Love Again

4.8K 279 6
                                    

" jongin na...ခု ဘယ်မှာလည်း..."

မီးရောင်စုံများကြား ကခုန်ပျော်ပါးနေတဲ့ မိန်းမတွေကို kaiတစ်ယောက် အရသာခံပီး ကြည့်နေသည်...ဘေးနားမှာလည်း မိန်းကလေးနှစ်ယောက်က သူ့ကိုအီနေပေမယ့်  သူစိတ်မဝင်စားမိ...

ဖုန်းမီးလင်းလာတာမြင်လိုက်တော့ လက်ထဲက ဆေးလိပ်ကို အသာချပီး ဖုန်းကိုဖွင့်ကြည့်လိုက်သည်...

*devil*

ပို့ထားတဲ့ စာကိုဖတ်ပီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်...

" ကိုကို...ဒီနေ့ရော ဘာမှမလုပ်ပဲ ပြန်မှာလားဟင်...ဒီည...."

ဝုန်း!!!

" ငါဒီကိုလာတာ အိမ်မှာစိတ်ရှုပ်လို့...ဒါမယ့် မင်းတို့လို မိန်းမတွေက ငါ့ကိုပိုစိတ်ရှုပ်စေတယ်...ဒိုးလိုက်တော့..."

သူပြောလိုက်တော့ အနီရဲရဲနှုတ်ခမ်းကို တစ်ထောင်လောက်ဆူကာ ခြေစောင့်ပီး ထွက်သွာူတဲ့ပုံက တစ်ကယ့်စိတ်ပျက်စရာ...

" ကျစ်..."

ဆိုဖာပေါ် ပြန်ထိုင်ပီး လက်ကျန်အရက်ကို ကုန်အောင်မော့သောက်ကာ လက်ရှိသူ့ယောကျာ်းDO Kyungsooဆိုတဲ့ ဘဲကြီးအကြောင်း စဉ်းစားနေလိုက်သည်...

ရုပ်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းသည်..ဒါမယ့် သူကဇာတ်တူသား မစားတော့ သူ့နုပျိုမှုနဲ့ အချစ်တွေကလည်း သူ့စိတ်ကို ဖမ်းမစားနိုင်...အဲ့ဘဲကြီးနဲ့ ပတ်သတ်လို့ သူစိတ်ဝင်စားတာ တစ်ခုထည်း...အဲ့ဘဲကြီးရဲ့ ပိုင်ဆိုင်မှုတွေပင်...

~~~~~~~~~~~~~~~~~~~~~~~~

" jongin na...နောက်ကျလိုက်တာ..ထမင်းရော စားပီးပီလား..."

" ပီးပီ..."

Kyungsooတစ်ယောက် အံ့ဩလွန်းလို့ အဲ့နေရာမှာတင် အတောင့်လိုက် မတ်တပ်မေ့သွားမိသည်...ဒါ သူတို့နှစ်ယောက် လက်ထပ်ပီး ပထမဦးဆုံး သူမေးတဲ့ မေးခွန်းကို jonginပြန်ဖြေခြင်းပင်...အိမိထောင်သက်တမ်း ၅လရှိပီ ဖြစ်ပေမယ့်လည်း jonginက သူလိုတာရှိမှသာ သူ့ကိုစကားပြောတတ်သည်...အမြဲ သူမေးတိုင်း သူ့ကိုစိတ်ပျက်သလို အကြည့်မျိုးနဲ့တုန့်ပြန်တတ်ပီး ဘယ်တုန်းကမှ သူ့ကိုရှိတယ်လို မသတ်မှတ်ခဲ့...

Love AgainOnde histórias criam vida. Descubra agora