Resort တစ်ခုရှိ golf ကွင်းတစ်ခုဝယ်... ညနေ စောင်းသော်လည်း မမောတမ်း လွှတ်ကစားနေသူတစ်ဦး..
Adidas ဦးထုပ် .. Adidas အင်္ကျီ . ဘောင်းဘီ ဖိနပ် ခြေအိတ် နှင့် Adidas company မှ brand ambassador အလားအထင်မှားနိုင်သော ပုဂ္ဂိုလ်တစ်ဦး..
စည်းစနစ်ကျကျ လွှဲကာရိုက်နေသော်လည်း ..အာရုံစူးစိုက်မှုအပြည့်ဖြင့် ရိုက်နေသော်လည်း ချွေးများတဒီးဒီးကျကာ ဘာမှမလိမ်းထားသောမျက်နှာပြင်လေးက အလိုမကျဟန် စူတူတူဖြစ်နေသော ပုဂ္ဂိုလ်တစ်ဦး..
ပြောရလျှင် ..မနက်ကတည်းက resort ထဲရှိရှိသမျှ gym, ရေကူးကန် , golf ကွင်း., bowling ပစ်ကွင်းများတွင် ရှိရှိသမျှ Staff များ လက်ဖျားခါသည်အထိ မိမိကိုယ်ကို နှိပ်စက်နေသည်လားအားကစားလုပ်နေသည်လားမသဲကွဲစွာ ဝုန်းဒိုင်းကြဲနေခဲ့သော ငွေရှင်ကြေးရှင်လေး...
နိုင်ငံကျော် , ကမ္ဘာကျော် ပုဂ္ဂိုလ်၏ သက်ဆိုင်သူ..
Wu Yifan ၏ လက်ရှိ ....
" ဟာ .....မသိဘူး ..မသိဘူး.. လောလောဆယ် Sehun တည်နေရာကိုရှာပေး... ဦးလေးသိတာကျွန်တော်သိတယ် .. ဘာလဲ ..wuyifan မပြောခိုင်းလို့လား... "
"............"
" ဦးလေးဒီလိုလုပ်ရက်နိုင်တယ်လား... ဦးလေး ရဲ့ Chanyeollie လေးကို ဒီလို ဖုုံးကွယ်ရက်နိုင်တယ်လား.. ရပါတယ် ... ကျွန်တော်က အရေးမပါတဲ့လူဆိုတော့လည်း..."
".................."
"Canada မှာရှိမှန်းတော့သိတာပေါ့ ... ဘယ်အရပ်ဘယ်ဒေသ ဘယ်ပြည်နယ်မှာလဲ ..ဘယ်အိမ်မှာရှိနေကြလဲမေးတာ .. awwww ဘာမှမလုပ်ပါဘူးဆို .. ကိုယ့့်သားကိုယ်ဘယ်နေရာရှိနေမှန်းသိချင်တာပေါ့ .."
ဖုန်းပြောရင်း ခေါင်းကိုတစ်ချက်ပြင်းပြင်းကုတ်မိသည် ..စိတ်ရှုပ်၍.. ဟုတ်သည် .. မတရားစိတ်ရှုပ်လာသည် .. Wuyifan ရော WuYifan နားက သူ့အထိန်းတော် ကိုယ်ရေးအရာရှိ နှင့် ဝန်ထမ်းတစ်သိုက်ရော အကုန် စက်ရုံတစ်ခုထဲမှထုတ်ထားသလို တစ်ပုံစံတည်းတွေဖြစ်သည် ... Sehun ဆိုသော သားမှာလည်း ခေါင်းမာသည်မှာ နှစ်ယောက်မရှိ .. WuYifan နှင့် Wu Sehun နှစ်ယောက်ခေါင်းပြိုင်မာကြတော့ ကြားထဲက အသက်ထွက်မလိုဖြစ်နေသည်မှာ Chanyeol သာ....
YOU ARE READING
Cherish Me Candy (COMPLETED)
RomanceYou are More Than Just Candy Flavor To Me . #FannieLovesChannie