"Tee...."
"Tee...."
"Tee...."
"Tee...."
"Ph ကိုင်ပါ Baek ရာ....."
ရုပ်ရှင်ရိုက်ဖို့ စာချုပ်မှာလက်မှတ်ထိုးပီးတာနဲ့ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ရိုက်ကူးရေးတွေ စတင်တာကြောင့် ပီးခဲ့တဲ့ ၃ ရက်ကပဲ Seoul မှာ Schedule ပီးပီးချင်း China ပြေးခဲ့ရတာကြောင့် Baek ကိုတောင် ကောင်းကောင်း မနှုတ်ဆက်ခဲ့ရဘူး....
ဒီရောက်တော့လည်း ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ ရိုက်ကူးရေးတွေ Press conference တွေ Photo shoot တွေနဲ့ ဖုန်းလည်းကောင်းကောင်း မပြောဖြစ်သလို msg တောင် မှန်အောင် မပို့နိုင်တဲ့အဖြစ်....
Lunch time break တွေကျတော့လည်း ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ရင်းနှီးမှုရအောင်ဆိုပီး တူတူစားရတော့ ဖုန်းဆက်ဖို့ အခွင့်အရေးကမရ.....
အားလုံးပီးတဲ့အချိန် Hotel ပြန်ရောက်တော့ ပင်ပန်းထားတဲ့အရှိန်နဲ့ တန်းအိပ်ပျော်သွားရော......
မနက်နိုးနိုးချင်းခေါ်ပြန်တော့လည်း ပါပီပေါက်က အိပ်ကောင်းတုန်း....ဖုန်းခေါ်တိုင်း သူမဟုတ်တဲ့တစ်ခြားတစ်ယောက်လာကိုင်တာက ခပ်များများရယ်.....
ကျတော် Dorm မှာမရှိတော့ Sehun နဲ့ Junmyeong Hyung ကြားထဲဝင်အိပ်လိုက် Kaisoo ၂ ယောက်ကြားထဲဝင်အိပ်လိုက် အရမ်းမအေးရင် ဧည့်ခန်းထဲထွက်အိပ်လိုက် လုပ်နေလေရဲ့......"Chanyeol-shi....နောက် ၅ မိနစ်နေရင် ပြန်စမယ်နော်.....make-up team ready လုပ်ထားပါ"
"Hyung....ကျတော့်နားခန လာအုံး"
"အေး အေး ပြော Chanyeol.....မြန်မြန်ပြောနော် Director Team နဲ့ ညှိစရာလေးတွေရှိသေးတယ်"
အပူကပ်စရာဆိုလို့ အတူပါလာတဲ့ Manager Hyung တစ်ယောက်ပဲရှိတယ်
Stylist တွေကလည်း Ent က ထည့်ပေးတာဆိုတော့ ကိုယ်နဲ့ မသိတဲ့သူက ခပ်များများရယ်
တစ်ခြား Manager ထည့်ပေးမလို့ လုပ်နေတဲ့ကြားက မနည်း ပြောဆိုပီး ကိုယ်နဲ့ သွားနေလာနေကျ Hyung ကို ခေါ်ချလာလို့သာပဲ....
Debut ပီးတာလည်းကြာပီဆိုတော့ မဆိုစလောက်ကလေး ရလာတဲ့ လုပ်ပိုင်ခွင့်တွေတောင်းဆိုခွင့်သာတွေမရှိရင် ကိုယ်နဲ့မသိတဲ့သူတွေကြားထဲမှာ ကျင်လည်ရမယ့်အဖြစ်..."Hyung....ကျတော် ရိုက်နေတုန်း Baek ဆီကဖုန်းလာရင် ကိုင်ပေးထားအုံးနော်...ဒီည ၁၁ နာရီ ကျတော် ဖုန်းခေါ်မယ်လို့ arrnyi Video call ခေါ်မယ် စောင့်နေလို့ပြောပေးနော်....."

YOU ARE READING
Will you live for me?
Randomကျတော် သူ့ကို ချစ်တယ် လို့ ဖွင့်ပြောတော့ သူက မေးတယ် "Will you die for me?" "မင်းငါ့အတွက်သေပေးနိုင်လား?" တဲ့ "မင်း အတွက်ဆို သေပေးနိုင်တာပေါ့" လို့ပြန်ဖြေမိတော့ သူကဘာပြန်ပြောလဲသိလား.........."လူတစ်ယောက်ကိုချစ်လို့သေပေးတယ်ဆိုတာ အရမ်းလွယ်လွန်းတယ်" တဲ့ ...