အမုန်းမှ
အချစ်သို့(အပိုင်း ၁၁)ဒယ်ဒီ မရှိတော့ တစ်ယောက်တစ်ခန်းစီနေမယ်ဆုံးဖြတ်ထားသဖြင့် တစ်သက်တာ အရင်နေသည့် အခန်းသို့ဝင်ဖို့ အပြင် နောက်မှ လူတစ်ယောက် ဆွဲခေါ်ခြင်းခံရသည်။
'ဟင်!´
'မင်း ငါနောက်လိုက်ခဲ့။ အခု´
မြင့်မိုရ်ခန့် အခန်းထဲခေါ်သွားကာ လော့ချလိုက်သည်။
'မင်း ဒါ ဘာအချိုး ချိုးတာလဲ ပြောစမ်း!´
'သက်တာ ဘာလုပ်လို့လဲ ကိုကို´
'ဘာလုပ်လို့လဲ ဟုတ်လား!မင်း ပြန်လာတဲ့အချိန်ကို မင်းကြည့်စမ်း´
'ကိုကို နောက်ကျမယ်ထင်လို့ သက်တာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာ´
'မင်း ငါကို ပြောခဲ့ပေါ့။ message လေးတစ်စောင် တောင်မပို့ နိုင်ရအောင် မင်း ဘာတွေ မအားဖြစ်နေတာလဲ´
'သက်တာ ပြောရင် ကိုကို မကြိုက်ဘူးထင်လို့´
'ဘာ! အဲ့ဒါကြောင့် မင်းက ရည်းစားဟောင်း နဲ့အတူတူ ပြန်လာတာပေါ့´
'ကိုကို လျှောက် မပြောပါနဲ့ သျှန်းနဲ့သက်တာ က သူငယ်ချင်း တွေ ကိုကိုသာ ယွန်းဆိုတဲ့ မိန်းမနဲ့ ဘာတွေ မှန်းမသိတာ´
'ဘာ! ´
မြင့်မိုရ်ခန့် တစ်သက်တာ စကားကို ဒေါသထွက်သွားကာ ပါးရိုက်ရန် လက်ရွယ်လိုက်မိသည်။ တစ်သက်တာ မျက်လုံး မှိတ်ကာ ငြိမ်နေသည်။
'မင်းကွာ! တောက်!´
မြင့်မိုရ်ခန့် လက်ပြန်ချကာ တစ်သက်တာကို တွန်းချပြီ ကားသော့ယူကာ ထွက်သွားသည်။တစ်သက်တာ တစ်ယောက်ထိုင်လျက် ငိုတော့သည်။
'ကိုကို ဘာလို့ သက်တာ အပေါ်နားမလည်တာလဲ ။ငယ်ငယ်တည်းက စဉ်းစားမရခဲ့ဘူး။ကိုကို စိတ်ချမ်းသာအောင် တစ်သက်တာ အိမ်ပေါ်က ဆင်းသွားပေးရမလား။ ´
ESTÁS LEYENDO
အမုန်းမှ အချစ်သို့
No Ficciónအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။