AN : နည်းနည်းလေးအရေးကြီးလို့ AN လေးထိပ်ဆုံးမှာရေးလိုက်ပါတယ်
အိမ်လိုက်လာမယ်ဆိုတာက ဒီလောက် 🙆🏻
ဖုန်းနံပါတ်သိတယ်နော် ဆိုတာကဒီလောက် 🙆🏻
မြန်မြန် update မပေးလို့ကတော့ဆိုတာကဒီလောက် 🙆🏻
ပို့သတဲ့မေတ္တာတွေများလွန်းလို့ အိပ်ရေးအပျက်ခံပီး ရေးလိုက်ရတော့တယ်Y.O.U လေးဖက်သွားချင်လို့ဒါလေးခနနားမယ်နော်
အရင်အပိုင်းတွေတုန်းကပြောခဲ့ပီးသားဆိုပေမယ့် ထပ်ပြောပါရစေ
This is just an imaginary fiction ပါနော် Reality နဲ့ဘာမှမဆိုင်ပါဘူး
Reality မှာဖြစ်တဲ့ moment တော်တော်များများပေါ်မှာအခြေခံပီးဇာတ်လမ်းတည်ထားလို့ အပြင်မှာတကယ်ဖြစ်နေတယ်လို့အထင်မမှားစေချင်လို့ပါ ။ ပီးတော့ ကိုယ့်အရေးအသားကြောင့် Bias ကိုထိခိုက်သွားမှာတွေမဖြစ်စေချင်လို့ပါနော် ။
ဟိုးရှေးကအပိုင်းတွေတုန်းက ဒီ Fic ကို unpublish လုပ်ဖို့ထိ attack ခံခဲ့ရလို့ နောင်ထပ်အဲ့လိုတွေထပ်မဖြစ်ချင်လို့ပါ ။
ဇာတ်လမ်းမှာစီးမျောပီးလိုက်ပါပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်So enjoy your reading ❤️❤️❤️
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
" Chan Hyung ကျတော် ဝင်ခဲ့မယ်နော် "
"အင်းး လာလေ Sehun "
Studio ခန်းထဲအောင်းနေတဲ့ Chanyeol ဆီကို မနေနိုင်တော့တဲ့အဆုံးရောက်ချလာတဲ့ Sehun ......
"Hyung ကျတော့်ကိုပြောစရာတခုခု ဒါမှမဟုတ် တိုင်ပင်စရာတခုခုများမရှိဘူးလား?"
"အမ်.....အဲ့လိုတော့မရှိပါဘူး ဘာဖြစ်လို့လဲ ?"
ပေါင်ပေါ်က Macbook ကို ဘေးဖက်တွန်းပို့ပီးချက်ချင်းပြန်ဖြေလာတယ် ။
" ရူးချင်ယောင်ဆောင်မနေနဲ့ Hyung.....ကျတော်ကအငယ်ဆိုတော့ Hyung က မတိုင်ပင်ချင်တာလား? ဒါမှမဟုတ် Hyung ဘာတွေလုပ်နေတယ်ဆိုတာ ကျတော် တစ်ခုမှမသိဘူးထင်လို့ ဒီလိုပြောနေတာလား ?"
" Media တွေလျှောက်ရေးတာကိုမယုံစမ်းပါနဲ့ကွာ"
" Media ကလျှောက်ရေးဖို့သတင်းရအောင်လုပ်နေတာဘယ်သူလည်း Hyung စဉ်းစားတတ်ပါတယ် "

YOU ARE READING
Will you live for me?
Randomကျတော် သူ့ကို ချစ်တယ် လို့ ဖွင့်ပြောတော့ သူက မေးတယ် "Will you die for me?" "မင်းငါ့အတွက်သေပေးနိုင်လား?" တဲ့ "မင်း အတွက်ဆို သေပေးနိုင်တာပေါ့" လို့ပြန်ဖြေမိတော့ သူကဘာပြန်ပြောလဲသိလား.........."လူတစ်ယောက်ကိုချစ်လို့သေပေးတယ်ဆိုတာ အရမ်းလွယ်လွန်းတယ်" တဲ့ ...