Ep.14

3K 354 6
                                        

D.O. တို့ထွက်သွားတာသေချာမှ
Chanyeol, Baekhyun ဘက်လှည့်ကြည့်တော့ မတ်တပ်ရပ်နေပြီဖြစ်တဲ့ Baekhyun ကသူ့ကိုမျက်လုံးစိမ်းကြီးနဲ့စိုက်ကြည့်နေလေရဲ့...

"Baek..."

Chanyeol, Baekhyun ဆီလျှောက်သွားဖို့လုပ်တော့ Baekhyun က လျှင်မြန်လွန်းတဲ့အရှိန်နဲ့ သူ့ကိုနံရံဆီဆွဲကပ်လိုက်တာမို့ Chanyeol ကျောအောင့်သွားရသည်။

Baekhyun ကသူ့ပုခုံးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ သူ့လည်ပင်းနားတိုးလာတာမို့
Chanyeol တားလို့ရလိုရငြား သူ့ပုခုံးကိုကိုင်လိုက်ကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင်လုပ်လိုက်သည်။

အခုသူ့ရှေ့မှာမြင်နေရတဲ့ Baek ကသူ့ရဲ့ ချစ်ရသူ Baek လိုမဟုတ် မျက်နှာကသိသိသာသာပြောင်းလဲနေတယ်

ပါးစပ်မှာခပ်ရေးရေးပေါ်နေတဲ့အစွယ်လိုသွားချွန်ချွန်နှစ်ချောင်း နီရဲနေတဲ့မျက်ဝန်းတစ်စုံနဲ့ မျက်နှာမှာမသိမသာပေါ်နေတဲ့
သွေးအလိမ်းလိမ်းထွက်နေတဲ့ဒဏ်ရာတွေ လိုအပ်တာထက်ပိုရှည်နေတဲ့လက်သည်းတွေက
Baek ခန္ဓာကိုယ်ထဲဝင်ပူးနေတဲ့သရဲရဲ့အသွင်အပြင်ပေလား

Chanyeol, Baekhyun ရဲ့ပုခုံးကကိုင်ကာ ခန္ဓာကိုယ်ကိုတစ်ချက်နှစ်ချက်ဆွဲလှုပ်လိုက်ပြီး

"Baek!!! သတိထားစမ်း...အသိစိတ်နည်းနည်း
လောက်ပြန်ဝင်ပါဦး...Baek"

Chanyeol ပြောနေပေမဲ့ Baekhyun လုံးဝဂရုမစိုက် စောစောကသရဲတွေလုပ်ထားတာကြောင့်သွေးထွက်နေတဲ့ ဒဏ်ရာကိုသာကြည့်နေလေရဲ့...

Chanyeol တကယ်မသိပါ Baekhyun ကိုဘယ်လိုထိန်းရမလဲဆိုတာ...

အရေးကြီးတာ Lay hyung တို့ရောက်လာဖို့ဘဲ နောက်မို့သာဆို ကျွန်တော်တင်မဟုတ်ဘူး အိမ်ရှေ့က Kai နဲ့ D.O. ပြီးတော့ Chen ပြီးတော့ Baek ပါဒုက္ခရောက်လိမ့်မယ်

ကျွန်တော်အခုချိန်ထွက်သွားရင် ကျွန်တော့်အချစ်ရဆုံး Baek ဒုက္ခရောက်မှာ...

အခုဒီမကောင်းဆိုးဝါးက အရမ်းကိုသွေးဆာနေတဲ့ပုံ...
သူကမရရတဲ့သွေးကိုသောက်မှာဘဲ ကျွန်တော်သာထွက်သွားခဲ့ရင် Baek...Baek သွေးကိုသူသောက်မှာ...

"အ့~~"

Chanyeol အတွေးအဆုံးသေးဘူး သူ့လက်မောင်းကိုသွားချွန်ထက်ထက်လေးတွေနဲ့ကိုက်နေတဲ့ Baekhyun...

The Ghost DollOpowieści tętniące życiem. Odkryj je teraz