အမုန်းမှ
အချစ်သို့(အပိုင်း၅)'ဟျောင့် ခန့် ငါတို့ ဒီမှာ´
ဈာန်နှင့်ဝဏ္ဏ က လက်ပြပြီ လှမ်းခေါ်သဖြင့် မြင့်မိုရ်ခန့် လျှောက်သွားသည်။
'ခန့် မင်း စချိန်းလို့ပဲနော် ငါတို့မှာ စောင့်လိုက်ရတာကွာ´
'ငါစောစော ထွက်ပါတယ်ကွာ။အိမ်မှာ ဟိုကောင်မလေး ငါကိုယ်ပေါ် လိမ္မော်ရည်တွေမှောက်ချလို့ သန့်ရှင်းရေး ပြန်လုပ်နေတာနဲ့ကြာသွားတာ´
ဈာန်က ခန့်၏ 'ဟိုကောင်မလေး´ဟုသော အသုံးအနှုန်း ကြောင့် စကားစသည်။
'ဟို ကောင်မလေး ဆိုတာ တစ်သက်တာ ကိုပြောတာလား ´
'ဟုတ်တယ်´
'အဲ့ဒီ ကလေးမ အရင်ကထက်တောင် ပိုချောတာနော်။အခုဆို ဆရာဝန်တောင် ဖြစ်နေပြီ´
ဈာန်၏စကားကြောင့် ဝဏ္ဏက အရမ်း အံ့သြသွားသည်။ ဈာန် မိန်းကလေး တစ်ယောက်ကို ချောတယ်ပြောတာ တကယ်ရှားပါတယ်။အရမ်းလည်း အနေအေးသူတစ်ယောက်ပါ။ သူ့အဖေလုပ်ငန်းကို ဦးဆောင်နေပြီ အတွင်းရေးမှူး ခန့်တာတောင် ယောကျာ်းပဲ ခန့်ထားတာ။မိန်းကလေးတွေနဲ့ ကင်းရှင်းသူပေါ့။
'ဈာန်တောင် ပြောတယ်ဆိုတော့ အတော်ချောလာတာ ယုံတယ်။ ခန့် မင်းအတွေးမမှားနဲ့နော်။ မင်းကလည်း ဆရာဝန် တစ်သက်တာကလည်း ဆရာဝန်´
'တော်စမ်းပါကွာ! တစ်သက်တာ ဆိုတဲ့ အသံကြားရင် ဒေါသက သွေးထဲကပါ ဆူတယ်´
ခန့်၏စကားကို ဝဏ္ဏက ခပ်ရွှင်ရွှင် ပြန်စသည်။
'ဘာလဲ! ရင်ခုန်လို့လား ခန့်´
'ဝဏ္ဏ မင်းနော် ငါဆွဲထိုးမိတော့မယ် ´
ဈာန်ဝင်တားသည်။
'ခန့် ရာ မင်းက ဒေါသပဲ ဆရာဝန်ဖြစ်နေတာတောင်။ဝဏ္ဏ မင်းလည်း မစနဲ့ တော်တော့´
ESTÁS LEYENDO
အမုန်းမှ အချစ်သို့
No Ficciónအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။