"ကဲ ပြော....Yeol ပြောချင်တာက ဘာလဲ? ဒီနားတင် ဝေ့ဝိုက်နေတာ လိုရင်းကို မရောက်တော့ဘူး...."
".............."
ဖြစ်ပုံက ဒီလို.....
နေ့လည်က SM မှာ OST ဆိုဖို့ Recording rehearsal လုပ်နေတုန်းတန်းလန်း ဝုန်း ဒိုင်းနဲ့ရောက်ချလာပီး "ကိုယ် ဗိုက်ဆာလို့ Pizza သွားစားရအောင်" ဆိုပီး လာခေါ်တာနဲ့ SM Building နားက စားနေကျ Pizza ဆိုင်ရောက်လာရော....မှာထားတာတွေမရောက်သေးတုန်း "Baek ကိုယ် ပြောစရာရှိတယ်" ဆိုတော့ ပြောပေါ့ နားထောင်ပေးမယ်ပေါ့ ....
အဲ့တာကို စ ပြောကတည်းက ထိုင်နားထောင်ပေးနေတာ စားပွဲပေါ်က Pizza ၁၂ ချပ်လုံး ဗိုက်ထဲရောက်သွားပီးတဲ့ထိ သူ့စကားက လိုရင်းမရောက်ဘူး....."Baek မေးတာပဲ Yeol က ဖြေ...Yeol ဆက်ပြောနေရင် ဝေ့နေတာနဲ့လိုရင်းမရောက်ဘူး...အဲ့တစ်ချပ်က စားအုံးမှာလား မစားရင် ငါစားလိုက်မယ်"
"ရော့ ရော့....အစာမကြေဖြစ်အုံးမယ်နော်"
"ပီးရင်ဆေးသောက်လိုက်မယ်.....အဲ့တော့....."
Pizza တစ်စိတ် လုံးကို ပါးစပ်ထဲ ထည့်လိုက်ရင်း.....
"Yeol ပြောတာက....အဟွတ်"
"ကုန်အောင်စားပီးမှ ပြောပါ Babe ရယ်...ရော့ ဒါသောက်လိုက်"
Yeol ထည့်ပေးတဲ့ Cola ကို တစ်ကျိုက်ထဲမော့ချရင်း....
"Chinese Movie တစ်ခု ရိုက်မလို့ လို့ပြောတာလား?"
"ဟိုဟာလေ.....အဲ့တာထက်...ကိုယ် ပြောချင်တာက....အင်းး......"
"ကဲ......Baek မေးတာပဲဖြေစမ်းပါ....Yeol ဒီနေ့ဘယ်လိုဖြစ်နေတာလဲ စကားတွေလ်ာဒအထစ်ထစ် အငေါ့ငေါ့နဲ့...Baek မကြိုက်တာ တစ်ခုခု လုပ်ထားပြန်တာလား? "
"အာာာာ မလုပ်ထားပါဘူး Babe ကလည်း......"
"ပီးတော့ အဲ့ဆံပင်အရောင်ကြီး.....ဘယ်တုန်းကမှ အရောင်တောက်တောက် မဆိုးတဲ့သူက ဒီလို နီနီကြီးကို ဘယ်လိုစိတ်ကူးတွေပေါက်ပီး ဆိုးလာရတာလဲ??"
"Babe မကြိုက်လို့လား? ကိုယ် အနက်ပြန်ဆိုးလိုက်ရမလား?"
"မကြိုက်လို့ မဟုတ်ပါဘူး ....Comeback theme အတိုင်းပြောင်းထားတာလား?"
YOU ARE READING
Will you live for me?
Randomကျတော် သူ့ကို ချစ်တယ် လို့ ဖွင့်ပြောတော့ သူက မေးတယ် "Will you die for me?" "မင်းငါ့အတွက်သေပေးနိုင်လား?" တဲ့ "မင်း အတွက်ဆို သေပေးနိုင်တာပေါ့" လို့ပြန်ဖြေမိတော့ သူကဘာပြန်ပြောလဲသိလား.........."လူတစ်ယောက်ကိုချစ်လို့သေပေးတယ်ဆိုတာ အရမ်းလွယ်လွန်းတယ်" တဲ့ ...