Aggressive Candy !

4.5K 450 40
                                    

​ရောက်​ခဲ့တာ 6 လ​လောက်​ရှိပြီလား....

စ​ရောက်​ကာစ မအူမလည်​ လူငယ်​​လေးနှစ်​​ယောက်​အဖြစ်​က​နေ Tadoussac ​ဒေသခံလူငယ်​အဖြစ်​ ​နေသားကျလာတယ်​......

လုပ်​ကိုင်​စား​သောက်​ဖို့အရင်းအနှီးထုတ်​​ပေးမယ့်​ငွေရှင်​​ကြေးရှင်​ အဘိုးဖြစ်​သူ​ငွေ​ကြေးကိုလည်းမထိရက်​...မထိနိုင်​....

တလွဲမာနမထား​ကောင်းတာမှန်​​ပေမယ့်.. အမှန်​အတိုင်း​ပြောရင်​သူ့အရပ်​သူ့​ဒေသနဲ့လည်း Sehun တည်​​ဆောက်​ချင်​တဲ့ စီးပွား​ရေးပုံစံမျိုးကမအပ်​စပ်​သလို....

စားဖို့​သောက်​ဖို့ကလည်းအဘိုးဆီမှာပဲလုံးလုံးလျားလျား မှီခိုပြီး တွယ်​ကပ်​​​နေဖို့က စိတ်​ထဲ​ဗြောင်းဆန်​သွား​လောက်​​အောင်​ မာနတရားကငြင်းဆန်​သည်​...

မနက်​ဘက်​ ​လေ့လာစရာရှိတာ​လေ့လာ ... ​ဒေသခံများနှင့်​ရော​နှော... ညဘက်​​တွေဆိုတစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်လို့ ချစ်​ရသူ ဌာနမှူး​ဟောင်း​လေး Baekhyun နှင့်တိုင်​ပင်​ရင်း...​နောက်​ဆုံး...........

" Mr.Wu ဒီ​နေ့ ​နေ့လယ်​​လောက်​ Cathedral ကိုလာခဲ့ပါတဲ့ "

" Ok Ok.. au revoir   ."

French စကား​ပြော ဤနိုင်​ငံ ဤ​ဒေသ ဤအရပ်​တွင်​ Sehun အတွက်​ယာယီ အလုပ်​အကိုင်​က...

Tour Guide ..

Low Season ဟုဆိုအပ်​​သော ကမ္ဘာလှည့့်ခရီးသွားပါးချိန်​များတွင် Hotel Tadoussac ရှိ coffee bar မှာ barista ..... အဘိုးနှင့်အလွန်​အမင်းသိကျွမ်း​သော hotel ရှိလူတစ်​ချို့က Management team များတွင်​ဝင်​​စေချင်​​သော်​လည်း.. အချိန်​ပိုင်း သာ hotel ရှိ coffee bar တွင်​ဝင်​လုပ်​ဖြစ်​သည်​ ..

Baekhyun ​ခေါ် Candy က​ Hotel Tadoussac ရှိမန်​​နေဂျာ...

အလုပ်​ဟူသမျှ မညည်းမညူလုပ်​တတ်​​သော ..အလုပ်​အ​ပေါ် စိတ်​ဝင်​စားမှုထားတတ်​​သော Sehun တို့နှစ်​​ယောက်​အတွက်​ စိတ်​ပင်​ပန်းမှုဆိုတာ နှစ်​​ယောက်​​တွေ့ချိန်​တိုင်း ​ခေါင်းစဉ်​အဖြစ်​​ရောက်​မလာတတ်​​တော့​သော အရာတစ်​ခု...

သူလည်း​ပျော်​​နေသည်​ .. Sehun လည်း​ပျော်​သည်​ .. Tadoussac မှာမ​နေ​ပျော်​စရာအ​ကြောင်းမရှိ ... Korea ကိုလည်းပြန်​စရာ ..ပြန်​ချင်​စရာအ​ကြောင်းမရှိ ...

Cherish Me Candy (COMPLETED) Donde viven las historias. Descúbrelo ahora