အမုန်းမှ
အချစ်သို့(အပိုင်း၁၃)မြင့်မိုရ်ခန့် အိမ်လာတော့ တစ်သက်တာကို မတွေ့တော့ပါ။တစ်သက်တာအခန်း ဝင်ကြည့်တော့ ရုပ်ရှင်တွေထဲကလို စာလေး တစ်စောင်တောင်ရေးပြီ မထားခဲ့ပါ။ဒါပေမဲ့ .....ကွာရှင်းစာချုပ်မှာ သူလက်မှတ်လေးက နေရာယူနေပြီ သူထွက်သွားပြီဆိုတာ သက်သေပြနေသည်။
'မင်းသေလိုက်တော့ ခန့်၊မင်း သေလိုက်တော့´ခန့် တစ်ယောက်တည်း ပြောနေရင်း ပါးတစ်ဖက်မှာ မျက်ရည်တွေ ကျနေခဲ့ပြီ။
'တစ်သက်တာ မင်းကို ကိုယ်ရအောင် ရှာမယ် ကလေး မတွေ့တွေ့အောင်ရှာမယ်။ပြန်တွေ့တဲ့ တစ်နေ့ မင်းကိုယ့်ကို ခွင့်လွှတ်နိုင်ပါစေ...´
မြင့်မိုရ်ခန့် ရှာခဲ့သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အနှံ့ပါပဲ။ဒါပေမဲ့ မတွေ့ခဲ့ပါ။နိုင်ငံခြားထိတောင် မြင့်မိုရ်ခန့် လူလွှတ်ပြီရှာသည်။ဒါပေမဲ့ မတွေ့ပါ။တစ်သက်တာ မြင့်မိုရ်ခန့် ကို ထားသွားတဲ့ ခြောက်နှစ်အတွင်း မြင့်မိုရ်ခန့် အရက်သမားလုံးဖြစ်ခဲ့၍ သူငယ်ချင်း တွေက ပြန် လည် ကောင်းအောင် လုပ်ပေးထားခြင်းဖြစ်သည်။ယွန်းလည်း သူအမှားသူ နောင်တရပြီ မြင့်မိုရ်ခန့် ကို တောင်ပန်း၍ သူပါ တစ်သက်တာကို ဝိုင်းရှာပေးခဲ့သည်။
ယနေ့က မြင့်မိုရ်ခန့် ၏ ဆေးရုံ ၆နှစ်မြောက် အထိမ်းမှတ် နေ့ဖြစ်သည်။
'ဟျောင့် ခန့် မင်း ဒီနေ့ သားနားနေတယ်´
'သကောင့်သား ဝဏ္ဏ ငါအရင်က ဘယ်လိုနေလို့လဲကွ´
'အရင်က မိန်းမပျောက်လို့ အရက်နာကျနေတာလေကွာ´
'မစပါနဲ့ ဝဏ္ဏရာ ဟိုကောင် မိန်းမဆိုတဲ့အသံကြားတာနဲ့ မျက်နှာက ချက်ချင်းပျက်သွားတာ ကြည့်´
'ဟုတ်တယ်ကွာ သက်တာ ကို အရမ်းသတိရတယ်´
မြင့်မိုရ်ခန့် ကို ကြည့်ပြီ ဈာန်က
YOU ARE READING
အမုန်းမှ အချစ်သို့
Non-Fictionအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။