ကြိုးစားမှုတစ်ခုအတွက် အရာထင်စေချင်ရင် က်ိုယ့်ဘက်က လိုအပ်ချက်မရှိအောင်ပြင်ဆင်ရမှာပေါ့........
Lancome ဘက်နှင့်ပူးပေါင်းဖို့သဘောတူပြီးနောက်ပိုင်း သူတို့ရေမွှေးအတွက် အမိုက်စား design တစ်ခုဖြစ်အောင် ဖန်တီးရတာ Sehun အတွက် သိပ်လည်းမခက်သလို အရမ်းကြီးလည်းမလွယ်ကူ.......
ကမ္ဘာကျော် brand ဖြစ်တဲ့အပြင် ဒိတ်ဒိတ်ကြဲ company တစ်ခုမို့ ကိုယ့်ဘက်က ကောင်းသည်ထက်ကောင်းအောင် လစ်ဟင်းမှု မရှိ နေ့ညမရွေး အလုပ်လုပ်ရသည်..
သူတို့ သတ်မှတ်ထားသော deadline က အဝေးကြီးမှာပေမယ့် ကိုယ့်ဘက်က ပုံစံ A ပုံစံ B စသဖြင့်လည်း တခုမကောင်း တခုသုံးလို့ရအောင် ပြင်ဆင်နေရသည် ....
တခါတလေ Appa ကိုဖုန်းလှမ်းဆက်ပြီးအကူအညီတောင်းရသည် .. အနုပညာသွေး အနုပညာအမြင်ရှိသည့် Appa ရဲ့ အကြံပြုချက်များက အနုပညာဆန်ဆန်ဖန်တီးချင်သော Sehun ရဲ့ design အသစ်အတွက် တော်တော်အသုံးဝင်သည် ..
နောက်ပြီး Sehun ကြားဖူးတာတစ်ခုက PaPa Yifan လည်း Appa နှင့် လက်မထပ်ခင် Maybelline အလှကုန်က cushion တစ်ခုအတွက် က်ိုယ်ပိုင် Design ရေးဆွဲပေးဖူးသည်တဲ့ ...
ထို့ကြောင့်လည်း Sehun ဆုံးဖြတ်ချက်တွင်ပါဝင်သောအချက်တစ်ချက်က ခု ဒီ design ကိုပေါက်ပေါက်မြောက်မြောက်ဖြစ်အောင်လုပ်ရမည် ... Sehun ဘာလုပ်လုပ်အလိုမကျသာဖြစ်လျက်ရှိသော PaPa ရှေ့တွင် ခေါင်းမော့ကာ ရင့်ကျက်သော အတွေ့အကြုံများသော လုပ်ငန်းရှင်တစ်ယောက်အဖြစ်ပြန်လာချင်သည် ....
Sehun မှာကောင်းတဲ့တစ်ချက်တော့ရှိသည် .. အလုပ်တစ်ခုကိုလုပ်ပြီဆိုလျှင် စိတ်နှစ်ပြီးလုပ်တတ်တဲ့အကျင့် ....... အလုပ်ထဲစိတ်ရောက်နေပြီဆိုလျှင် ထမင်းမေ့ဟင်းမေ့ လောကကြီးကိုမေ့ ... ခုလည်းနေ့ည အချိန်မရွေး design ကိစ္စပဲခေါင်းထဲရောက်နေသည် ............
ခဏတာ သတိမရချင်ယောင်ဆောင်ထားသော်လည်း မှေးခနဲ တခဏ အိပ်ပျော်မိသောအချိန်များတွင် မြင်မိသော Baekhyun အပြုံးလေးများကလည်း ရှေ့ဆက်ဖို့အင်အားတစ်ရပ်........
YOU ARE READING
Cherish Me Candy (COMPLETED)
RomanceYou are More Than Just Candy Flavor To Me . #FannieLovesChannie