Two

8.9K 773 30
                                    

"Yeol......."

"Yeol......."

"ChanYeol....."

"ဟင်.....အင်း......"

"ChanYeol ထ .....ထ အခန်းထဲပြောင်းအိပ်သွား.....အအေးပတ်လိမ့်မယ် ဒီနေရာကြီးမှာ....."

ညက ကျတော် ဝရန်တာဖက်မှာ ဂစ်တာတီးရင်း အိပ်ပျော်သွားတယ် ထင်တယ်....
ဂစ်တာကို ပိုက်ပီး နံရံနားမှာ ကွေးပီးအိပ်နေမိတာကြောင့် တစ်ကိုယ်လုံး ညောင်းကိုက်လို့....
အမြတ်တနိုး နမ်းရှိုက်နေကြ ကိုယ်သင်းနံ့လေးကြောင့် အနားမှာ သူရှိနေမှန်းသိသော်လည်း ကျတော် စကားပြောချင်စိတ်မရှိ.....
လက်က နာရီကို ကြည့်မိတော့ မနက် ၅ နာရီခွဲ.....
နေထွက်တာ မကြည့်ဘဲ ပြန်လာတာလား သူက?????

"ChanYeol မင်း ငိုထားတာလား?"

"ဟမ်...အာ...Arrnyi....ညက အိပ်ရေးမဝ လို့နေမှာပါ.....Baek ဘယ်ချိန်က ပြန်ရောက်နေတာလဲ? နေထွက်တာ သွားကြည့်တာဆို...."

"အော် အင်း......ပင်လယ်ဘက်မှာ ရာသီဥတု မကောင်းလို့ ပြန်လာလိုက်တာ....မိုးရွာမှာဆိုလားပဲ....."

"Aww......"

စွယ်တော်ရွက်လို ၂ လွှာပေါင်းမှ တစ်ရွက်...၂ ယောက်ပေါင်းမှ တစ်စုံ ၂ နှစ်ကျော် နှလုံးသားချင်း နီးခဲ့ကြသူ ၂ ဦးကြားမှာ ပြောစရာစကား ဒီလောက်ရှားစရာလို လို့လား?

"ChanYeol" "Baek"

"မင်းအရင်ပြောပါ...."

"Baek အရင် ပြော...."

"ဟိုဟာလေကွာ.....ဒီလို....အင်းး ဘယ်လိုပြောရမလဲ....."

ဒီလောက် စကားတတ်တဲ့ Byun Baek Hyun လိုလူမျိုးက ဘယ်လိုစကားမျိုး မို့လို့ ဒီလောက်ထိ အရှိန်တွေ ယူနေရသလဲဆိုတာ ကျတော် မစဉ်းစားကြည့်ချင်မိတာ အမှန်.....
ဘယ်လိုစကားမျိုးထွက်လာပါစေ ကျတော့်ကို အနည်းနဲ့ အများ နာကျင်စေမှာပဲ မဟုတ်လား......
ဒါပေမယ့်....တစ်ခုပဲ....ကျတော် ကြောက်နေတာ တစ်ခုပဲရှိတယ်.....

"Yeol ငါတို့လမ်းခွဲရအောင် " လို့များပြောလာခဲ့ရင်......Arrnyi...မဖြစ်ဘူး...ကိုယ် အဆင်သင့် မဖြစ်သေးဘူး Baek....ကိုယ် အဲ့ဒိ စကားကို ကလေး ပါးစပ်ကထွက်လာတာကို ထိုင်နားထောင်ဖို့ သတ္တိမရှိသေးဘူး......

Will you live for me?Where stories live. Discover now