L.L.L-part-4

400 49 0
                                    

Last Lily, Last Love & Last Heaven (L.L.L)
********************* *************************
Part -4
******************** *************************
" Changmin ကဘယ်တစ်ယောက်လဲ"
Changmin နဲ့ တွေ့ဖို့ချိန်းပြီးကာမှ 3 ယောက်တောင်ရောက်လာတာမို့ Jaejoong ဘေးနားက Junsu ကိုကပ်မေးလိုက်သည်။
" တွေ့ ရတာဝမ်းသာပါတယ် ကျွန်တော်က Shim Changmin ပါ"
Junsu မဖြေခင် Changmin အရင်ပြန်ဖြေလိုက်တာမို့ Jaejoong ခေါင်းညိမ့်ပြီးပြန်ပြောလိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ် သူတို့တွေက???"
" ကျွန်တော် က Micky Yoochun ပါ"
" Micky Yoochun ဆိုတာ The Empty Space for you သီချင်းဆိုတဲံတစ်ယောက်မလား"
" ဟုတ်ပါတယ်"
" Junsu ကအဲ့သီချင်းအရမ်းကြိုက်တာ သီချင်းကတကယ့်ကိုကောင်းတာပါ"
" Jae!!!"
Junsu တားပေမယ့်မမှီတော့ ။Jaejoong ပြောသလို အဲ့သီချင်းကိုကြိုက်တာမှန်ပေမယ့် သူ့ကိုတော့မသိစေချင်။
" ဟုတ်လားကောင်းတာပေါ့ "
လေသံကိုက ပြေးရိုက်ချင်စရာ။ Junsu တစ်ယောက် Yoochun ဘက်ကိုလုံးဝမလှည့်တော့။
" ဒါကတော့ကျွန်တော့်အစ်ကို Jung yunho ပါ"
" တွေ့ရတာဝမ်းသာပါတယ် Jung yunho ပါ"
Jaejoong တစ်ချက်ပြုံးလိုက်သည်။ထပ်တွေ့ကြပြန်ပြီပေါ့ Mama boy လေး။ Jaejoong လက်ဆွဲ နှုတ်ဆက်ပြီး နေရာမှာပြန်ထိုင်လိုက်ကာ Karam နဲ့ ပတ်သတ်ပြီး အကြောင်းစုံရှင်းပြလိုက်သည်။
" ဖြစ်နိုင်မယ်ဆိုရင် ကူညီပေးစေချင်ပါတယ်"
" ကျွန်တော်လည်းကူညီပေးချင်ပါတယ်"
Changmin စကားကြောင့် Jaejoong ၀မ်းသာသွားသည်။
" တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် Changmin "
ကျေးဇူးတင်စကားကိုတောင် မာနသံပါအောင်ပြောတက်သော Kim jaejoong လိုလူမျိုး Yunho တစ်ခါမှမကြုံဖူး။
" Junsu နင်သူ့ကိုသိလား"
ရုတ်တရက် လက်ညှိုးထိုးမေးခံရသော Yunho အပါအ၀င်အားလုံးအံ့သြသွားသည်။
" Yunho ကို???? ငါမသိပါဘူး"
" ကျွန်တော်တို့ဆုံဖူးလို့လား?"
ပြောပြီး Jae ကိုသေချာကြည့်မိတော့မှ သတိထားလိုက်မိသည်။ Jaejoong က ပြုံးနေပေမယ့် မျက်လုံးတွေကထူးဆန်းနေသည်။ ထိုမျက်လုံးတွေ.......။သူဆုံခဲ့ဖူးသောမျက်ဝန်းတွေ ။စူးရှ ထက်မြတ်ပြီး အထီးကျန်ဆန်နေသောမျက်ဝန်းတွေ သူလိုက်ရှာနေခဲ့ရသူ ကသူ့ရှေ့မှာရောက်နေခဲ့တာလား ။
" ငါတို Seoul Hotel မှာဆုံဖူးတယ်လေ Yunho ငါ့ကိုမှတ်မိရဲ့လား "
Jaejoong စကားကြောင့် Yoochun နဲ့ Changmin Yunho ကို ကြည့်လိုက်မိကြသည်။
Junsu ကတော့စဉ်းစားနေဆဲ။
" Seoul Hotel??? Seoul Hotel!!!! ဟိုတစ်ခါ နင် lesson ပေးလိုက်တဲ့ Mama boy!!!!"
