A.N ပြောပီးသားပေမယ့်လည်းထပ်ပြောပါရစေ This is just a fan-fiction ပါနော်
ဟိုးရှေ့အပိုင်းတွေက comment လေးတွေပြန်ဖတ်ရင်း " ဒါကိုဖတ်နေရင်းCB တောင်မ ship ချင်တော့ဘူး" ဆိုတာလေးကြောင့် တော်တော်ကြီးကို Hurt ဖြစ်သွားတယ်။
ကိုယ့်ကြောင့် သူတို့လေးတွေကိုထိခိုက်သွားမှာ သေမလောက်ကြောက်နေတဲ့ကြားက အဲ့လိုလေးတွေမြင်ရတော့ ဒီနားတင်ရပ်ပစ်ရမလားဆိုပီးစဉ်းစားနေခဲ့တာ။
CBX concert ကို Chanyeollie လေးနဲ့ Sehun လေးသွားကြည့်တဲ့ moment လေးတွေကြည့်ပီး ဒီအပိုင်းလေးရေးဖို့အားတွေပြန်ရှိလာတာ။
ကျတော်ကပျော်ပျော်နေတတ်ပါတယ်။ စိတ်ထိခိုက်လွယ်ပေမယ့် စိတ်ပြေတာလည်းလွယ်ပါတယ် ။
တစ်ခုပဲအနူးအညွတ်တောင်းဆိုချင်တာက ကျတော့်ရဲ့ ဒီ WYLFM ဆိုတဲ့ကလေးလေးကို Fan-fiction တစ်ခုအနေနဲ့ပဲ အားပေးမြတ်နိုးပေးကြပါနော်
ခုချိန်ထိ star လေးတွေ feedback လေးတွေတစ်ခုချင်းစီတိုင်းကိုကျေးဇူးထပ်ခါထပ်ခါတင်နေခဲ့တာပါ ။
I can't proceed without you, my vitamins Readernim.
Thank you so much & love you.So , enjoy reading ပါနော်
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
>>>>>>>>>>>>>>>>>>>" Babe ဘယ်ချိန်လောက်ပြန်ရောက်မလဲ? "
" ခုပဲ shooting ပီးတာ Yeol... နောက် တစ်နာရီဝန်းကျင်ဆိုရောက်ပီ ဒါနဲ့ Yeol အသံကြီးကဘာဖြစ်နေတာလဲ? "
ဖုန်းစကိုင်လိုက်ကတည်းက ခပ်ဆတ်ဆတ်ဖြစ်နေတဲ့လေသံကြောင့် မေးလိုက်ခြင်းရယ်။ ပြန်စဉ်းစားကြည့်တော့ ဒီကြားထဲကိုယ်သူ့ကိုစိတ်ဆိုးအောင်လုပ်မိတာမရှိပါဘူးလေ ။
" Arrnyi ဘာမှမဖြစ်ဘူး....ဒါဆို မောင် Dorm ကနေပဲစောင့်နေမယ်နော် .....ပီးမှ ညစာအပြင်ထွက်စားမယ် "
တခါတလေ ကိုယ့်ကိုဆရာလုပ်ချင်ရင်တို့ member တွေရှေ့တို့ဆိုရင် "ကိုယ်" ဆိုတဲ့နာမ်စားကိုသုံးလေ့ရှိပီး သူဆိုးချင်တဲ့အချိန်တို့ ကျတော့်အပေါ်မဆိုစလောက်ကလေး စိတ်ခုနေတဲ့အချိန်တို့ ဘာအကြောင်းပြချက်မှရေရေရာရာမရှိပါဘဲ ကျတော်ချော့တာခံချင်တဲ့အချိန်တို့ အရှင်းဆုံးပြောရရင် ကျတော့်အပေါ်ကလေးကြီးတစ်ယောက်လိုလုပ်ချင်တဲ့ အချိန်မျိုးမှာ " မောင်" ဆိုတဲ့နာမ်စားကိုသုံးလေ့ရှိတယ်ဆိုတာ ပြန်ပြေလည်ပီး 2 လအတွင်းကောင်းကောင်းသိလာရတယ်။
YOU ARE READING
Will you live for me?
Randomကျတော် သူ့ကို ချစ်တယ် လို့ ဖွင့်ပြောတော့ သူက မေးတယ် "Will you die for me?" "မင်းငါ့အတွက်သေပေးနိုင်လား?" တဲ့ "မင်း အတွက်ဆို သေပေးနိုင်တာပေါ့" လို့ပြန်ဖြေမိတော့ သူကဘာပြန်ပြောလဲသိလား.........."လူတစ်ယောက်ကိုချစ်လို့သေပေးတယ်ဆိုတာ အရမ်းလွယ်လွန်းတယ်" တဲ့ ...