" Candy ! "
Candy ရဲ့ဖြူဖြူစင်စင်အပြုံးတချို့က သူ့ပြည်တော်ပြန်ခရီးစဉ်အတွက် ဘယ်လောက်တောင် ခွန်အားဖြစ်စေလိုက်သလဲဆိုတာ သူကိုယ်တိုင်ပဲသိပါတယ် ..
မေ့မရခဲ့တဲ့ အဲဒီ အပြုံးတွေ .... ချိုချဉ်နံ့လေးအမြဲသင်းနေတဲ့ ကိုက်စားချင်စရာ ကောင်ကလေး...
ကလေးရယ် .. ကိုယ်အမြဲတွေ့ချင်နေခဲ့တာပါ .....
လေဆိပ်မှာဆိုတာကိုလည်းဂရုမစိုက်အား ... PaPa နဲ့ Appa ရှိတာကိုလည်း အာရုံထဲမရှိ တော့ ... လူတွေရဲ့ တီးတိုး ပြောသံတွေ အာရုံစိုက်မှုတွေ .. သွားစမ်းပါ ......သေမလိုလွမ်းနေခဲ့ရတာကကိုယ် အခုကျမှ သူတို့ကို ဘာဂရုစိုက်တော့မလဲ ......
" အင့် !! "
လွမ်းဆွတ်မှုတိိုု့ကို အရင်းတည်ကာ စိတ်လှုပ်ရှားမှု ရင်ခုန်မှု တို့နှင့်အတူ Candy နှုတ်ခမ်းလွှာနုနုပေါ် နှလုံးသား၏စေစားမှုအတိုင်း စိတ်တို့ လွှတ်ချမိသည် ...
အသက်ရှုကြပ်မတတ် ... ရင်ခုန်သံပေါက်ထွက်မတတ် .. ပြင်းပြင်းထန်ထန် စိတ်၏ အလိုနောက်လိုက်မိပြီ.......
သတိရလို့ကြည့်မိတော့ သွေးတောင်စို့ချင်ချင် ..
" အာ .. တောင်းပန်ပါတယ် Candy ! "
" မလိုပါဘူး Wu Sehun ! နောက်ဆုံးအနေနဲ့ Sehun ကိုလိုက်လျောပေးတာပါ .. "
" နောက်ဆုံး ??? ! " 😨😨
" Candy လက်ထပ်တော့မယ်လေ ... "
တစ်လုံးချင်းပြောလိုက်သော သူ့စကားနောက် ခေါင်းထဲမိုက်ခနဲ ... ရင်ဘက်ကလည်းတင်းခနဲ ...
" မနောက်ကောင်းဘူးလေ .. Candy ! ကိုယ်တို့က ... ကိုယ်တို့က အခုမှ အစ ... ! "
" နှုတ်ဆက်ခဲ့ပါတယ် Sehun ! လုပ်ငန်းတွေကိုကောင်းကောင်းဦးဆောင်ပါ .."
ပုံစံမကျသော နှုတ်ဆက်စကားတို့နှင့် Baekhyun ဆိုသော Candy သူ့ကိုကျောခိုင်းသွားခဲ့သည် .. တရွေ့ရွေ့ထွက်ခွာသွားသော ဖြူဖြူသေးသေးကောင်လေး .......... မထင်ထားရအောင်ပြတ်သား ကာ နှုတ်ဆက်စကားဆိုခဲ့သည် ...
YOU ARE READING
Cherish Me Candy (COMPLETED)
RomanceYou are More Than Just Candy Flavor To Me . #FannieLovesChannie