ရုတ်တရက် Junsu ထအော်လိုက်သော Mamaboy ဆိုတာကြောင့် အားလုံး Jaejoong ကိုကြည့်လိုက်မိကြသည်။ Jaejoong ကတော့ အားလုံးကိုပြုံးပြီး ပြန်ကြည့်နေလေသည်။
" Mama boy?!!!! ငါက Mama boy!!!!??"
Yunho အံ့သြစွာမေးလိုက်မိသည်။ ပထမဆုံးအကြိမ်ဆုံဖူးရုံနဲ့ သူ့ကို Mama boy ဟုအမည်တပ်ရဲသော Jaejoong ကို သူတကယ် အံ့ သြသွားမိသည်။
" ကျွန်တော် စ-ကားပြောမှားသွား တယ် ကျွန်တော်ဆိုလိုတာက......"
Junsu စကားမဆုံးခင် Jaejoong ဖြတ်ပြောလိုက်သည်။
" မိဘကိုချစ်တဲ့ သူတွေ မိဘကချစ်တဲ့ သူတွေကိုပဲ Mama boy လို့ ခေါ်လို့ရတာပါ
အဲ့လိုခေါ်ခံရလို့ ဂုဏ်ယူသင့်တာပေါ့"
Jaejoong စကားကြောင့် Yunho ဘာမှပြန်မပြောနိုင်တော့။ သူပေးတဲ့ နာမည်အတွက် သူ့ပဲ ပြန်ကျေးဇူးတင်ရမလိုလို ။ ဘာပဲပြောပြော Jajeoong မင်းကိုငါ သေချာပေါက်စိတ်ဝင်စားသွားပြီ..................။
--------------------------။---------------------------------------------------
Today Karam မွေးနေ့။မနက်ကတည်း က Changmin လာခေါ်ပြီး တစ်နေကုန်လျှောက်လည်ခွင့် ရလိုက်တာမို့ Karam တစ်ယောက် အိမ်ပြန်ရောက်ချိန်ထိ ပျော် လို့ မဆုံးသေး။
" ဒီနေ့ ice-cream လည်း ၀ယ်ကျွေးတယ် ၊ကစားကွင်းလည်းသွားတယ်"
" ကစားကွင်းထိတောင်ရောက်ခဲ့ကြတယ် ! ဟုတ်လား Karam ?"
Junsu အံ့သြတကြီးမေးလိုက်သည်။Jaejoong ကတော့ Magazine ဖတ်လျက် ဘာမှဝင်မပြော။
" အင်း......သူ့မျက်နှာကို mask နဲ့အုပ်ထားတယ်လေ"
" သြော်..... "
" Jaejoong hyung!?"
Karam ခေါ်နေတာမို့ Jaejoong ပြန်ထူးလိုက်သည်။ မျက်လုံးတွေကတော့ Magazine ကြည့်မပျက်။
" အင်း...."
