အမုန်းမှ
အချစ်သို့(အပိုင်း၃)ဦးမြင့်မိုရ် တစ်သက်တာ အတွက် ကျောင်းတက်ဖို့ ပစ္စည်းတွေ ဝယ်လာ၍ အိမ်သို့ပြန်လာသည်။ မြင့်မိုရ်ခန့် သူဒယ်ဒီက တစ်သက်တာ ကို ဂရုစိုက်တာတွေ အရမ်းမုန်းသည်။
'ဒယ်ဒီ ဘာတွေ ဝယ်ပြီ ပြန်လာတာလဲ။'
'သား ညီမလေး အတွက် ကျောင်းတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေလေ'
'သားအတွက်ရော ဘာပါလဲ'
'တောင်ပန်းပါတယ် သားရာ။ငါ့သားက ကိုယ့်စိတ်ကြိုက် ဝယ်နေကျ မလား။သားနဲ့သွားမှ ဝယ်မယ်လို့ စိတ်ကူးထားတာ.သားအတွက် ဘာမှ မပါလားဘူး။'
'ဒယ်ဒီ သားကို ချစ်သေးရဲ့လား'
'သား ဘယ်လိုပြောလိုက်တာလဲ'
'တစ်သက်တာ ဆိုတဲ့ ကောင်မလေး ရောက်လာတည်းက ဒယ်ဒီ သားကို အရင်လောက်မှ ဂရုမစိုက်တော့တာ'
'ဒီလို စိတ်မျိုး မထားရဘူးလေ သား။သားကို ချစ်သလို တစ်သက်တာ ကိုလည်း ချစ်ရမယ်။ '
'သူမှာ အဖေ တစ်ယောက် ဆုံးရှူံး သလို သားမှာလည်း အမေ တစ်ယောက် ဆုံးရှုံး ထားတယ်ဆိုတာ ဒယ်ဒီ မမေ့ပါနဲ့'
'မြင့်မိုရ်ခန့် မင်းကွာ ငါဘယ်လိုဆုံးမ မှ မင်းနားလည်မှာလဲ၊ထွက်သွား တော့ အခု .ထောက်!'
ဦးမြင့်မိုရ် ဒေါသ ထွက်၍ အလွန်ချစ်လှသော သားကို အော်ကာ ထောက်ခေါက်မိတော့သည်။
ဦးမြင့်မိုရ် နှင့် မြင့်မိုရ်ခန့် ၏စကား အားလုံးကို တစ်သက်တာ ကြားပါတယ်။သက်တာ လည်း အခန်းထဲ မှာ ကြိတ် ငိုမိသည်။သက်တာလည်း ကိုကိုတက်တဲ့ ကျောင်းမှာ မတက်ချင်ပါ။ဒီအိမ်မှာလည်း မနေချင်ပါ။ ဒါပေမဲ့ သက်တာမှာ အားကိုးစရာ ဘယ်သူမှ မရှိဘူး။ ကံကြမ္မာ ရက်စက်လွန်းပါတယ်။ သက်တာ မျက်ရည်များနှင့် အိပ်ပျော် သွားခဲ့သည်။
နံနက်ခင်း၌ ကျေးငှက် တွန်းကျူးကာ နေမင်းကြီး၏ အလင်းရောင် အားကောင်းမှုကြောင့် မနက်ရောက်ပြီဆိုသော အသိကြောင့် တစ်သက်တာ ကျောင်းသွားရန်ပြင်ဆင်တော့သည်။
YOU ARE READING
အမုန်းမှ အချစ်သို့
Non-Fictionအမုန်းက ချစ်သွားတဲ့အချစ် ပိုချစ်တတ်သည်။ သေလောက်အောင်မုန်းသော်လည်း သေလောက်အောင် ချစ်သွားနိုင်သည်။