Eighteen

6K 472 24
                                    

မကြာသေးခင်ကမှ CBX Debut လုပ်ထားတာဆိုတော့ Chen,Baek,Xi 3 ယောက်လုံးရဲ့ schedule တွေကပြည့်ကျပ်လို့နေတယ် ။

Japan Debut ဖြစ်တဲ့အတွက်ကြောင့် Korea နဲ့ Japan ကို အိမ်ဦးနဲ့ကြမ်းပြင် ကူးနေရတာ တစ်ပတ်တည်းနဲ့တင် အခေါက်ပေါင်းမနည်းတော့ ။

Bank account ထဲတော့ ငွေတွေ ဝင်လာမစဲတသဲသဲဖြစ်နေနိုင်ပေမယ့် ပင်ပန်းတာတွေကိုတော့ ထိုငွေတွေကမကုစားပေးနိုင်တာသေချာပါတယ် ။

"JongDae ya ဒီနေ့က interview တစ်ခုပီးရင်ပီးပီမလား?"

"imm ပီးပီလေ Baekhyun ပင်ပန်းနေပီလား? Fighting Fighting"

"အာဒါဆောရော 💪🏻💪🏻💪🏻"

"ဒါနဲ့ Baek.....Chanyeol စိတ်ဆိုးပြေသွားပီလား?"

"Aigoo ပြေနေမယ် Hyung ရေ ပြေနေမယ်.....ခုထိ စကားပြန်မပြောတာ တစ်ပတ်ရှိပီ.....ကောက်လို့ရတုန်းစိတ်ကြိုက်ကိုကောက်နေသလားထင်ရတယ် Minseok hyung ရေ .....ကျတော်ကလည်း CBX နဲ့မအားတော့ သူ့ကိုပစ်ထားရသလိုဖြစ်နေတာ ပိုဆိုးသွားရော...."

"ဒီနေ့ schedule ပီးရင် နောက်ရက်လည်းဘာမှမှမရှိတော့တာ...ရှိတောင် Photoshoot လောက်ပဲဆိုတော့ Chanyeollie လေးကို ကောင်းကောင်းချော့လိုက်ပေါ့"

"အဲ့လိုပဲလုပ်ဖို့စဉ်းစားထားတယ် Hyung ....anniversary ကလည်းနီးနေပီ ဒီလိုအေးတိအေးစက်ကြီး မနေချင်တော့ဘူးရယ်"

"Fighting...Hyung တို့ပါ ဝိုင်းပြောပေးမယ်နော်"

Park Chanyeol ရဲ့Byun Baekhyun ကိုကောက်တော်မူရခြင်းအစက Moon Lovers ဆိုတဲ့ Drama မှာပါဖို့လာကမ်းလှမ်းတာကို သူနဲ့မတိုင်ပင်ဘဲ လက်ခံမိလိုက်တာကစတာပါပဲ ။
သူ့တုန်းကကျ ဘာလုပ်လုပ် ကိုယ့်တစ်မျက်နှာကြည့်ရတယ် ကိုယ့်အလှည့်ကျသူ့ကိုရှိတယ်လို့တောင်မသတ်မှတ်ဘူး ဆိုတာတွေရယ် ဟိုးအရင်အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေရယ် ပြောဆိုပီး ရန်ဖြစ်စကားများကြရင်းကနေ အာပေါက်မတတ်ချော့ပီးပြန်အဆင်ပြေမယ်ကြံကာရှိသေး Drama ထဲက Character ကိုမိန်းမပေးစားလို့ ဆိုပီး ထပ်စကားများရပြန်ရော ။ ကိုယ်ကလည်း ရိုက်ကွင်း schedule နဲ့ Press conference နဲ့ CBX schedule နဲ့ လက်မလည်တော့ သူ့အတွက်အချိန်မပေးဖြစ် ။ကိုယ်အားတဲ့ချိန်ကျသူမအား သူအားတဲ့ချိန်ကျ ကိုယ်မအားတွေဖြစ် ။ ခုနောက်ဆုံး အဆိုးဆုံးကတော့ Drama ထဲမှာ မိန်းမယူရုံတင်မကဘူး Kiss scene ပါ ပါသွားတော့ ရှိရင်းစွဲပြသနာက ရှင်းမရအောင်ကြီးသွားရော ။

Will you live for me?Where stories live. Discover now