L.L.L-part-8

346 37 0
                                    

Last Lily, Last Love & Last Heaven (L.L.L)
**********************    ***********************
Part-8
*********************    ************************
" နိုးလာပြီလား "

ည က စိတ်တိုနေတာမို့ ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင်မသိ။
" အင်း... Karam ရော?"

"မနက်အစောကြီးကတည်းက အပြင်ထွက်သွားတယ် ညကတော့ တစ်ညလုံးငိုထားပုံပဲ"

Jae ခုံမှာ ၀င်ထိုင်လိုက်ပြီး Junsu ပြင်ပေးသော မနက်စာစားလိုက်သည်။

" သူ့ကိုလွှတ်ထားလိုက် Junsu စကားနားမထောင်တဲ့သူ"

" လွှတ်ထား၇မလားကွ Karam က အခုမှ ကလေးပဲရှိသေးတာလေကွာ"

" လူဆိုးလေး"

" မင်းကပိုဆိုးတာမဟုတ်ဘူးလား"

Junsu စကားနားထောင်ရင်း စားပွဲပေါ်က Post Card လေးတစ်ခုကိုတွေ့လိုက်တာမို့ ကြည့်လိုက်တော့ အထဲမှာ စာလေးတစ်စောင်။

" Hyung ကျွန်တော်တောင်းပန်ပါတယ်နော်  hyung ကိုပြန်ပြောမိတာရော
hyung စကားကို နားမထောင်မိတာရော တောင်းပန်ပါတယ်  hyung ကကျွန်တော့် အစ်ကိုပါ
ကျွန်တော် Hyung စိတ်ဆင်းရဲအောင်မလုပ်တော့ပါဘူး လို့ ကတိပေးပါတယ် ညနေ ကျွန်တော်ပြန်လာရင် စိတ်ဆိုးပြေနေပါတော့နော် ^^ .........hyung ရဲ့ Karam "

စာဖတ်ပြီးချိန်မှာတော့ Jae ပြုံးလိုက်သည်။

"ဘာတွေရေးထားလို့ ပြုံးနေတာလဲ Jae ရ"

"Karam ကတကယ်ချစ်ဖို့ကောင်းတယ်ကွာ ညနေကျရင် Karam ကြိုက်တာတွေချက်ကျွေးဖို့ ငါဈေးသွားလိုက်ဦးမယ် Junsu ရေ "

ပြေးထွက်သွားသော Jae ကို Junsu တားလို့မမှီတော့။

"မင်းတို့ညီအစ်ကိုနှစ်ယောက်နဲ့တော့ ငါ ရူးတော့မယ် "
--------------------------။---------------------
Karam တစ်ယောက်Mrs.Jung ခေါ်လို့သာလာရသည်။ဒီလို တိတ်ဆိတ်တဲ့နေရာတွေကို သူတကယ်ကြောက်မိသည်။

" Karam အန်တီ မင်းကို ပွင့်ပွင့်လင်းလင်းပဲပြောမယ် Changmin နဲ့ လမ်းခွဲပေးပါ"

" အန်တီ ဘာလို့ သဘောမတူတာလဲ ဟင်"

" အကြောင်းအရာတွေက တစ်ခု၊ နှစ်ခုမှမကပဲကွယ် Karam က အရမ်းကိုနုနယ်နေလို့
အန်တီမရက်စက်ချင်ဘူး"

Last Lily, Last Love & Last Heaven (L.L.L)Donde viven las historias. Descúbrelo ahora