L.L.L-part-6

372 44 0
                                    

Last Lily, Last Love & Last Heaven
********************   **********************
Part-6
********************    ***********************
" Park Yoochun ငါ တကယ်ဒေါသထွက်လာပြီနော်"

" ငါ့အမေက နင့်ကိုမတွေ့ရရင်မနေနိုင်ဖြစ်နေပြီဟ"

" အဲ့ဒါ......ကိုယ့်ဘာသာကိုယ်ရှင်းလေ ငါနဲ့ ဘာဆိုင်လို့လဲ"

" Junsu နင်လာလာမလာလာ ငါလာခေါ်မယ်ဒါပဲ!"

" ဘယ်သူ့သဘောနဲ့လဲ .......!!!Ya!!!! Park Yoochun!!!!!"

ပြောပြီးတာနှင့် Ph ချသွားသော Yoochun ကြောင့် Junsu စိတ်ညစ်သွားသည်။ အမြဲဇွတ်တရွတ်။ထမင်းစားခန်းထဲဝင်လာသော Jaejoong ကြောင့် Junsu အတွေးစပြတ်သွားသည်။

" Yoochun ငါ့ကို Ph ဆက်တယ်"

ရေသောက်နေရင်းပြောလိုက်တဲ့ Jae စကားကြောင့် Junsu အံ့သြသွားသည်။
" ဘယ်တုန်းကလဲ"

"၁၅ လောက်ရှိပြီ"

15 မိနစ်။ ဒါဆိုသူ့ကိုမခေါ်ခင်Jae ကို အရင်ခေါ်ထားတာပေါ့ ။
" မနက်ဖြန် နင့်ကိုအပြင်လွှတ်ပေးပါတဲ့"

"ဘာ !"

" သွားလိုက်ပါလား မနက်ဖြန်ဘာမှ မှလုပ်စရာမရှိတာ "

" မသိသေးပါဘူးဟာ စဉ်းစားဦးမယ်"

" Junsu နင့်အတွက်အဆင်ပြေရင် သူ့ကိုလက်ခံလိုက်ပါလား"

" ဘာ"

Jae ဆီက ဒီလိုစကားမျိုးထွက်လာတာမို့ Junsu အံ့သြသွားသည်။သူသိတဲ့ Jae က ဒီလိုလူမျိုးမှမဟုတ်တာ။

" ငါလည်း အသက်ကြီးလာပြီထင်တယ် Junsu ရာ အခုတလော ပြောင်းလဲသွားသလိုပဲ"

Jae သူ့ကိုယ်သူသုံးသပ်ပြီးပြောလိုက်သည်။

" အင်း ဟုတ်တယ် ပြောင်းလဲသွားတယ် ဒါပေမယ့် ကောင်းသော
ပြောင်းလဲခြင်းဖြစ်မယ်ထင်တယ်"

Junsu စကားကြောင့် Jae ပြုံးလိုက်သည်။

" နင်နဲ့ Yoochun ကို ငါ့စိတ်ထဲမှာ အဆင်ပြေမယ်လို့ထင်နေတယ်
နောက်ပြီး နင်တို့နှစ်ယောက်ကိုတွဲတွေ့ရင်သဘောကျတယ်"

" ဒါပေမယ့် သူနဲ့ငါက အမြဲဆန်ကကျင်ဘက် ငါက ice-coffe ဆို သူက black coffee
ငါက ထမင်းဆို သူက ခေါက်ဆွဲ မလွယ်ပါဘူးဟာ"

" အဲ့ဒါလေးတွေကပဲ နောက်ပိုင်းကျရင်ကျေနပ်စရာဖြစ်လာမှာပါ"

Last Lily, Last Love & Last Heaven (L.L.L)Donde viven las historias. Descúbrelo ahora