Nineteen

5.3K 467 46
                                    

" မောင် လို့ခေါ်"

"..............."

"အသည်းတုံး....လို့ ............."

" Chanyeol ရာ..... နားညီးတယ်ကွာ....."

" Hyung ညီက ကျတော့်ကိုမှအရေးမလုပ်တာ "

"မင်းက အလုပ်မဟုတ်တာ ဂျီတိုက်နေတာလေ Baekhyun ကိုနားပါစေကွာ....သူ့မှာဒီအချိန်လေးနားရတာကို.....

"အခုလည်းကျတော့်ရင်ခွင်ထဲနားခိုင်းနေတာပဲ သူ့ဘာသာ ဆိုဖာပေါ်သွားထိုင်ပီး TV ကြည့်နေတာ"

" Yeol ကိုလွှတ်ထားလိုက် Hyung ရေ....ကျတော့်ကိုဂျီကျနေရမှစားဝင်အိပ်ပျော်တာ အဲ့လဒ က "

" Baek....Babe....."

"ဘာလဲ ဘာလဲ ပြော "

"ကိုယ့်ဆီလာလို့"

"မင်းလာပါ့လား ငါ့နားကို"

"ကိုယ်လာရရင် Babe ကို အခန်းထဲချီသွားမှာနော် တကယ်လာရမှာလား?"

"နေခဲ့တော့ မင်းတို့ 2 ယောက်ပဲ ငါတော့ သွားပီ "

Planet Tour schedule တွေလာပြောပြတဲ့ Suho hyung ခမျာလည်း လာရင်းကိစ္စတောက်ပီးအောင်မပြောလိုက်ရဘဲ ပြန်ထွက်သွားရတဲ့ထိ Park Chanyeol တို့ Byun Baekhyun ကိုဂျီတိုက်နေတာ.........

"ကဲ ပြော Yeol ဘာဖြစ်ချင်တာလဲ ပြော?"

နောက်ဆုံး အကြီးဖြစ်တဲ့ကိုယ်ကပဲ အလျှော့ပေးပီး (အမှန်တော့ နားငြီးသက်သာလိုသက်သာငြား ) သူ့နားသွားထိုင်ပေးရတော့တယ် ။

" ကိုယ့် ကို မောင် လို့ခေါ်"

"ဟောဗျာ Yeol ပဲ ကိုကို လို့ခေါ်ဆို မရတော့ဘူး ကိုကို ပဲနှုတ်ကျိုးနေပီ "

"အာာာ ကိုယ်က Baek ထက်ငယ်တယ်လေ ကိုကို ခေါ်ခံရတာ တမျိုးကြီးပဲ .....အတွဲတွေမှာ အဲ့လိုရှိတယ်မလား? ကြီးတဲ့သူနဲ့တွဲရင် ကိုကို ခေါ်ပီး ငယ်တဲ့သူနဲ့ဆို မောင် လို့ခေါ်တာလေ ....."

"အဲ့တာများလွယ်ပါတယ် Yeol က babe ကို ကိုကို လို့ပြောင်းခေါ်လိုက်ပေါ့ မခက်ပါဘူး.....ကဲ ခေါ်ကြည့် ကိုကို လို့......"

အဲ့တော့ကျ ကြောက်အားလန့်အားနဲ့ ခေါင်းတခါခါ လက်တခါခါနဲ့ငြင်းတာ......အတော် လူပါးဝတဲ့ ဟာလေး.....အဲ့ လူပါးဝနေတာကိုပဲ ဒီက Byun Baekhyun တို့ငုံထားမတတ်ချစ်နေရတာ.......

Will you live for me?Where stories live. Discover now