Chanyeol တို့အားလုံးမနက်ပိုင်းလည်ပြီးတော့ Chanyeol နဲ့ Suho စိတ်ထဲတစ်မျိုးကြီးဖြစ်နေတာကြောင့် ကျန်တဲ့သူတွေကိုမရမကပြောရင်း နေ့လည်ကတည်းကထွက်လာခဲ့ကြသည်။
ဒါကိုကျန်တဲ့သူတွေကဘာမှမပြောပေမဲ့ Baek နဲ့ Kai ကလည်လို့မဝသေးဘူးဆိုပြီး စိတ်ကောက်နေလို့ Chanyeol နဲ့ D.O. မှာတစ်လမ်းလုံးချော့နေရတယ်လေ
Chen, Chanyeol နဲ့ Baekhyun နားမှာထိုင်နေရင်း သူတစ်ခုခုကိုခံစားမိလာသည်။
ဘာမှန်းမသိတဲ့တစ်ခုခု...
ဒါပေမဲ့အဲ့အရာကမကောင်းဘူးလို့ခံစားနေရတယ်...
သူ Kai ကိုပြောမလို့ကြည့်လိုက်ပေမဲ့
Kai ကစိတ်ကောက်နေတာမို့ D.O. ကချော့နဲ့
သူတို့ဘာသူတို့မအားတာကြောင့်မပြောဖြစ်...
Lay ကိုပြောမယ်ကြံပြန်တော့လည်း ကာလနဂါးကိုယ်တော်ကအိပ်နေတယ်လေ
သူ့ကိုမြင်ရတာဆိုလို့ Kai နဲ့ Lay ဘဲရှိတာမို့ Chen သက်ပြင်းချကာ ဘာမှမဟုတ်လောက်ပါဘူးဆိုပြီး အပြင်ဘက်ဘဲငေးနေလိုက်သည်။
Chanyeol နဲ့ D.O. အချိန်အတော်ကြာချော့ပြီးတဲ့အချိန်မှာတော့ Baek နဲ့ Kai စိတ်ဆိုးပြေသွားလေပြီ
နေ့လည်ကတည်းကမောင်းလာတာ ညနေရောက်တော့
ဗိုက်ထဲကဆန္ဒပြလာကြပြီမို့ ကားကိုရပ်လိုက်ကာ
ယူလာတဲ့ထမင်းဟင်းတွေစားရတော့သည်။
ဒီဘက်မှာကတောင်တွေချည်းဘဲဖြစ်တဲ့အပြင်
လူနေနည်းတော့ ထမင်းဆိုင်ဆိုတာမရှိဘူးလေ
လုံးဝမရှိဘူးတော့မဟုတ်ပါဘူး ရှိတော့ရှိတယ် ရွာတွေထဲမှာဘဲရှိတာ...အဲ့ရွာတွေထဲဝင်ဖို့ကျတော့လည်းသီးသန့်ကြီးဖြစ်
နေတယ်လေ
အဲ့တာကြောင့် အိမ်မှာကတည်းကထမင်းဟင်းတွေကိုချိုင့်နဲ့ယူလာတာ...
သူတို့ထမင်းစားတော့ အများဆုံးစားတာက Lay နဲ့ Kai...ထမင်းစားတာမဟုတ်ဘူး အသားချည်းဘဲစားနေတာ
Baek ကတော့မဆာဘူးဆိုပြီးလုံးဝမစားဘူးလေ
Suho-" Lay အသားတွေချည်းမစားနဲ့လေ အခြားသူတွေစားပါစေဦး
Lay-"ငါစားချင်လို့ပါ မစားရတာဘယ်လောက်ကြာပြီလဲ?"
Kris-"Lay နောက်နေတာလား? မနက်ကမှအသားဟင်းနဲ့စားလာတာကို"
CZYTASZ
The Ghost Doll
Horrorအရုပ်? ဟုတ်တယ် သိပ်ကိုလှပလွန်းတဲ့အရုပ်ပေါ့ ဒါပေမဲ့သူ့ရဲ့လှပမှုတွေနောက်ကွယ်မှာ ကြောက်မက်ဖွယ်အရာတွေရှိနေခဲ့တယ်ဆိုရင်... #Chanbaek #Yaoi Start date>>>21.12.2016 End date>>>>19.5.2017