" နောက်နေ့တွေကျရင်လည်းလေ Changmin hyung ခေါ်ရင်လိုက်သွားလို့ ရလားဟင်"
Jaejoong ခေါင်းမော့လာပြီး Karam ကို တစ်ချက် ကြည့်လိုက်သည်။
" Karam ကသွားချင်လို့လား"
" ဟုတ်"
" သွားချင်ရင်သွား"
Jaejoong ဆီက ခွင့်ပြုချက်ရသွားတာမို့ Karam ပျော်သွားသည်။
" Hyung တကယ်ပြောတာနော် ပျော်လိုက်တာ hyung ကို အရမ်းချစ်တာပဲ "
"ဒါပေမယ့်ဆေးမှန်မှန်သောက်ရမယ်
တစ်လတစ်ခါဆေးစစ်ရင် ဂျီမကျရဘူး ဘယ်လိုလဲ သဘောတူလား"
နောက်ဆက်တွဲပြောလိုက်သော Jae စကားကြောင့် Karam နည်းနည်းငြိမ်သွားသည်။ ဆေးစစ်ရင်သွေးဖောက်ရတာမို့ Karam နည်းနည်းစဉ်းစားနေရသည်။
" အင်း................သဘောတူတယ်ပဲ ထားလိုက်ပါတော့"
Karam လေးပျော်နေတာက်ုကြည့်ပြီး Jae ၀မ်းသာနေမိသည်။
------------------------။----------------------------------------------
တစ်လလောက်ကြာမြင့်သွားချိန်မှာတော့ Changmin နဲ့ Karam က ညတိုင်း Phပြောဖြစ်သောခြေနေထိရင်းနှီးသွားကြသည်။ Karam လေးလည်း သိသိသာသာတိုးတက်လာပြီး ပျော်ရျွှင်နောတာကိုမြင်နေရတဲ့အပြင် လေ့လာကြည့်ရသလောက် Changmin ဘက်ကလည်း စိတ်ရင်းမှန်တာကြောင့် Jaejoong မသိချင်ယောင်ဆောင်နေလိုက်သည်။ တစ်လလုံး Schedule တွေပြည့်နေတာမို့ Jaejoong တစ်ယောက် မအားလပ်နိုင်။
အခုလည်း Shopping Mall တစ်ခုရဲ့ ဖွင့်ပွဲမှာ Special Guest အဖြစ်နဲ့ရောက်နေရသည်။
" Jaejoong !!"
မေမေနဲ့အတူ ဦးလေးရဲ့ Shopping Mall ဖွင့်ပွဲ ရောက်လာချိန်မှာ မမျှော်လင့်သော ဧည်သည်နဲ့တွေ့လိုက်ရတာမို့ Yunho တစ်ယောက် ၀မ်းသာအားရ ပြေးသွားလိုက်မိသည်။
" Yunho ပါလား ဖွင့်ပွဲလာတာလား "
" ဟုတ်တယ် ကိုယ့်ဦးလေးပွဲလေ Jaejoong ကိုတွေ့လိုက်ရတာ ၀မ်းသာလိုက်တာာ"
Yunho စကားကြောင့် Jae ပြုံးလိုက်မိသည်။
" ကိုယ့်စကားထဲမှာ ရယ်စရာပါသွားလို့လား"
" မဟုတ်ပါဘူး တွေ့ချင်နေတာ ငါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်ရလို့"
Jae အမှန်တိုင်းပြောလိုက်တာပါ။ Jae စကားကြောင့် Yunho အရမ်းဝမ်းသာသွားသည်။
" Jaejoong အချိန်ရမယ်ဆို ရင် coffee တစ်ခွက်လောက်သောက်ရအောင်"
" အင်း.. ငါကအချိန်ရမယ်ဆိုရင်တောင် နင်ကအချိန်မရလောက်ဘူးထင်တယ်"
Jaejoong ကပြောရင်းနဲ့ Yunho နောက်ဘက်ကိုကြည့်နေတာမို့ Yun လှည့်ကြည့်လိုက်တော့
သူတို့ကိုလှမ်းကြည့်နေသော မေမေ့ကိုတွေ့လိုက်ရသည်။
" အချိန်တွေရှိပါသေးတယ် Yunho နောက်တစ်ခါမှပေါ့ .."
ပြောပြီးလှည့်ထွက်သွားသော Jae ကိုကြည့်ပြီး Yunho စိတ်ပျက်သွားသည်။
" ငါတို့ ဆုံတွေ့မှုတွေကလည်းခက်ခဲလိုက်တာ..."
-------------------။----------------------
**************************** **************************
To be continued........
*************************** *************************

Last Lily, Last Love & Last Heaven (L.L.L)Donde viven las historias. Descúbrelo ahora