အမုန်းမှ
အချစ်သို့(အပိုင်း၉)'သက်တာ နင် လက်ထပ်တော့မယ်ဆို´
'အင်း´
'ပြီတော့ ဒေါက်တာ မြင့်မိုရ်ခန့် နဲ့ဆို´
'အင်း´
'ငါကိုတောင် မပြောဘူး နော် သက်တာ´
'မဟုတ်ဘူးကြည်ပြာ ငါရှင်းပြမယ်´
'နင်ရက်စက်လွန်းပါတယ် သက်တာ သူငယ်ချင်း ဖြစ်တဲ့ ငါကိုတော့ ပြောပြသင့်တယ်´
'မဟုတ်ဘူး ကြည်ပြာ ငါ ပြောပြ တာ နားထောင်ပေးပါအုံး´
တစ်သက်တာ ငို ချမိတော့သည်။ဘေးနားမှာ ရှိနေသည့် သျှန်း လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ။
'သက်တာ နင် ငိုနေတာလား။ မငိုပါနဲ့ဟာ ငါ တောင်ပန်းပါတယ် ´
သျှန်းက တစ်သက်တာ ကို ချော့သည်။တစ်သက်တာ မျက်ရည်တွေ သုတ်ကာ ရှင်းပြသည်။သူငယ်ငယ်တည်းကနေ အခုထိ ဖြစ်စဉ်အားလုံး......
'ဒါဆို နင် ဒေါက်တာနဲ့ ကြိုက်ပြီ ယူတာ မဟုတ်ဘူးလား။´
'ဟင့်အင်း ´
'နင် အပေါ်သူတော်တော် ရက်စက်တာပဲ နင် မမုန်းဘူးလားဟင်´
'ဟင့်အင်း ငါမမုန်းဘူး ကြည်ပြာ´
'အခု နင်ကို သူက အထင်လွဲနေတယ်လေ။နင်တို့ ယူပြီရင်လည်း အိမ်ထောင်ရေး အဆင်ပြေမှာမဟုတ်ဘူး နော် သက်တာ´
'ငါသိတယ်´
သူတို့ နှစ်ယောက် ပြောနေတာကို နားထောင်နေသည့် သျှန်းက စကား စပြောသည်။
'သက်တာ နင် လက်မထပ်ချင်ရင် ငါနင်ကို အခု ခိုးပြေးမယ်´
'ငါမလိုက်ဘူး သျှန်း။ ငါကို ငယ်ငယ်တည်းက ကျွေးမွေးတဲ့ ဒယ်ဒီ ကျေးဇူးကို ငါမစော်ကားဘူး´
'သက်တာရယ် ငါ နင်ကို သနားလိုက်တာ´
'ငါ ဝဋ်ကြွေး လို့ပဲ ငါသတ်မှတ်လိုက်မယ်။ ´
YOU ARE READING
အမုန်းမှ အချစ်သို့
Non-Fictionအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။