Nine

10.3K 735 35
                                        

"Hyung.....Xiumin Hyung....."

"Baekhyun-na....pali pali....."

"ဟောဟဲ...ဟောဟဲ.... Hyung ရာ ဖြေးဖြေးမသွားဘူး....မောတာ ပြေးလိုက်လာရတာ...."

"နောက်ကျနေပီ မို့လို့ပါကွာ.....လာလာ သွားစို့"

SM မှာ အစည်းအဝေးခေါ်ထားလို့ အပေါ်ထပ်ကို ပြေးအတက် Training Room ထဲကထွက်လာတဲ့ xiumin Hyung နောက်ကို ပြေးလိုက်လာရတာ မောတာ.......အစည်းအဝေးခန်းထဲရောက်တော့ စ တောင်မ စ သေးဘူးရယ်...လူတောင် မစုံသေးဘူး.....

"Annayeong....."

"Baekhyun လာ ဒီမှာထိုင်....."

Suho Hyung ထိုင်ခိုင်းတဲ့ နေရာက Sehun နဲ့ Chanyeol ကြားမှာ.....
ကျတော် ဝင်ထိုင်တော့ Sehun ကလှည့်ကြည့်ပီး နှုတ်ဆက်သလောက် ဟိုတစ်ယောက်ကတော့ သူ့လက်ထဲက စာရွက်လိုလို စာအုပ်လိုလို ကြီးကို အသည်းအသန် ဖတ်နေလေရဲ့......
သူ့လက်ထဲက ဖိုင်လိုမျိုးကို ကျတော်တို့အားလုံးရှေ့ကစားပွဲပေါ်မှာ ချထားပေမယ့်လို့ သူနဲ့ KyungSoo နဲ့ကလွဲရင် ဘယ်သူမှ စိတ်ဝင်တစားမရှိကြ......
Radio show ပီးပီးချင်း အမြန်ပြေးလာရတာဆိုတော့ ဘာအကြောင်းနဲ့ခေါ်တွေ့မှန်းလည်းမသိရ.......

"Annayeonghasaeyo CEO-nim"

"ရတယ် ရတယ် ထိုင်ကြ....ကလေးတွေ အတွက် မုန့်တစ်ခုခု စီစဉ်ကြပါအုံး"

လောလော လောလော နဲ့ အခန်းထဲဝင်ချလာတဲ့ CEO ရဲ့နောက်မှာ manager တွေကော အတွင်းရေးမှူးတွေကော အကုန်အလုပ်ရှုပ်ကုန်တယ်.....
အုပ်ချုပ်ရေးပိုင်းနဲ့ စီမံခန့်ခွဲမှု အပိုင်း ၂ ခုမှာ CEO တစ်ယောက်စီရှိတာမို့ အမှန်ပြောရရင် စီမံခန့်ခွဲရေးက Lee SoMan arrjushi ကိုပဲ ကျတော်တို့အကုန် တရင်းတနှီးပိုရှိကြတယ်...
Idol တွေအကုန်လုံးကို သားသမီးအရင်းလိုဆက်ဆံပေးတာကြောင့်လည်း SM trainee တွေ Idols Actors Actresses တွေကြားမှ Arrjushi ကပိုပီး နာမည်ကောင်းရနေတတ်တယ်.....
တစ်ခြား CEO ကတော့ စီးပွားရေးဆန်ဆန် အုပ်ချုပ်တာကြောင့် ကျတော်တို့နဲ့တရင်းတနှီး သိပ်မရှိ....အထူးသဖြင့် Exo မှာဆို ကျတော် Byun Baek Hyun ပေါ့....
သူစီးပွားရေးဆန်လွန်းခဲ့လို့ပဲ .......
ထားပါလေ ပီးသွားတဲ့ကိစ္စတွေပဲ.....

"ကဲ.....ကလေးတွေလည်း ပင်ပန်းနေကြမှာဆိုတော့ ဦးလေး အတိုချုံးပဲပြောမယ်ကွာ....Web drama လေးတစ်ခုရိုက်ဖို့စီစဉ်နေတယ်.....Member တွေ ထုတ်တဲ့သတင်းလည်း Cover ဖြစ်အောင် အဖွဲ့ကို စိတ်ဝင်စားမှုပြန်တတ်လာအောင် 16 ပိုင်းလောက်ပါတဲ့ ဇာတ်လမ်းတွဲလေးရိုက်မလားလို့.....ရှေ့မှာချထားတဲ့ script လေးတစ်ချက် ဖတ်ကြည့်ကြပါအုံး"

Will you live for me?Where stories live. Discover now