**ဘယ်မှာလဲ **
** PaPa ခိုင်းလို့ W group က ဒါရိုက်တာချုပ်နဲ့ သွားတွေ့နေတယ် **
** နေ့လယ်စာရော **
** သေချာပေါက်စားပြီးပြီပေါ့ **
** ကိုယ်ကအတူတူစားချင်တာ Candy နဲ့ **
** PaPa ကအနှောက်ကွာ **
"ဥက္ကဌ Wu Sehun နဲ့တွေ့ချင်လို့ပါ .."
" ကြိုချိန်းထားလားမသိဘူး .."
" Christina လို့ခေါ်ပါတယ် Paris က Lancome ရုံးချုပ်ကနေလာတာ "
" ဝင်သွားလိုက်ပါ "
** Candy ဘာလဲကွာ ..အလုပ်များတယ်ဆိုပြီး reply တောင်မပြန်တော့တာလား ..ကိုယ်တောင် အလုပ်များတဲ့ကြားက လွမ်းလို့ ရတဲ့အချိန်ဖဲ့ပြီးစကားပြောတာကို .. **
" မင်္ဂလာပါ ဥက္ကဌ Wu Sehun ..."
အသံချိုချိုကြည်ကြည်သာသာကြောင့် Phone ကိုခဏချလို့ မော့ကြည့်လိုက်တော့ အခန်းထဲ ရုတ်တရက်လင်းချင်းသွားသလို ..
ဒူးထိ အဖြူရောင် Dress ကို လှလှပပ ဝတ်ထားပြီး ကျော့ရှင်းသောအပြင်အဆင်တို့နှင့် မြို့ကြီးသူ...
" Christina လို့ခေါ်ပါတယ် Lancome နဲ့စာချုပ်အသစ်ထပ်ချုပ်ဖို့ လာခဲ့တာပါ "
" ခရီးရောက်မဆိုက် အားနာပေမယ့် Lancome product တိုင်းကို design ကြည့်ရှုစောင့်ရှောက်ပေးရမယ့် ပုဂ္ဂိုလ်မဟုတ်ပါဘူးလို့ email ပို့ထားတယ်ထင်ပါတယ် "
" မှန်ပါတယ် ..ကျွန်မတာဝန်ကလည်း Wu Sehun နဲ့ ပူးပေါင်းဖို့ ဘက်ပေါင်းစုံကနေ ဆွဲဆောင်ဖို့ပါပဲ ... Lancome အဖို့ Wu Sehun ရဲ့ အားထုတ်မှုတစ်ခုကြောင့် ကမ္ဘာအနှံ့ သိသိသာသာ ရောင်းအားတက်လာခဲ့မှုကြောင့်ကိုက စာချုပ်ပြီးသည့်တိုင် ရှေ့ဆက်အလုပ်လုပ်ချင်စရာ အကြောင်းရင်းဖြစ်နေတာပါပဲ "
ခက်ချေပြီ ...
တရားသေသတ်မှတ်လို့မရသော Share ဈေးကွက်နှင့် ထောင်ပေါင်းများစွာသော ကမ္ဘာအနှံ့ Wu Product ပေါင်းများစွာ နှင့် ဝန်ထမ်းများ , company ခွဲကိစ္စများ ထိုထိုသော အခြေအနေများစွာနှင့် အားလပ်ချိန်တောင်မယူရဲရသည်အထိ ဖြစ်နေခဲ့တာ 5 နှစ်ခန့်ရှိပြီ ..
YOU ARE READING
Cherish Me Candy (COMPLETED)
RomanceYou are More Than Just Candy Flavor To Me . #FannieLovesChannie