အမုန်းမှ
အချစ်သို့ (အပိုင်း ၁)၂၂.၈.၁၉၉၆ မိုးတွေအရမ်းရွာသွန်းနေတဲ့ နေ့။ ကားလမ်းမ တစ်ခုပေါ်မှာ အလောတကြီး နဲ့ကားတစ်စီး မောင်းလာသည်။မိုးသည်းထန်းစွာ ရွာသွန်းနေသောကြောင့် ကားမောင်းတဲ့သူလည်း ဝိုးတဝါးနှင့် မောင်းနေရသည်။ ရုတ်တရက် လျှပ်စီးလက် လိုက်သလို အဖြစ်အပျက်တွေက မြန်ဆန်သွားခဲ့သည်။လူသူမရှိတဲ့ တောင်ပေါ်လမ်းမမှာ ကားတစ်စီး ဟာ ရုပ်ပျက်ဆင်းပျက် မှောက်သွားခဲ့သည်။
**************အမုန်းမှ အချစ်သို့****************
မြင့်မိုရ် စံအိမ်
ခမ်းနားထည်ဝါလှသည့် အိမ်ကြီးက ထိုမိသားစုရဲ့ သြဇာအာဏကို ဖော်ပြနေသည်။ ထိုအိမ်ကြီး၌ ကလေးတစ်ယောက်၏အသံနှင့်သာ ဆူညံ့နေသည်။
'ဒေါ်ပြုံး ဒေါ်ပြုံး ´
'ဟုတ်ကဲ့ ပြောပါ သခင်လေး´
'မာမီ မရောက်သေးဘူးလားဟင် မိုးတွေလည်း အရမ်းရွာနေပြီ.´
'မရောက်သေးဘူး သခင်လေး.သခင်မ ကိစ္စ တစ်ခုခု ရှိလို့ ကြာနေတာ ထင်ပါတယ်´
'ဒီနေ့ အရမ်းကြာနေတယ်´
ထိုအချိန် ဖုန်းသံက ထမြည်လာတယ်။(အမုန်းများ၏အစ)
"ကလင် ကလင် ကလင် ကလင်"
'ဒေါ်ပြုံး သွားကိုင်လိုက်´
'ဟုတ်ကဲ့ သခင်လေး´
ဒေါ်ပြုံး ထကာ ဖုန်းသွားကိုင်သည်။
'ဟဲလို အမိန့်ရှိပါ.မြင့်မိုရ် စံအိမ်က ပြောနေပါတယ် ရှင်´
'..............´
တစ်ဖက်မှ စကားပြောသံကိုကြားပြီ ဒေါ်ပြုံး အလွန် တုန်လှုပ်သွားခဲ့သည်။
'ရှင်......ရှင်.......တကယ်ပဲလား´
'..........´
'ဟုတ်...ဟုတ်´
'ဒေါ်ပြုံး ဘာဖြစ်လို့လဲ. မာမီ ဆက်တာလားဟင် မာမီ ဘာဖြစ်လို့လဲ ´
YOU ARE READING
အမုန်းမှ အချစ်သို့
Non-Fictionအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။