်းလာခဲ့မယ်"
" Jaejoong hyung ကိုပြောလိုက်ဦးမယ် ပြန်ဆက်လိုက်မယ်နော်"
"ok"
Karam ph ပြောပြီးတာနှင့် Jaejoong ဆီ အပြေးသွားလိုက်မိသည်။
----------------------။---------------------------------
Karam ကို Changmin ရှိ ရာရိုက်ကွင်းထိလိုက်ပို့ပေးပြီး Jaejoong ကားကို ဦးတည်ရာမဲ့မောင်းနေမိသည်။ Karam လေးပျော်နေတာကိုမြင်ရတော့ Jae တကယ် ၀မ်းသာနေမိသည်။ အားလပ်ရက်မို့Jaejoong ဘာလုပ်ရမှန်းမသိ။ Junsun လည်းညက မိုးချုပ်မှပြန်ရောက်လာပြီး ဒီမနက်နိုးမရတာမို့ Jae တစ်ယောက်တည်းကားမောင်းလာရင်း ဟိုသည်ငေးနေစဉ် သူအရမ်းနှစ်သက်ရသော Lily ပန်းတွေအများကြီးတွေ့လိုက်ရတာမို့ ပျော်သွားသည်။
ကားကိုရပ်လိုက်ပြီး sunglass တပ်ကာLily ပန်းရောင်းသော ဆိုင်ရှိရာဘက်ကူးသွားလိုက်သည်။
ဆိုင်ထဲရောက်တော့ Lily ပန်းတွေအားလုံး လူတစ်ယောက်သယ်သွားတာကြောင့် Jae ကောင်တာကိုမေးလိုက်သည်။
" Lily ပန်းရနိုင်မလား"
" စိတ်မကောင်းပါဘူးရှင့် အခုလေးတင် Lily ပန်းအားလုံးကိုဝယ်သွားပါပြီရှင့်"
" အားလုံးကို???"
ဒီလောက်အများကြီး ဘာလုပ်ဖို့ဝယ်သွားတာလဲ။Jae အတွေးမဆုံးခင်.....
"ကျေးဇူးတင်ပါတယ် ခွင့်ပြုပါဦး"
ကြားလိုက်ရသော အသံပိုင်ရှင်ကြောင့် ကြည့်လိုက်တော့ Yunho.
" Jaejoong!!"
" ထပ်တွေ့ကြပြန်ပြီ"
"ပန်းလာဝယ်တာလား Jaejoong"
" အင်းLily ပန်းတွေ့လို့ဝင်လာတာ ဒိရောက်တော့မရှိတော့ဘူးတဲ့"
" Lily ပန်း??? Jaejoong Lily ပန်းတကယ်လိုချင်တာဆိုရင် ကိုယ်ဝယ်ထားတာတွေ
လက်ဆောင်ပြန်ပေးပါ့မယ်"
" Lily ပန်းတွေက Yunho ၀ယ်လိုက်တာလား"
"အင်း"
Yun စကားကြောင့် Jae ၀မ်းသာသွားသည်။ သူလိုချင်သော Lily ပန်းတွေရတော့မည်။
" ကိုယ်နဲ့တော့ coffee လိုက်သောက်ပေး၇မယ်"
"OK"
at MINE Cafe..............
" Jaejoong က ဘာလို့ Lily ပန်းလိုက်ဝယ်နေတာလဲ"
" တလောကလုံးက လူတွေ အသည်းအသန်မဖြစ်မနေ လုပ်နေတာတွေအားလုံးရဲ့
အကြောင်းအရင်းကနှစ်ခုပဲရှိတယ် တစ်ခုက အဲ့ဒါကို မြတ်နိုးလို့ ၊တန်ဖိုးထားချင်လို့၊
နောက်တစ်ခုက မုန်းတီးလို့ ၊ ဖျက်စီးပစ်ချင်လို့ အဲ့နှစ်မျိုးပဲရှိတယ် "
Jaeရဲ့ အဖြေစကားကြောင့် Yunho စိတ်ဝင်စားသွားသည်။
" ငါကတော့ Lily ပန်းကို မြတိနိုးလို့ အသည်းအသန် လိုက်ဝယ်နေမိတာထင်ပါတယ်"
" ထင်ပါတယ်ဆိုတာ ကဘာလဲ ကြိုက်ရင် ကြိုက်တယ်ရှင်းရှင်းလေးပဲလေ"
" လောကကြီးရဲ့ သဘောတရားတွေက အဲ့လောက်မှ မရိုးရှင်းတာ ကိုယ်အရမ်းမြတိနိုး
နေပေမယ့် တစ်ချိန်ကျမုန်းသွားနိုင်တာပဲလေ အဲ့ အခါကျမှ မြတ်နိုးခဲ့မိလေခြင်းဆိုပြီး
နောင်တ၇နေ၇ပါဦးမယ်"
" မင်းကို လိုက်မှီဖို့ ငါကတော့ ကြိုးစားဖို့လိုမယ်ထင်တယ်"
" Yunho ကကြိုးစားဖို့မလိုတဲ့ ဘ၀ကိုပိုင်ဆိုင်ထားတာပဲ မလိုပါဘူး ဒါနဲ့
Yunho ကရော ဘယ်သူ့အတွက်လဲ"
" ကိုယ့်မေမေအတွက်ပါ။ မေမေက Lily ပန်းအ၇မ်းကြိုက်တာ"
"ဒါဆိုယူသွားလို့ ဖြစ်ပါ့မလားတော်ကြာ Yunho အဆူခံနေရပါဦးမယ်"
" အဆူခံရအောင် ကိုယ်ကကလေးမှမဟုတ်တာ နောက်ပြီး ကိုယ်က ယူလို့မရဘူး
ပြောရင်တောင် မင်းကတော့ ပြန်မပေးလောက်ဘူးထင်တယ်"
" တွေ့တာ ဘယ်လောက်မှမကြာသေးပဲနဲ့ ငါ့စိတ်ကိုတောင်ခန့်မှန်းနိုင်ပြီဆိုတော့
တော်တာပေါ့ ဟုတ်တယ် Yunho ငါ့လက်ထဲရောက်ပြီးသားအရာကိုငါ ဘယ်တော့မှ
ပြန်မပေးချင်ဘူး ငါအများကြီးဆုံးရှုံးဖူးလို့ ဘာကိုမှ ထပ်မဆုံးရှုံးချင်တော့ဘူး
ဘယ်သူ့ကိုမှလည်း အရှုံးမပေးဘူး "
သူရဲ့ Jaejoong ကိုကြည့်ပြီး Yunho ဘာမှပြန်မပြောနိုင်။ ရင်ထဲမှာတော့ ငါဆုံးဖြတ်ချက်တွေပိုခိုင်မာသွားပြီ Jaejoong"။
--------------------------။-------------------------
*************************** ********************
to be continued............
***************************

Last Lily, Last Love & Last Heaven (L.L.L)Où les histoires vivent. Découvrez maintenant