အမုန်းမှ
အချစ်သို့(အပိုင်း၈)'သမီး ကိုကို breakfast စားဖို့ မလာသေးဘူးလား´
'မထသေးဘူးထင်တယ် ဒယ်ဒီ´
ထို အချိန် မြင့်မိုရ်ခန့် စားပွဲဝိုင်း သို့ ဝင်လာသည်။
'သား နိုးပါပြီ ဒယ်ဒီ.အဲ့ဒီကောင်မလေး လျှောက်ပြောနေတာ´
'သားကလည်း ကလေးမဟုတ်ကွာ ။ရန်တွေ့နေတယ် သက်တာက သူထင်တာပြောတာကို´
"ဒယ်ဒီကတော့ ဟိုအရင်ငယ်ငယ်တည်းတည်းက အခုထိ သူဘက်ကပဲ ဟွန့် တော်တော် မုန်းဖို့ကောင်းတဲ့ ကောင်မလေး"
'သား အတွေးလွန်ပြန်ပြီ စားစရာ ရှိတာစား။ ဒယ်ဒီ ဒီနေ့ company မှာ meeting ရှိတယ်။စောစောသွားတော့မယ်။ သမီး ဒယ်ဒီသွားပြီနော်´
'ဟုတ် ဒယ်ဒီ´
မြင့်မိုရ်ခန့် မုန့်စားပြီတော့ တစ်သက်တာကို လှမ်းခေါ်သည်။
'သက်တာ ဒီကို ခဏ လာခဲ့´
မြင့်မိုရ်ခန့် အသံက ကြမ်းတမ်းမှုမရှိသလို နူးညံ့မှုလည်း မရှိပါ။
'ရှင်´
'ငါ ခေါ်နေတာ လာအုံးလို့။ကြောင်တောင်တောင်နဲ့´
ဟိုကောင် ဈာန်က ဘာကြည့်ကြိုက်လဲဆိုတာ ခန့်တွေးမိပါသေးသည်။
'ကိုကို ပြောပါ´
'ငါ သူငယ်ချင်း ဈာန်ကိုသိတယ်မလား မင်း´
'ဟုတ် သက်တာ သိတယ်´
'သူ မင်းကို စိတ်ဝင်စားလို့တဲ့´
'ရှင်´
'မင်းဘက်က အခြေအနေ.....´
'ကိုကို ဆက်မပြောပါနဲ့....´
'ဟင်´
'သက်တာ အချစ်ရေး စိတ်မဝင်စားသေးဘူး။ အချစ်ရေး စိတ်ဝင်စားရင် သျှန်းကို အဖြေပေးပြီတာ ကြာပြီ ကိုကို ဆက်မပြောပါနဲ့ ´
သက်တာ တစ်ခါမှ မြင့်မိုရ်ခန့် ကိုပြန်မပြောဖူးပါ။ဒီနေ့လို ပြန်ပြောတာကို မြင့်မိုရ်ခန့် အံ့သြနေသည်။သက်တာ၏ စကားကို အလွယ်တကူ လည်း လက်ခံပေးမိသည်။
YOU ARE READING
အမုန်းမှ အချစ်သို့
Non-Fictionအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။