အမုန်းမှ
အချစ်သို့(အပိုင်း၎)⏳⏳⏳⏳⏳၁၀နှစ်ကြာပြီနောက်⏳⏳⏳⏳⏳
ဘာလိုလိုနဲ့ ၁၀နှစ်တောင်ကြာခဲ့ပါပြီ၊ကျွန်တော်တောင် ပါရဂူ ဘွဲ့ရလို့ မြန်မာနိုင်ငံမှာပဲ တာဝန်ပြန်ထမ်းဆောင်တော့မယ်။ဒီ၁၀နှစ်အတောအတွင်း ဒယ်ဒီနဲ့သိပ်အဆက်အသွယ်တောင် မရှိခဲ့ဘူး။ကျွန်တော် ရင့်ကျက်နေပါပြီ။ဒါပေမဲ့ စိတ်ထဲမှာ တစ်သက်တာ ဆိုတဲ့ ကောင်မလေးကို မုန်းတဲ့စိတ်ကတော့ ရှိတုန်းပါပဲ။သေချာစဉ်းစားရင် သွေးသားအရင်း ဆိုလို့ ဒယ်ဒီမှာ ကျွန်တော် တစ်ယောက်တည်း ရှိတာပါ။အသက်ကြီးလာတဲ့ ဒယ်ဒီအတွက် ကျွန်တော် မြန်မာ နိုင်ငံပြန်မယ်။
မြင့်မိုရ်ခန့် အတွေးကို ဖျက်ကာ လေယဉ် ပေါ်က ဆင်းလိုက်သည်၊
'ဟူး......ကိုယ်မွေးရပ်မြေ ရောက်လို့လားမသိဘူး ၊ခံစားချက်က အရမ်းကောင်းတယ် ။ ကျွန်တော် စင်္ကာပူ မှာ ဘယ်လောက်နေခဲ့ နေခဲ့ ကျွန်တော် မြန်မာ နိုင်ငံကို ချစ်တယ်။'
ကျွန်တော် Taxiငှါးပြီ မြင့်မိုရ် စံ အိမ်သို့သွားခဲ့သည်။ ၁၀နှစ်တာ အတွင်း မြန်မာ နိုင်ငံ တော်တော် ပြောင်းလဲနေပါပြီ။မြင့်မိုရ်စံ အိမ်ရှေ့ ပြီ ကျွန်တော် ဘဲလ်တီးတော့ ခြံစောင့် ဦးဘမြင့် ကျွန်တော်ကို ကြောင်ကြည့်နေသည်။
'အဘ တံခါးဖွင့်လေ ....ဘာရပ်ကြည့်နေတာလဲ'
'ဘယ်သူနဲ့ တွေ့ချင်လို့လဲ၊ဒီက လူလေးက'
မြင့်မိုရ်ခန့် ဦးဘမြင့် စကားကြောင့် ရယ်မိသွားကာ...
'အဘ ကျွန်တော်ကို မမှတ်မိဘူးလား၊ မြင့်မိုရ်ခန့် လေ'
'သခင်လေးလား.တောင်ပန်းပါတယ်၊သခင်လေး။ ကျွန်တော် တကယ်မမှတ်မိလို့ပါ။သခင်လေးက ပိုထွားပြီ ပိုခန့်လာတယ်'
'အဲ့ဒါတွေ ပြောမနေပါနဲ့တော့ ကျွန်တော်ကို တံခါးဖွင့်ပေးတော့'
VOCÊ ESTÁ LENDO
အမုန်းမှ အချစ်သို့
Não Ficçãoအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။