EXO Planet Tour in Seoul ၃ ရက် ဖျော်ဖြေအပီး New York Tour မသွားခင် Dorm မှာ Member တွေအကုန် စုံနေတုန်း ကြက်ကြော်တို့ ပီဇာတို့ မှာစားဖို့ တိုင်ပင်နေကြတယ်.....
ChanYeol နဲ့ Baekhyun ကြားက ဆက်ဆံရေးက အရင်လိုအေးစက်စက် မဟုတ်တော့သလို့ Sehun တို့ကလည်း Baekhyun နဲ့အရင်ကလို စလိုက်နောက်လိုက် ပြန်ဖြစ်လာကြတယ်......"Chanyeol ပေး ငါ့ကို ငါနွှာပေးမယ်...မင်း အရေခွံတွေမစားဘူးမလား?"
"Imm ဟုတ်တယ်...နွှာပေးမလား....ရော့...."
"Woww......Hyung တို့က ဘာလားး"
"JongIn-nie မ စ စမ်းပါနဲ့ကွာ......"
"Baekhyunne ဖုန်းလာနေတယ်"
အခန်းထဲမှာအိပ်နေတဲ့ KyungSoo က မုန့်ထွက်စားရင်း Baekhyun ရဲ့ တဒီဒီ မြည်နေတဲ့ ဖုန်းကို လက်ထဲ ထည့်ပေးသွားတယ်....
ဘေးချင်းကပ်ရပ် ထိုင်နေတာမို့ လင်းနေတဲ့ ဖုန်း screen ပေါ်မှာ ပေါ်နေတဲ့ "My ....❤️️" ဆိုတဲ့ နာမည်လေးက မေ့ထားခဲ့တဲ့ အတိတ် တစ်ခုကို ပြန်နှိုးဆွပေးလိုက်သလို.......ခုနောက်ပိုင်း သူတို့ဆက်ဆံရေးလည်း အဆင်ပြေလာတယ်ထင်ပါတယ်......
2 ယောက်လုံးက idol တွေဆိုတော့ များသောအားဖြင့်ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်နေရတော့ တစ်ခါတစ်ခါ ဖုန်းလာရင် Baekhyun တော်တော် နဲ့ အခန်းထဲကထွက်မလာတော့........
ဖုန်းပြောဖို့ ထ သွားတဲ့ Baekhyun ရဲ့နောက်ကို ကပ်ပါသွားတဲ့ ChanYeol ရဲ့ အကြည့်တွေမှာ နာကျင်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေ ပါဝင်နေခဲ့တယ်ဆိုတာကိုတော့......."Baekhyun အတွက် သပ်သပ် ဖယ်ပေးထားလိုက်မယ်နော် Hyung.....ကျတော် ပန်းကန်သွားယူလိုက်အုံးမယ်"
"Imm Chanyeol-ya"
"Imm ပါ.....မောင် သိပါတယ်....imm ဒါပေါ့....ဟားးဟ....အဲ့လိုပြောတယ်လား ommonyi က....နောက်လကျ schedule တွေအားရင် မောင်တို့တူတူသွားကြမယ်လေ .....Imm....မောင် ကောပဲ.....imm.....sarahae......"
သူစိမ်း ၂ ယောက်ပျော်ရွှင်ဖို့အတွက် နှလုံးသားတစ်ခုလုံး ရင်းနှီးလိုက်ရတဲ့ နံရံရဲ့တစ်ဖက်က ကောင်လေးတစ်ယောက်ရဲ့မျက်ရည်တွေကိုတော့..........
"Chanyeol .....ငါ ဝင်ခဲ့မယ်နော်......."
"aww KyungSoo လာ လာ ဝင်ခဲ့....."

YOU ARE READING
Will you live for me?
Randomကျတော် သူ့ကို ချစ်တယ် လို့ ဖွင့်ပြောတော့ သူက မေးတယ် "Will you die for me?" "မင်းငါ့အတွက်သေပေးနိုင်လား?" တဲ့ "မင်း အတွက်ဆို သေပေးနိုင်တာပေါ့" လို့ပြန်ဖြေမိတော့ သူကဘာပြန်ပြောလဲသိလား.........."လူတစ်ယောက်ကိုချစ်လို့သေပေးတယ်ဆိုတာ အရမ်းလွယ်လွန်းတယ်" တဲ့ ...