အမုန်းမှ
အချစ်သို့(အပိုင်း၁၀)နံနက်ခင်း နေမင်းကြီး၏ အလင်းရောင်သည် ပြတင်းပေါက် မှတစ်ဆင့် တစ်သက်တာ မျက်နှာကို တိုက်ရိုက် ကျရောက်လာသောကြောင့် တစ်သက်တာ နိုးသွားသည်။နာရီကြည့်မိတော့
'ဟင်! ၇နာရီတောင် ခွဲပြီ .ဒီနေ့ တော်တော် အိပ်ပျော်သွားတာပဲ´
တစ်သက်တာ အမြန်ထပြီ မြင့်မိုရ်ခန့် ကို ကြည့်မိတော့....
'ကိုကို အိပ်နေတာလေးက ဖြူစင်လိုက်တာ ကလေး,လေး ကျနေတာပဲ။ သက်တာကို အမြဲ ဆူနေကျ ကိုကိုနဲ့ မတူဘူး။´
တစ်သက်တာ မြင့်မိုရ်ခန့် ကို အနီးကပ်ကြည့်ပြီ ထွက်သွားသည်။ တစ်သက်တာပြောတာတွေ အားလုံး မြင့်မိုရ်ခန့် ကြားပါတယ်။သူနိုးနေပြီလေ.....ဟန်ဆောက် လက်စနဲ့ ဆက်ဟန်ဆောင်လိုက်တော့သည်။
"ဒီကောင်မလေး ရဲ့ စိတ်ကို ကျွန်တော် တကယ်မခန့်မှန်းတတ်တော့ဘူး။ ဟူး.....´
တစ်သက်တာ ရေချိုးပြီအပြင်ထွက်တော့ ကိုကို အိပ်နေတုန်းပါပဲ။ ကိုကို နိုးရင် အဆင်သင့် ဖြစ်အောင် တစ်သက်တာ သွားတိုက်တံမှာ သွားတိုက်ဆေးပါ ထည့်ပေးပြီသားပါ။တဘတ်နဲ့ရေချိုးဖို့ ပုဆိုးလည်း အဆင်သင့်ပါ။ ကိုကို ဝတ်ဖို့ အင်္ကျီနဲ့ ဘောင်းဘီ ကိုတောင် တစ်သက်တာ ထုတ်ပေးခဲ့ပြီမှ အောက်ဆင်းခဲ့သည်။
'ဟာ!ဒယ်ဒီ နိုးနေပြီလား´
'ဟုတ်တယ်။ဒါနဲ့ သားမနိုးသေးဘူးလား´
'မနိုးသေးဘူး ဒယ်ဒီ´
'သားနဲ့သမီးကို ဒယ်ဒီစောင့်နေတာ။´
'ဘာဖြစ်လို့လဲ ဒယ်ဒီ´
'ပြောစရာရှိလို့ သက်တာ ။အရေးကြီးတယ်´
'သက်တာ သွား နိုးပေးရမလား´
'မနိုးပါနဲ့ ´
'ဟုတ်´
ခဏနေတော့ မြင့်မိုရ်ခန့် ဆင်းလာသည်။တစ်သက်တာ ကြည့်မိတော့ မြင့်မိုရ်ခန့် တစ်သက်တာ ရွေးပေးထားသည့် အင်္ကျီနှင့် ဘောင်းဘီ မဝတ်လာပါ။တစ်သက်တာ မျက်နှာတော့ ငယ်သွားသည်။
DU LIEST GERADE
အမုန်းမှ အချစ်သို့
Sachbücherအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။