အမုန်းမှ
အချစ်သို့(အပိုင်း၆)'တက်!'
မြင့်မိုရ်ခန့် ၏ အာဏာရှင် ဆန်သော အမိန့်ကြောင့် တစ်သက်တာ ကားပေါ်တက်ခဲ့သည်။ကားပေါ်မှာ ဖြူနုနေသည့် မြင့်မိုရ်ခန့် မျက်နှာ သည် ဒေါသကြောင့် နီရဲနေခဲ့သည်။ထိုမျက်နှာကို တစ်သက်တာ ကြောက်ကြောက် နှင့် ခိုးကြည့်ဖြစ်သေးသည်။mark II ကားအဖြူလေး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ မဝင်မှီ မေဓာဝီ လမ်းမသို့ ရောက်သောအခါ ရပ်တန့်သွားသည်။တစ်သက်တာလည်း ကားရပ်တန့်သောကြောင့် အံ့သြသွားသည်။
'ဆင်း'
'ရှင်'
'မင်း ကို ဆင်းဖို့ ပြောနေတာလေ'
'ဟုတ်.......ဟုတ်ကဲ့'
'မင်း လမ်းနည်းနည်း ဆက်လျှောက်ရင် ဆေးရုံရောက်ပြီပဲ။မင်းနဲ့အတူ တော့ ဆေးရုံထဲ ငါ မဝင်နိုင်ဘူး၊ပြီတော့ ငါပြောထားတဲ့ စကားကို မင်းမမေ့နဲ့'
တစ်သက်တာ ကားတံခါး ပိတ်ပြီ အပြင်ထွက်တာနဲ့ ကား က မျက်စိ အရှေ့ မှ ထွက်ခွာသွားတော့သည်။တစ်သက်တာ လည်း လမ်းသာ ဆက်၍ လျှောက်ခဲ့သည်။
မြောက်ဥက္ကလာပဆေးရုံ၌
'ကဲ အားလုံး မိတ်ဆက်ပေးရအုံးမယ်'
သူနာပြုတွေရော ဆရာဝန်ပေါက်စတွေပါ ရောက်လာသည်။
'ဒါက ဒေါက်တာ မြင့်မိုရ်ခန့် စင်္ကာပူ က ပြန်လာတာ မကြာသေးဘူး။ ဒေါက်တာ မြင့်မိုရ်ခန့် ကပဲ ဆက်သင်ပေးလိမ့်မယ်'
'ဟုတ်ကဲ့...'
အားလုံး တစ်ညီတစ်ညွတ်တည်း နာခံကြသည်။
'ဒေါက်တာ မြင့်မိုရ်ခန့် ရဲ့ လက်ထောက် ဆရာဝန်က ကြည်ပြာ ရယ် တစ်သက်တာ ရယ် သျှန်း ရယ်'
တစ်သက်တာ တော်တော်ကို လန့်နေပြီဖြစ်သည်။ကိုကို က သူနှင့် မဆုံချင်ဘူး ပြောမှ။ အခုလုပ်ရမှာက ကိုကို ရဲ့ လက်ထောက်တဲ့ တစ်သက်တာ တကယ် ရူးချင်တယ်။ကြောက်လည်းကြောက်တယ်။
CZYTASZ
အမုန်းမှ အချစ်သို့
Literatura Faktuအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။